Tuesday, August 6, 2019

ဖောင်းပြင်မြို့နယ်နှင့် ခန္တီးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Image may contain: 1 person, food

ဖောင်းပြင်မြို့နယ်နှင့် ခန္တီးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ခဲ့ကြောင်း မူးယစ်အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၄ ရက်နေ့ ၁၄၀၀ အချိန်တွင် ဖောင်းပြင်မြို့နယ်၊ လွင်ကြီးရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ဖောင်းပြင်မြို့နယ်၊ နန်းပါဟုတ်ကျေးရွာနေ စိန်လင်း ၅၀ နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ မခင်ရွှေသန်း ၄၅ နှစ်တို့၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းတို့အား နေအိမ်တွင်တွေ့ရှိပြီး နေအိမ်မှ ပလတ်စတစ်အိတ်ဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၁၉၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၉.၅ သိန်း)နှင့် ကော်ဘူး၊ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၃၉ ဂရမ်(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၃၉ သိန်း)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
အလားတူ ယင်းနေ့ ၂၃၀၅ အချိန်တွင် ခန္တီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေ များနှင့်အတူ ခန္တီးမြို့၊ လသာတိုးချဲ့ကွက်သစ်ရပ်နေ လှိုင်သိန်း(ခ)စိုးပေ ၄၅ နှစ်၏နေအိမ်တဲအား ဝင်ရောက်ရှာဖွေရာ ၎င်းအား နေအိမ်တဲ အတွင်းတွေ့ရှိပြီး နေအိမ်မှ ကော်ဘူး၊ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၇၁.၇ ဂရမ်(ဒေသကာလ ပေါက်ဈေး တန်ဖိုးငွေကျပ် ၈၆.၀၄ သိန်း)နှင့် ပလတ်စတစ် ကပ်ခွာအိတ်များဖြင့်ထည့်ထား သည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၇၇ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၃.၈၅ သိန်း)တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
အဆိုပါဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုများရေးဖွင့်ပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
Image may contain: 2 people, people sitting
Credit - CCDAC
The Ladies News

0 comments:

Post a Comment