၁။တောင်တရုတ်ပင်လယ်ပြင်မှာ အမေရိကန်တို့ရဲ့ စပ်ကြားနယ်မြေစစ်နည်းဗျူဟာ (Grey Zone Tactics) သတ်မှတ်ခြင်းနဲ့ လွတ်လပ်စွာရေကြောင်းသွားလာမှုအတွက် ခုတ်မောင်းခြင်း (Freedom of Navigation Operations) နဲ့ လေ့ကျင့်ခန်းများဆောင်ရွက်ခြင်းတို့ဟာ ရေတပ်အင်အားကြီးနိုင်ငံတွေအကြား တင်းမာမှု ပဋိပက္ခတွေကို ပိုမိုဖြစ်ပေါ်လာစေနိုင်တယ်လို့ တရုတ်စစ်ရေးကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ အဲ့ဒီလိုလုပ်ဆောင်နေတာတွေဟာ အမေရိကန်တို့အနေနဲ့ ဒေသတွင်းနိုင်ငံတွေကိုဦးဆောင်ပြီးတော့ မမျှော်လင့်တဲ့ ထိပ်တိုက်တွေ့ဆုံမှု (Unwanted Conflict) တွေကို ဖန်တီးနေသလိုပဲဖြစ်ပါတယ်။
၂။၂၀၁၈ ခုနှစ်အတွင်းမှာဆိုရင် အမေရိကန်ရေတပ်အနေနဲ့ တောင်တရုတ်ပင်လယ်ပြင်အတွင်း Freedom of Navigation Operations ဆောင်ရွက်မှု (၅)ကြိမ် အနည်းဆုံးဆောင်ရွက်ခဲ့ပြီး ဝေဟင်ထက်ကပျံသန်းမှုတွေကို အကြိမ်ရေ (၁၀၀၀)ထက်မနည်း လုပ်ဆောင်ခဲ့တယ်လို့ Shanghai Academy of SocialSciences က Cheng Yong ဆိုသူက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် တောင်တရုတ်ပင်လယ်ပြင်ထဲက အငြင်းပွားဖွယ်ရေပြင်ပိုင်နက်နေရာတွေမှာလည်း အမေရိကန်စစ်သင်္ဘောတွေအနေနဲ့ အနည်းဆုံး ၃ စီးလောက် ရှိနေဆဲဖြစ်ပါတယ်။ တရုတ်တို့ရဲ့ စစ်ရေးအင်အား၊ အထူးသဖြင့် ရေတပ်အင်အား တိုးချဲ့လာတာနဲ့အမျှ အမေရိကန်တို့ရဲ့ Grey Zone Operations ဟာလည်း စိုးရိမ်စရာ မမျှော်လင့်တဲ့အခြေအနေတစ်ခုကို ဦးတည်လာနေပါတယ်။
၃။စပ်ကြားနယ်မြေ (Grey Zone) နဲ့ပတ်သက်လို့ ဆက်စပ်လျက်ရှိတဲ့ နိုင်ငံတွေအနေနဲ့ စစ်ပွဲကာလနဲ့ ငြိမ်းချမ်းချိန်ကာလတွေမှာ ဧရိယာကွဲကွဲပြားပြားသတ်မှတ်နိုင်စေရေးအတွက် လက်နက်ကိုင်ဖြေရှင်းချင်းမျိုးမဟုတ်ဘဲ သံတမန်နည်းလမ်းမျိုးနဲ့သာ ဖြေရှင်းရမှာဖြစ်ပါတယ်။ စစ်ရေးအင်အားတိုးချဲ့ယှဉ်ပြိုင်လာကြတဲ့ အင်အားကြီး အမေရိကန်နဲ့ တရုတ်ရေတပ်တို့ဟာ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး အဓိက ၂ နိုင်ငံဖြစ်ပါတယ်။ သူတို့ရဲ့ပြိုင်ဆိုင်မှုမှာပဲ အခြားသောဒေသတွင်းနိုင်ငံတွေနဲ့ မဟာမိတ်နိုင်ငံတွေ ပါဝင်လာကြပြီး အခုဆိုရင် အခြေအနေတွေဟာ ထိလွယ်ရှလွယ်အနေအထားထိကို ဖြစ်တည်လျက်ရှိနေပါတယ်။ ၂၁ ရာစု ပင်လယ်ရေကြောင်း ကူးသန်းသွားလာရေးနဲ့ ကုန်သွယ်စီးပွားရေးအခြေအနေတွေအရ တောင်တရုတ်ပင်လယ်ကိုကြည့်မယ်ဆိုရင်လည်း ရေပေါ်/ရေအောက် သယံဇာတအပိုင်းသာမက ကုန်စည်စီးဆင်းမှုအပိုင်းမှာလည်း အလွန်ကိုအရေးပါနေပါတယ်။
၄။တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ တရုတ်နဲ့ နယ်မြေပိုင်ဆိုင်မှုအငြင်းပွားနေတဲ့နိုင်ငံတွေက ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်းနဲ့ ထိုင်ဝမ်နိုင်ငံတို့ဖြစ်ပါတယ်။ တရုတ်ကလည်း Nine-Dash Line မူဝါဒသတ်မှတ်ပြီး ရေပြင်ဧရိယာရဲ့ ၉၀ ရာခိုင်နှုန်းကို သူတို့ပိုင်ဆိုင်တယ်လို့ ကြေငြာထားပါတယ်။ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်လို့ သံတမန်ရေး၊ စစ်ရေးနဲ့ စီးပွားရေးဆိုင်ရာတွေဟာလည်း ဒေသတွင်းအနေအထားမှာ အလွန်ကိုရှုပ်ထွေးနေပါတယ်။ အမေရိကန်နဲ့ တရုတ်တို့ရဲ့ Grey Zone Tactics နဲ့ပတ်သက်လို့ ကျွန်းတုတွေဖန်တီးခြင်း၊ သဘာဝကျွန်း/လူလုပ်ကျွန်းတွေမှာ စစ်အင်အားတိုးချဲ့ထားရှိခြင်း၊ စစ်ရေးဆိုင်ရာ အဆောက်အဦတွေ တည်ဆောက်ခြင်း၊ ပြည်သူ့စစ်အသွင်ပြောင်း ရေကြောင်းအင်အားစုတွေချထားခြင်းတို့ဟာလည်း ပဋိပက္ခ အကြီးကြီးတစ်ခုဆီကို ဦးတည်နေပါတယ်။
၅။တရုတ်နိုင်ငံအနေနဲ့ ရေကြောင်းဆိုင်ရာ အင်အားစုတွေကို အရှိန်အဟုန်နဲ့ တိုးချဲ့မြှင့်တင်နေတဲ့နေရာမှာ ကမ်းခြေစောင့်တပ်ဖွဲ့ (Coastguard) အင်အားကိုလည်း ၂၀၁၃ ခုနှစ်ကတည်းကစတင်ပြီး ဆောင်ရွက်ခဲ့ပါတယ်။ ကနဦးအင်အားတိုးချဲ့ချိန်မှာ တရုတ်ရဲတပ်ဖွဲ့ (People’s Armed Police) တပ်ဖွဲ့တွေနဲ့ အင်အားဖြည့်တင်းခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ရေတပ်က တစ်ချို့အင်အားစုတွေကို ထုတ်နုတ်တာဝန်ပေးခဲ့ပြီး ၂၀၁၇ ခနှစ်တုန်းက ရေယာဉ် ၁၈၅ စီးထဲရှိခဲ့ရာကနေ ခုဆိုရင် ၂၄၈ စီးထိ တိုးတက်များပြားလာခဲ့ပြီဖြစ်ပါတယ်။ အမေရိကန်တို့ရဲ့ တောင်တရုတ်ပင်လယ်ပြင်အတွင်း လှုပ်ရှားလာမှုတွေဟာ တဖြည်းဖြည်းများပြားလာတဲ့အတွက် အခုလို အင်အားတိုးချဲ့ရခြင်းဖြစ်တယ်လို့လည်း တရုတ်ဘက်က တုန့်ပြန်ထားပါတယ်။ အမေရိကန်တို့အနေနဲ့ တောင်တရုတ်ပင်လယ်ထဲမှာ ရေကြောင်းစစ်ရေးအင်အား တိုးချဲ့လာတဲ့နည်းတူ ဒေသတွင်းနိုင်ငံတွေမှာ စစ်ရေးအခြေစိုက်စခန်းတွေတည်ဆောက်ခြင်း၊ မဟာမိတ်ဖွဲ့ခြင်း၊ စစ်ရေးလေ့ကျင့်ခန်းတွေ အတူပူးပေါင်းဆောင်ရွက်ခြင်း၊ ဒေသတွင်း ရေကြောင်းလုံခြုံရေးဆိုင်ရာဖြစ်စဉ်တွေမှာ ပါဝင်လာခြင်းဟာလည်း တရုတ်တို့အတွက် စိုးရိမ်စရာအခြေအနေတွေပဲဖြစ်ပါတယ်။
Ref-#scmp.com #ပင်လယ်ရေကြောင်း
<<Zawgyi>>
တောင်တရုတ်ပင်လယ်အရေးနဲ့ စပ်ကြားနယ်မြေစစ်နည်းဗျူဟာ
Tuesday , October 22 , 2019

No comments:
Post a Comment