Monday, October 21, 2019

ခင်ဦးမြို့နယ်တွင် ပိုက်ဆံအိတ်လုယူထွက်ပြေးသူနှစ်ဦးကို ပြည်သူများ၏ ဝိုင်ဝန်းကူညီမှုကြောင့် နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်တွင် နေ့ခင်းကြောင်တောင် ပိုက်ဆံအိတ် လုယူထွက်ပြေးသူနှစ်ဦးကို ပြည်သူများ၏ ဝိုင်းဝန်ကူညီမှုကြောင့် နာရီပိုင်းအတွင်း ဖမ်းဆီးရမိကြောင်း လုယက်ခံရသူ ဒေါ်တင်မာလေး ထံမှ သိရသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့၊ မြနန္ဒာရပ်ကွက်နေ ဒေါ်တင်မာလေးနှင့်ဒေါ်ခင်အေးဝင်းတို့နှစ်ဦးသည် အောက်တိုဘာ ၂၁ ရက်နေ့ နံနက် ၁၁ နာရီက ရေဦးမြို့သို့ ဆိုင်ကယ်ဖြင့် ခင်ဦး-ရေဦးကားလမ်းအတိုင်းမောင်းနှင်ခဲ့ရာ ကံသစ်တံတားအကျော်တွင် နောက်မှဆိုင်ကယ်ဖြင့်လိုက်လာသော အမည်မသိ အမျိုးသားနှစ်ဦးမှာ ဆိုင်ကယ်အကျော်တွင် ဒေါ်တင်မာလေး ကိုင်ဆောင်ထားသော ပိုက်ဆံအိတ်အား လုယူထွက်ပြေးသွားသဖြင့် ၎င်းတို့ဆိုင်ကယ်နောက်မှ ဒေါ်တင်မာလေးနှင့် ဒေါ်ခင်အေးဝင်းတို့နှစ်ဦးမှာ ဆိုင်ကယ်ဖြင့် ကပ်လိုက်ပြီး “ကယ်ကြပါအုံးရှင့်၊ ကျမပိုက်ဆံအိတ်ကို ရှေ့က ဆိုင်ကယ်နဲ့ လူနှစ်ဦးက လုယူသွားလို့ ဖမ်းပေးကြပါအုံး၊ ကူညီကြပါအုံး” ဟု အကြိမ်ကြိမ် အော်ဟစ် အကူညီတောင်းရာ သာဂရ၊ မြို့သစ်ကျေးရွာနေ ပြည်သူများ၏ကူညီမှုကြောင့် သာဂရကျေးရွာအနီးတွင် ၎င်းပိုက်ဆံအိတ်လုယူသွားသော လူငယ်နှစ်ဦးအားဖမ်းမိပြီး ခင်ဦးမြို့မရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားရာ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ထွန်းထွန်းနိုင်နှင့် ဒုတပ်ကြပ် သူရထွန်း၊ဒုတပ်ကြပ် ကျော်မျိုးထွန်းတို့တပ်ဖွဲ့ဝင်များ ရောက်ရှိလာ၍ စစ်ဆေးမေးမြန်းရာ ကျော်သူဝင်း ၂၅ နှစ် (ဘ)ဦး..... ငှက်ပျောရွာကျေးရွာ၊ ခင်ဦးမြို့နယ်နေသူနှင့် ဆန်းလင်းကို ၁၆ နှစ် (ဘ)ဦး..... (နေရပ်လိပ်စာတူ) တို့ဖြစ်ပြီး ၎င်းတို့နှင့်အတူ နံပါတ်မပါ CZI SUMBO 125 အပြာရောင်ဆိုင်ကယ်နှင့် လုယူသွားသည့်နီညိုရောင်ပိုက်ဆံအိတ်အတွင်းမှ ငွေစက္ကူတစ်ထောင်ကျပ်တန် (၈၆) ရွက်နှင့် တစ်မတ်သားခန့်ရှိ ရွှေလက်ကောက်နှစ်ကွင်း၊ ငါးမူးသားခန့်ရှိ MC အမျိုးအစား ရွှေဆွဲကြိုးတစ်ကုံး၊ HUAWEI အမျိုးအစား အဖြူရောင်ဖုန်းတစ်လုံး၊ စုစုပေါင်း တန်ဖိုးငွေကျပ် (၁၀၈၆၀၀၀) နှင့် ဒေါ်တင်မာလေး အမည်ပါ နိုင်ငံသားကတ် တစ်ကတ်၊ e-pension card တစ်ခု တွေ့ရှိရသဖြင့် သိမ်းဆည်းခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သတ်၍ ပိုက်ဆံအိတ်လုယူထွက်ပြေးသော ကျော်သူဝင်း ၂၅ နှစ် နှင့် ဆန်းလင်းကို ၁၆ နှစ် တို့နှစ်ဦးအား ဒေါ်တင်မာလေးမှ တရားလိုပြုလုပ်၍ ခင်ဦးမြို့မရဲစခန်းမှ (ပ) ၅၅၂/၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၈၂ ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
Image may contain: 1 person
Image may contain: phone
ချစ်စံ(ခင်ဦး)
<zawgyi>
ခင်ဦးမြို့နယ်တွင် ပိုက်ဆံအိတ်လုယူထွက်ပြေးသူနှစ်ဦးကို ပြည်သူများ၏ ဝိုင်ဝန်းကူညီမှုကြောင့် နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့
Tuesday , October 22 , 2019

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်တွင် နေ့ခင်းကြောင်တောင် ပိုက်ဆံအိတ် လုယူထွက်ပြေးသူနှစ်ဦးကို ပြည်သူများ၏ ဝိုင်းဝန်ကူညီမှုကြောင့် နာရီပိုင်းအတွင်း ဖမ်းဆီးရမိကြောင်း လုယက်ခံရသူ ဒေါ်တင်မာလေး ထံမှ သိရသည်။
ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့၊ မြနန္ဒာရပ်ကွက်နေ ဒေါ်တင်မာလေးနှင့်ဒေါ်ခင်အေးဝင်းတို့နှစ်ဦးသည် အောက်တိုဘာ ၂၁ ရက်နေ့ နံနက် ၁၁ နာရီက ရေဦးမြို့သို့ ဆိုင်ကယ်ဖြင့် ခင်ဦး-ရေဦးကားလမ်းအတိုင်းမောင်းနှင်ခဲ့ရာ ကံသစ်တံတားအကျော်တွင် နောက်မှဆိုင်ကယ်ဖြင့်လိုက်လာသော အမည်မသိ အမျိုးသားနှစ်ဦးမှာ ဆိုင်ကယ်အကျော်တွင် ဒေါ်တင်မာလေး ကိုင်ဆောင်ထားသော ပိုက်ဆံအိတ်အား လုယူထွက်ပြေးသွားသဖြင့် ၎င်းတို့ဆိုင်ကယ်နောက်မှ ဒေါ်တင်မာလေးနှင့် ဒေါ်ခင်အေးဝင်းတို့နှစ်ဦးမှာ ဆိုင်ကယ်ဖြင့် ကပ်လိုက်ပြီး “ကယ်ကြပါအုံးရှင့်၊ ကျမပိုက်ဆံအိတ်ကို ရှေ့က ဆိုင်ကယ်နဲ့ လူနှစ်ဦးက လုယူသွားလို့ ဖမ်းပေးကြပါအုံး၊ ကူညီကြပါအုံး” ဟု အကြိမ်ကြိမ် အော်ဟစ် အကူညီတောင်းရာ သာဂရ၊ မြို့သစ်ကျေးရွာနေ ပြည်သူများ၏ကူညီမှုကြောင့် သာဂရကျေးရွာအနီးတွင် ၎င်းပိုက်ဆံအိတ်လုယူသွားသော လူငယ်နှစ်ဦးအားဖမ်းမိပြီး ခင်ဦးမြို့မရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားရာ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ထွန်းထွန်းနိုင်နှင့် ဒုတပ်ကြပ် သူရထွန်း၊ဒုတပ်ကြပ် ကျော်မျိုးထွန်းတို့တပ်ဖွဲ့ဝင်များ ရောက်ရှိလာ၍ စစ်ဆေးမေးမြန်းရာ ကျော်သူဝင်း ၂၅ နှစ် (ဘ)ဦး..... ငှက်ပျောရွာကျေးရွာ၊ ခင်ဦးမြို့နယ်နေသူနှင့် ဆန်းလင်းကို ၁၆ နှစ် (ဘ)ဦး..... (နေရပ်လိပ်စာတူ) တို့ဖြစ်ပြီး ၎င်းတို့နှင့်အတူ နံပါတ်မပါ CZI SUMBO 125 အပြာရောင်ဆိုင်ကယ်နှင့် လုယူသွားသည့်နီညိုရောင်ပိုက်ဆံအိတ်အတွင်းမှ ငွေစက္ကူတစ်ထောင်ကျပ်တန် (၈၆) ရွက်နှင့် တစ်မတ်သားခန့်ရှိ ရွှေလက်ကောက်နှစ်ကွင်း၊ ငါးမူးသားခန့်ရှိ MC အမျိုးအစား ရွှေဆွဲကြိုးတစ်ကုံး၊ HUAWEI အမျိုးအစား အဖြူရောင်ဖုန်းတစ်လုံး၊ စုစုပေါင်း တန်ဖိုးငွေကျပ် (၁၀၈၆၀၀၀) နှင့် ဒေါ်တင်မာလေး အမည်ပါ နိုင်ငံသားကတ် တစ်ကတ်၊ e-pension card တစ်ခု တွေ့ရှိရသဖြင့် သိမ်းဆည်းခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သတ်၍ ပိုက်ဆံအိတ်လုယူထွက်ပြေးသော ကျော်သူဝင်း ၂၅ နှစ် နှင့် ဆန်းလင်းကို ၁၆ နှစ် တို့နှစ်ဦးအား ဒေါ်တင်မာလေးမှ တရားလိုပြုလုပ်၍ ခင်ဦးမြို့မရဲစခန်းမှ (ပ) ၅၅၂/၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၈၂ ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ချစ်စံ(ခင်ဦး)
#Myanmar_Online_News

No comments:

Post a Comment