တောင်ကြီးမြို့တွင် အောက်တိုဘာ ၂၀ ရက်နေ့က မိုးသည်းထန်စွာရွာ သွန်းခြင်းကြောင့် ညနေပိုင်းတွင် သိမ်တောင် ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်း အနောက်ဘက်ခြမ်းရှိ အုတ်တံတိုင်းများပြိုကျ ပျက်စီးခဲ့ပြီး လူ ထိခိုက်မှုမရှိကြောင် ကြောင်း သိရှိရသည်။ လွန်ခဲ့သောနှစ်များကလည်း သိမ်တောင် ကျောင်းအနောက်ဘက် အုတ်တံတိုင်းများ မိုးကြီးခြင်းကြောင့် ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
တောင်ကြီးမြို့တွင် မိုးရွာခြင်းကြောင့် တောင်ပေါ်မှတောင်ကျချောင်းရေများ အဆက်မပြတ်နေရာအနှံ့ စီးဆင်းလာခြင်းကြောင့် သိမ်တောင်ပရိယတ္တိ စာသင်တိုက်အနောက်ဘက်ရှိ အုတ်တံတိုင်းများ ပြိုကျပျက်စီးခဲ့ပြီး လမ်းပေါ်ပြုတ်ကျမှုဖြစ်ပွားခဲ့သဖြင့် ရပ်ကွက်နေပြည်သူများ ရှင်းလင်း ခဲ့ရကြောင်း သိရသည်။ တောင်ကြီးမြို့တွင်း အနည်းငယ်ရေတက်ရုံမှအပ ယခင်နေ့ကဲ့သို့ ရေကြီးရေလျှံမှုမရှိခဲ့ကြောင်း သိရသည်။
ထိုသို့ တောင်ကြီးမြို့ ရေကြီးနစ်မြုပ်ရခြင်းသည် အချက်သုံးချက်ကြောင့်ဖြစ်ပြီး (၁) စနစ်မှားယွင်းခြင်း၊ (၂) ရေမြောင်းများ ကျဉ်းမြောင်းလာခြင်းနှင့် (၃) စည်းကမ်းမဲ့အမှိုက်စွန့် ပစ်ခြင်းတို့ကြောင့်ဖြစ်သည်။ အဆိုပါ အချက်များကို ပြုပြင်နိုင်ရန် အစိုးရဘတ်ဂျက်လိုအပ်ပြီး စနစ်ကျသော ရေမြောင်းပုံစံပြန်လည်ဖွဲ့စည်းနိုင်ရန် ကြီးကြပ်စစ်ဆေးရေးအဖွဲ့တစ်ဖွဲ့လိုအပ်ကြောင်း၊ ထိုလုပ်ငန်းများဆောင်ရွက်နိုင်ရန် လုပ်ပိုင်ခွင့်ပေးမှသာ လုပ်၍ရမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ်စည်ပင်သာယာရေးကော်မတီဝင် ပညာရှင်အစုအဖွဲ့မှ သိရှိရသည်။
<<zawgyi>>
နှစ်စဉ် တောင်ကြီးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် သိမ်တောင်ဘုန်းတော်ကြီးကျောင်း အုတ်တံတိုင်းများ ပြိုကျပျက်စီး
Monday , October 21 , 2019
တောင်ကြီးမြို့တွင် အောက်တိုဘာ ၂၀ ရက်နေ့က မိုးသည်းထန်စွာရွာ သွန်းခြင်းကြောင့် ညနေပိုင်းတွင် သိမ်တောင် ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်း အနောက်ဘက်ခြမ်းရှိ အုတ်တံတိုင်းများပြိုကျ ပျက်စီးခဲ့ပြီး လူ ထိခိုက်မှုမရှိကြောင် ကြောင်း သိရှိရသည်။ လွန်ခဲ့သောနှစ်များကလည်း သိမ်တောင် ကျောင်းအနောက်ဘက် အုတ်တံတိုင်းများ မိုးကြီးခြင်းကြောင့် ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
တောင်ကြီးမြို့တွင် မိုးရွာခြင်းကြောင့် တောင်ပေါ်မှတောင်ကျချောင်းရေများ အဆက်မပြတ်နေရာအနှံ့ စီးဆင်းလာခြင်းကြောင့် သိမ်တောင်ပရိယတ္တိ စာသင်တိုက်အနောက်ဘက်ရှိ အုတ်တံတိုင်းများ ပြိုကျပျက်စီးခဲ့ပြီး လမ်းပေါ်ပြုတ်ကျမှုဖြစ်ပွားခဲ့သဖြင့် ရပ်ကွက်နေပြည်သူများ ရှင်းလင်း ခဲ့ရကြောင်း သိရသည်။ တောင်ကြီးမြို့တွင်း အနည်းငယ်ရေတက်ရုံမှအပ ယခင်နေ့ကဲ့သို့ ရေကြီးရေလျှံမှုမရှိခဲ့ကြောင်း သိရသည်။
ထိုသို့ တောင်ကြီးမြို့ ရေကြီးနစ်မြုပ်ရခြင်းသည် အချက်သုံးချက်ကြောင့်ဖြစ်ပြီး (၁) စနစ်မှားယွင်းခြင်း၊ (၂) ရေမြောင်းများ ကျဉ်းမြောင်းလာခြင်းနှင့် (၃) စည်းကမ်းမဲ့အမှိုက်စွန့် ပစ်ခြင်းတို့ကြောင့်ဖြစ်သည်။ အဆိုပါ အချက်များကို ပြုပြင်နိုင်ရန် အစိုးရဘတ်ဂျက်လိုအပ်ပြီး စနစ်ကျသော ရေမြောင်းပုံစံပြန်လည်ဖွဲ့စည်းနိုင်ရန် ကြီးကြပ်စစ်ဆေးရေးအဖွဲ့တစ်ဖွဲ့လိုအပ်ကြောင်း၊ ထိုလုပ်ငန်းများဆောင်ရွက်နိုင်ရန် လုပ်ပိုင်ခွင့်ပေးမှသာ လုပ်၍ရမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ်စည်ပင်သာယာရေးကော်မတီဝင် ပညာရှင်အစုအဖွဲ့မှ သိရှိရသည်။
#Myanmar_Online_News #တောင်ကြီး #သိမ်တောင်ဘုန်းတော်ကြီးကျောင်း

0 comments:
Post a Comment