Sunday, October 20, 2019

ဒေါ်ဥမ္မာလှိုင်အား တရားစွဲဆိုထားသည့် အောင်ကြီးရှေ့နေ ဒေါ်စုဒါလီအောင် ကိုယ်တိုင်စစ်ဆေးမေးမြန်းမည်

Image may contain: 6 people, people standing

နေပြည်တော်တွင် ဖြစ်ပွားခဲ့သည့် ဗစ်တိုးရီးယားလေး၏ အမှုနှင့် ပတ်သက်ပြီး သံသယ တရားခံဟု ယူဆထားသည့် ယာဉ်မောင်အောင်ကြီး ဘက်မှ အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော် ရှေ့နေ ဒေါ်စုဒါလီအောင်ကို Wisdom Hill ကျောင်းမှ ကျောင်းကြီးကြပ်ရေးမှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင်မှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁ ဖြင့် ပုပ္ဗသီရိမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားပြီး ၎င်းအမှုနှင့် ပတ်သက်၍ တရားစွဲဆိုခံထားရသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်ကိုယ်တိုင်စစ်ဆေးမေးမြန်းမည်ဖြစ်ကြောင်း သိရှိရသည်။

"ဒီနေ့ အချိန်းကတော့ အရင်ကတည်းက စီစဉ်ထားတဲ့ အတိုင်း ဒေါ်ဥမ္မာလှိုင်ကို စစ်မယ်။ တရားလိုပြသက်သေကို ပထမဦးဆုံး စစ်မယ်။ ဒေါ်စုဒါလီအောင်က သူကိုယ်တိုင်လည်း ရှေ့နေဖြစ်တယ်။ သူ့ကို ကိုယ်စားပြုတဲ့သူတွေ ဦးသိန်းသန်းဦးနဲ့ ကျွန်တော်အပါအဝင် ရှေ့နေ ၅ ယောက်က ကိုယ်စားပြုထားတယ် ။ ဒါပေမဲ့ တရားစွဲဆိုထားခံရသည့် ဒေါ်စုဒါလီအောင်သည် တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သည့် အတွက် ဥပဒေအကြောင်းအရ ၎င်း ကိုယ်တိုင်စစ်ဆေးခွင့်ရှိတဲ့အတွက် ကျွန်တော်တို့ကို ခွင့်တောင်းထားတယ်"ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောကြားခဲ့ကြောင်း သိရှိရသည်။
လက်ရှိမှာတော့ ဒေါ်စုဒါလီအောင်သည် ငွေကျပ် သိန်း၁၀၀ ဖြင့် အာမခံရရှိထားခြင်းဖြစ်သည်။ ဒေါ်စုဒါလီအောင်ဘက်မှ မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း အတွင်းရေးမှုးဖြစ်သူ ဦးသိန်းသန်းဦး နှင့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်တို့မှ လိုက်ပါဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁ သည် အများဆုံးထောင်ဒဏ် ၄ လ မှ တစ်နှစ်အထိ ကျခံနိုင်ကြောင်း၊ ဒဏ်ငွေ အနေဖြင့် ၄ သိန်းမှ ငွေဒဏ် ၈ သိန်း အထိ ဖြစ်ကြောင်း သိရှိရသည်။
ဗစ်တိုးရီးယားအမှုသည် လက်ရှိတွင် ၇ ကြိမ်မြောက် ရုံးချိန်းပြီးစီးခဲ့ပြိး ကလေးငယ်လေး၏ ဖခင်၊ မိခင်၊ အဘွား၊ ဗစ်တိုးရီးယားလေး(ကိုယ်တိုင်)နှင့် ရပ်ကွက်လူကြီး ၂ ဦး ဒေါ်ဥမ္မာလှိုင်၏ အမျိုးသားနှင့် ကျောင်းမှ ယာဉ်မောင်းဝန်ထမ်း နှစ်ဦးကို နှစ်ဖက်ရှေ့နေများမှ အပြန်အလှန်စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီးကြောင်း သိရှိရသည်။
<<zawgyi>>
ဒေါ်ဥမ္မာလှိုင်အား တရားစွဲဆိုထားသည့် အောင်ကြီးရှေ့နေ ဒေါ်စုဒါလီအောင် ကိုယ်တိုင်စစ်ဆေးမေးမြန်းမည်
Monday , October 21 , 2019

0 comments:

Post a Comment