စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့နဲ့ တရုတ်နိုင်ငံက HR Service Foundation ကုမ္ပဏီတို့ ပူးပေါင်းပြီး တရုတ်နိုင်ငံကို မြန်မာအလုပ်သမား နှစ်သောင်းကျော်ပို့ဆောင်ဖို့ စီစဉ်နေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရှိရသည်။
တရုတ်နိုင်ငံ ရှမ်ဟိုင်းကဖိနပ်စက်ရုံမှာ လုပ်ကိုင်ရမှာဖြစ်ပြီး တစ်လကို တရုတ်ယွမ်ငွေ ၃၀၀၀ လောက်ရရှိမည်ဖြစ်ပြီး နှစ်နိုင်ငံ အလုပ်သမားဥပဒေတွေနဲ့ ချိန်ညှိပြီး ပို့ဆောင်မှာ ဖြစ်ကြောင်း သိရှိရသည်။ လက်ရှိအချိန်မှာ လာရောက်လျှောက်ထားကြသူ ၃၀၀ ကျော်ရှိနေပြီး စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ မြို့နယ်တွေက အလုပ်သမားတွေကို အဓိကထားပို့ဆောင်မှာဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဆောင်မှာ မဟုတ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံဟာ အလုပ်အကိုင်ရှားပါးမှု ပြဿနာရှိတဲ့အတွက် နိုင်ငံရပ်ခြားကို သွားရောက်အလုပ်လုပ်ကိုင်သူ များပြီး တရုတ်နိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်သူအချို့ဟာ လူကုန်ကူးခံရမှုအပါအဝင် အခြားလူ့အခွင့်ရေး ချိုးဖောက်ခံရတာတွေ ကြုံတွေ့ရတဲ့ သတင်းတွေ မကြာခဏဆိုသလို ထွက်ပေါ်နေတဲ့အတွက် အခုလို တရားဝင်ပို့ဆောင်တာက တရားမဝင် သွားရောက်လုပ်ကိုင်တာထက် အန္တရာယ်ကင်းတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောကြားခဲ့ကြောင်း သိရှိရသည်။
<<zawgyi>>
ရှမ်ဟိုင်းကဖိနပ်စက်ရုံမှာ လုပ်ကိုင်ရန် တရုတ်ကို မြန်မာအလုပ်သမား နှစ်သောင်းကျော် ပို့မည်
Monday , October 21 , 2019
စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့နဲ့ တရုတ်နိုင်ငံက HR Service Foundation ကုမ္ပဏီတို့ ပူးပေါင်းပြီး တရုတ်နိုင်ငံကို မြန်မာအလုပ်သမား နှစ်သောင်းကျော်ပို့ဆောင်ဖို့ စီစဉ်နေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရှိရသည်။
တရုတ်နိုင်ငံ ရှမ်ဟိုင်းကဖိနပ်စက်ရုံမှာ လုပ်ကိုင်ရမှာဖြစ်ပြီး တစ်လကို တရုတ်ယွမ်ငွေ ၃၀၀၀ လောက်ရရှိမည်ဖြစ်ပြီး နှစ်နိုင်ငံ အလုပ်သမားဥပဒေတွေနဲ့ ချိန်ညှိပြီး ပို့ဆောင်မှာ ဖြစ်ကြောင်း သိရှိရသည်။ လက်ရှိအချိန်မှာ လာရောက်လျှောက်ထားကြသူ ၃၀၀ ကျော်ရှိနေပြီး စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ မြို့နယ်တွေက အလုပ်သမားတွေကို အဓိကထားပို့ဆောင်မှာဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဆောင်မှာ မဟုတ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံဟာ အလုပ်အကိုင်ရှားပါးမှု ပြဿနာရှိတဲ့အတွက် နိုင်ငံရပ်ခြားကို သွားရောက်အလုပ်လုပ်ကိုင်သူ များပြီး တရုတ်နိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်သူအချို့ဟာ လူကုန်ကူးခံရမှုအပါအဝင် အခြားလူ့အခွင့်ရေး ချိုးဖောက်ခံရတာတွေ ကြုံတွေ့ရတဲ့ သတင်းတွေ မကြာခဏဆိုသလို ထွက်ပေါ်နေတဲ့အတွက် အခုလို တရားဝင်ပို့ဆောင်တာက တရားမဝင် သွားရောက်လုပ်ကိုင်တာထက် အန္တရာယ်ကင်းတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောကြားခဲ့ကြောင်း သိရှိရသည်။

0 comments:
Post a Comment