ဘင်္ဂလားဒက်ရှ်နိုင်ငံ လမ်းမများပေါ်တွင် စုရုံးခဲ့ကြသူ လူ ၂၀,၀၀၀ ခန့်တို့သည် Facebook တွင် တမန်တော်မိုဟာမက်ကို လှောင်ပြောင်စော်ကား ပို့စ်ရေးသားမှုဖြင့် ဖမ်းဆီးခံရသူ ဟိန္ဒူဘာသာဝင်လူငယ်အား သေဒါဏ်ပေးရန် တောင်းဆိုရာမှ အကြမ်းဖက်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ကန့်ကွက်တောင်းဆိုသူတို့သည် ၎င်းတို့အား ဒေါသတကြီး ပြုမူခဲ့ကြပြီး ကျောက်ခဲများဖြင့် စတင်ပစ်ပေါက်ကြသည့်အတွက် မိမိကိုယ်မိမိ ခုခံကာကွယ်သည့်အနေဖြင့် ကျည်အစစ်များအသုံးပြု ပစ်ခတ်ခဲ့ရကြောင်း ဘင်္ဂလားဒက်ရှ်ရဲတပ်ဖွဲ့က ပြောဆိုသည်။
တနင်္ဂနွေနေ့တွင် ဘင်္ဂလားဒက်ရှ်မြစ်ဝကျွန်းပေါ်ဒေသ အကြီးဆုံးကျွန်းတည်ရှိရာ ဘိုလာခရိုင် ဘော်ဟန်နာဒင်မြို့နယ်၌ ရုန့်ရင်းဆန်ခတ်ဖြစ်ပွားရာ အနည်းဆုံး ၄-ဦးသေဆုံးပြီး လူ ၅၀ ခန့် ဒါဏ်ရာရရှိသည်။ ဒါဏ်ရာရရှိသူများအနက် ၇-ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသော အခြေအနေရှိပြီး လူ ၁၂-ဦးခန့်မှာ တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်သူ ရဲတပ်ဖွဲ့ဝင်များဖြစ်သည်ဆို၏။ အစ္စလာမ်တမန်တော် မိုဟာမက်အား စော်ကားသည်ဟူသော စွပ်စွဲချက်ဖြင့် ဟိန္ဒူဘာသာဝင်လူငယ်တစ်ဦးကို စနေနေ့တွင် ဖမ်းဆီးခဲ့ရာမှ ယခုကဲ့သို့ ဘာသာရေးတင်းမာမှုဖြစ်ပွားလာခဲ့ကြောင်း သိရှိရသည်။
သို့သော် ၎င်း၏ Facebook Account မှာ Hack ခံထားရပြီး စော်ကားရေးသား ပို့စ်လွှင့်တင်သည်ဆိုခြင်းကို စွပ်စွဲခံရသူက ငြင်းဆိုသည်။ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးပြီးနောက် လူမှုမီဒီယာနှောက်ယှက်မှုစွပ်စွဲချက်ဖြင့် အခြားလူငယ် ၃-ဦးကို ထပ်မံဖမ်းဆီးခဲ့သည်။
၂၀၁၆ ခုနှစ်တွင် ဘင်္ဂလားဒက်ရှ်နိုင်ငံ အရှေ့ပိုင်း၌ အစ္စလာမ်အထွတ်အမြတ်ထားရာတို့ကို ပြက်ရယ်ပြု ထားသော Facebook ပို့စ်များကို တွေ့မြင်သူ လူအုပ်ကြီးက ဟိန္ဒူဘုရားကျောင်းများအား ဒေါသတကြီး တိုက်ခိုက်ခဲ့ဖူးသည်။ ၎င်းမတိုင်မီနှစ်အနည်းငယ်ကလည်း ကိုရမ်ကျမ်းစာကို စော်ကားထားသည့် ဓါတ်ပုံများတွေ့ရှိသည့်အတွက် ဘုန်းတော်ကြီးကျောင်းများ၊ ဗုဒ္ဓဘာသာဝင်စျေးဆိုင်များ နေအိမ်များ မီးတင်ရှို့ခံခဲ့ရဖူးကြောင်း သိရှိရသည်။ ဘင်္ဂလားဒက်ရှ်နိုင်ငံ၏ ၉၀ ရာနှုန်းခန့်မှာ အစ္စလာမ်ဘာသာဝင်များဖြစ်သည်။
၂၀၁၈-ခုနှစ် ပါကစ္စတန်တွင် အစ္စလာမ်ဘာသာအား ညှိုးနွမ်းစေမှုဖြင့် အောက်ရုံး၏ သေဒါဏ်ချမှတ်ခြင်းခံရသော ခရစ်ယာန်မိန်းကလေးတစ်ဦးကို တရားလွှတ်တော်ချုပ်က တရားသေလွှတ်ပေးခဲ့သဖြင့် နိုင်ငံတစ်ဝှမ်း ကန့်ကွက်ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့ရသည်။
၂၀၁၈-ခုနှစ်မှာပင် သြစတေးလျနိုင်ငံ၌ ၆-နှစ်အရွယ် မိန်းကလေးကို လက်ထပ်ခွင့်ရှိသည်ဟု တမန်တော်၏ မိန့်မှာချက်မှာ ကလေးသူငယ်ထိန်းမြားခြင်းဥပဒေနှင့် ညိစွန်းသည်ဟု ဟောပြောနေခြင်းအပေါ် ဘာသာရေးစော်ကားမှု့မြောက်ကြောင်း ဥရောပလူ့အခွင့်အရေးတရားရုံးတော်က အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

<<zawgyi>>
ဘင်္ဂလားဒက်ရှ်တွင် တမန်တော်အား စော်ကားမှုနှင့်ပတ်သက်ပြီး ကန့်ကွက်သူများက ရဲတပ်ဖွဲ့ဝင်များကို အကြမ်းဖက်မှုဖြစ်ပွားပြီး အနည်းဆုံး ၄-ဦးသေဆုံးပြီး လူ ၅၀ ခန့် ဒါဏ်ရာရရှိ
Monday , October 21 , 2019

#Myanmar_Online_News #Oung_Marine

0 comments:
Post a Comment