Saturday, October 19, 2019

တပ်မတော်အနေဖြင့် တိုင်းရင်းသားသည်သာလျှင် ပထမဦးစားပေးဖြစ်ပြီး နိုင်ငံသားသည်ဒုတိယဖြစ်ပါကြောင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံမြို့ရှိ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံစဉ်ပြောကြား

Image may contain: 4 people, wedding and indoor

အောက်တိုဘာလ ၁၉ ရက် နံနက်ပိုင်းတွင် မိမိတို့ဒေသ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှုရှိစေရေးအတွက် ဒေသစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲများ ကို ပယ်ဖျောက်၍ မိမိဒေသကောင်းရာကောင်းကျိုးကို ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ အမျိုးဘာသာသာသနာကို စောင့်ထိန်းရမည်ဖြစ်ပြီး ဒေသ၏ ရိုးရာဓလေ့ထုံးစံနှင့် ဘာသာစကားကိုလည်း လက်ခံအားပေးရမည် ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား Amazing Kengtong Resort ၌ တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်၊ ကျိုင်းတုံမြို့ရှိ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေး အကြံပြုပြောကြားရာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အတွေ့အကြုံများဆွေးနွေးဖလှယ်ရန် ယခုကဲ့သို့ လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)သည် အရေးပါသည့် ဒေသဖြစ်ပြီး နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်စွမ်းအားရရှိမှုသည် များစွာ အရေးပါကြောင်း၊ ဒေသတွင်းရှိ ရေအရင်းအမြစ်များနှင့် ကျောက်မီးသွေးများမှ လျှပ်စစ်စွမ်းအင် ထုတ်ယူနိုင်မည်ဖြစ်သော်လည်း နည်းပညာပိုင်းဆိုင်ရာနှင့် အချို့သောကန့်ကွက်မှုများကြောင့် ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသည့် ရေအားလျှပ်စစ် ထုတ်လုပ်မှုနည်းပညာများဖြင့် လျှပ်စစ်စွမ်းအင်ကို ထုတ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လျှပ်စစ်စွမ်းအားသည် အဓိကလိုအပ်ချက်ဖြစ်သောကြောင့် ဒေသတွင်း လျှပ်စစ်စွမ်းအားထုတ်ယူသုံးစွဲနိုင်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ပန်ကွဲကျေးရွာအနီးရှိ ဗုဒ္ဓဥယျာဉ်တော်အတွင်း အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီးအား ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ အေးချမ်းသာယာမှုရှိစေရန်၊ ထေရဝါဒဗုဒ္ဓဘာသာ တည်တံ့ခိုင်မြဲစေရန် ရည်ရွယ်ချက်များဖြင့် တည်ထားကိုးကွယ်ထားရှိပါကြောင်း၊ ထို့ပြင် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးနှင့် ဗုဒ္ဓမြတ်စွာဘုရား၏ ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယ လေးဌာနတို့ကိုလည်း အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာရှိ မဟာဗောဓိစေတီတော်မြတ်ကြီး၏ ပုံစံအတိုင်း ကျောက်သားများဖြင့် ထုဆစ်တည်ထား ကိုးကွယ်မည် ဖြစ်ပါကြောင်း၊ ယင်းသို့ ဗုဒ္ဓရုပ်ပွားတော်မြတ်များနှင့် သာသနိကအဆောက်အဦများကို တည်ထား ကိုးကွယ်ခြင်းဖြင့် ပြည်တွင်းပြည်ပဘုရားဖူးများ လာရောက်ကြကာ ဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ပြီး ဒေသတွင်း ထုတ်ကုန်ပစ္စည်း များကို အရည်အသွေးပြည့်မီစွာဖြင့် ထုပ်ပိုးရောင်းချပါက ပိုမိုအောင်မြင်စေမည်ဖြစ်ပါကြောင်း၊ စားသောက်ကုန်ပစ္စည်းများကို အခြားဒေသများမှ ဝယ်ယူသုံးစွဲခြင်းထက် မိမိတို့ ဒေသတွင်း စိုက်ပျိုး၍ အရည်အသွေးပြည့်ဝ ကောင်းမွန်သည့် ထုတ်ကုန်များကို ထုတ်လုပ်သုံးစွဲခြင်းဖြင့် မိမိဒေသဖွံ့ဖြိုးမှုနှင့် ကြွယ်ဝမှုကို ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ထုတ်ကုန်များထုတ်လုပ်ရာတွင်လည်း ပစ္စည်းချင်း တူပါက ဈေးသက်သာရမည်၊ ဈေးချင်းတူပါက ပစ္စည်းကောင်းရမည် ဟူသောစကားရပ်နှင့်ယှဉ်၍ ထုတ်လုပ်ကြရမည်ဖြစ်ပါကြောင်း။
ပညာရေးနှင့်ပတ်သက်၍ ကျောင်းနေပညာသင်ကြားရေးအပြင် ပတ်ဝန်းကျင်သင်ကြားရေးကိုပါ သင်ကြားပေးရန်လိုအပ်ကြောင်း၊ နေရာဒေသအရ ဘာသာစကားအခက်အခဲများ ရှိမည်ဖြစ်သော် လည်း ပြည်ထောင်စုရုံးသုံးဘာသာစကားဖြစ်သည့် မြန်မာစာ၊ မြန်မာစကားကို တတ်မြောက် ရမည်ဖြစ်ပြီး တိုင်းရင်းသားတို့၏ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုတို့ကိုလည်း ထိန်းသိမ်းရမည် ဖြစ်ပါကြောင်း၊ စာတတ်သည်နှင့် ပညာတတ်သည်မှာ မတူကြောင်း၊ အသိပညာဆိုသည်မှာ ဘဝတွင်တွေ့ကြုံခဲ့ရသည့် အတွေ့အကြံုများ ဖြစ်ပြီး အတတ်ပညာဆိုသည်မှာ သင်ယူရသည့် ပညာဖြစ်ကြောင်း၊ အတတ်ပညာများရရှိစေရန် တက္ကသိုလ်များကို ဖွင့်လှစ်သင်ကြားပေးထားခြင်း ဖြစ်သဖြင့် အတတ်ပညာ၊ အသိပညာရှိသူများ မွေးထုတ်ပေးနိုင်ရေးအတွက် စနစ်တကျဖြင့် သင်ကြားပေးစေလိုပါကြောင်း၊ ပညာသင်ကြားပေးလျက်ရှိသည့် ပညာရေးဝန်ထမ်းများ၊ အခြားဌာန ဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများကိုလည်း တပ်ရင်း၊ တပ်ဖွဲ့များ၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိလာသည့် အာဟာရပြည့်ဝသော အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥများအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပါကြောင်း။
အတိတ်ဆိုသည်မှာ သင်ခန်းစာယူရန်ဖြစ်ပြီး အနာဂတ်ကိုကောင်းမွန်အောင် တည်ဆောက်ရမည်မှာ လက်ရှိပစ္စုပ္ပန်တွင် ရှိနေကြသူများ၏ တာဝန်ပင်ဖြစ်ပါကြောင်း၊ တပ်မတော်အနေဖြင့် တိုင်းရင်းသား သည်သာလျှင် ပထမဦးစားပေးဖြစ်ပြီး နိုင်ငံသားသည် ဒုတိယဖြစ်ပါကြောင်း၊ နိုင်ငံသားတိုင်း တိုင်းရင်းသားမဟုတ်ပါကြောင်း၊ လူမျိုးစွဲ၊ ဒေသစွဲတို့ဖြင့် ဆောင်ရွက်၍မရဘဲ မြန်မာစိတ်မွေး၍ မိမိဒေသနှင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းတည်ဆောက်ရမည်ဖြစ်ကြောင်း၊ ကျိုင်းတုံဒေသသည် ရေခံ၊ မြေခံကောင်းများရှိပြီး ဒေသပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကို ဦးစားပေးရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီခေတ်တွင် ဥပဒေနှင့် စီးပွားရေးကိုနားလည်ရန် လိုအပ်သည့် အတွက် ဥပဒေပညာရှင်များနှင့် စီးပွားရေးပညာရှင်များကို မွေးထုတ်ပေးရမည်ဖြစ်ပါကြောင်း၊ မိမိဒေသဖွံ့ဖြိုးတိုးတက်မှုကို လိုလားပါက မိမိတို့ကိုယ်တိုင် ကြိုးစားအားထုတ်မှု ရှိရမည်ဖြစ်ပြီး နည်းပညာလိုအပ်ချက်များကို အတတ်ပညာ၊ အသိပညာများဖြင့်ရင်းနှီး၍ တည်ဆောက်ရမည် ဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးအရ တည်ငြိမ်ရန်နှင့် လုံခြုံရေးအရတည်ငြိမ် အေးချမ်းမှုရှိရမည်ဖြစ်ပါကြောင်း၊ မိမိဒေသ၊ မိမိမြို့၊ မိမိတိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့အားလုံး စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်းတည်ဆောက်ကြရမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ရပ်မိရပ်ဖများနှင့် တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးအခြေအနေနှင့် လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်မှုလျင်မြန်ချောမွေ့စေရေး၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နှင်းရေးဆိုင်ရာများအား ဆွေးနွေးတင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရင်းရင်းနှီးနှီး ပြန်လည်ဆွေးနွေး အကြံပြုပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။
Image may contain: 7 people, people smiling, people standing and indoor
Image may contain: one or more people and indoor
<<Zawgyi>>
တပ်မတော်အနေဖြင့် တိုင်းရင်းသားသည်သာလျှင် ပထမဦးစားပေးဖြစ်ပြီး နိုင်ငံသားသည်ဒုတိယဖြစ်ပါကြောင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံမြို့ရှိ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံစဉ်ပြောကြား
Sunday , October 20 , 2019

အောက်တိုဘာလ ၁၉ ရက် နံနက်ပိုင်းတွင် မိမိတို့ဒေသ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှုရှိစေရေးအတွက် ဒေသစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲများ ကို ပယ်ဖျောက်၍ မိမိဒေသကောင်းရာကောင်းကျိုးကို ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ အမျိုးဘာသာသာသနာကို စောင့်ထိန်းရမည်ဖြစ်ပြီး ဒေသ၏ ရိုးရာဓလေ့ထုံးစံနှင့် ဘာသာစကားကိုလည်း လက်ခံအားပေးရမည် ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား Amazing Kengtong Resort ၌ တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်၊ ကျိုင်းတုံမြို့ရှိ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေး အကြံပြုပြောကြားရာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အတွေ့အကြုံများဆွေးနွေးဖလှယ်ရန် ယခုကဲ့သို့ လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)သည် အရေးပါသည့် ဒေသဖြစ်ပြီး နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်စွမ်းအားရရှိမှုသည် များစွာ အရေးပါကြောင်း၊ ဒေသတွင်းရှိ ရေအရင်းအမြစ်များနှင့် ကျောက်မီးသွေးများမှ လျှပ်စစ်စွမ်းအင် ထုတ်ယူနိုင်မည်ဖြစ်သော်လည်း နည်းပညာပိုင်းဆိုင်ရာနှင့် အချို့သောကန့်ကွက်မှုများကြောင့် ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသည့် ရေအားလျှပ်စစ် ထုတ်လုပ်မှုနည်းပညာများဖြင့် လျှပ်စစ်စွမ်းအင်ကို ထုတ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လျှပ်စစ်စွမ်းအားသည် အဓိကလိုအပ်ချက်ဖြစ်သောကြောင့် ဒေသတွင်း လျှပ်စစ်စွမ်းအားထုတ်ယူသုံးစွဲနိုင်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ပန်ကွဲကျေးရွာအနီးရှိ ဗုဒ္ဓဥယျာဉ်တော်အတွင်း အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီးအား ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ အေးချမ်းသာယာမှုရှိစေရန်၊ ထေရဝါဒဗုဒ္ဓဘာသာ တည်တံ့ခိုင်မြဲစေရန် ရည်ရွယ်ချက်များဖြင့် တည်ထားကိုးကွယ်ထားရှိပါကြောင်း၊ ထို့ပြင် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးနှင့် ဗုဒ္ဓမြတ်စွာဘုရား၏ ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယ လေးဌာနတို့ကိုလည်း အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာရှိ မဟာဗောဓိစေတီတော်မြတ်ကြီး၏ ပုံစံအတိုင်း ကျောက်သားများဖြင့် ထုဆစ်တည်ထား ကိုးကွယ်မည် ဖြစ်ပါကြောင်း၊ ယင်းသို့ ဗုဒ္ဓရုပ်ပွားတော်မြတ်များနှင့် သာသနိကအဆောက်အဦများကို တည်ထား ကိုးကွယ်ခြင်းဖြင့် ပြည်တွင်းပြည်ပဘုရားဖူးများ လာရောက်ကြကာ ဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ပြီး ဒေသတွင်း ထုတ်ကုန်ပစ္စည်း များကို အရည်အသွေးပြည့်မီစွာဖြင့် ထုပ်ပိုးရောင်းချပါက ပိုမိုအောင်မြင်စေမည်ဖြစ်ပါကြောင်း၊ စားသောက်ကုန်ပစ္စည်းများကို အခြားဒေသများမှ ဝယ်ယူသုံးစွဲခြင်းထက် မိမိတို့ ဒေသတွင်း စိုက်ပျိုး၍ အရည်အသွေးပြည့်ဝ ကောင်းမွန်သည့် ထုတ်ကုန်များကို ထုတ်လုပ်သုံးစွဲခြင်းဖြင့် မိမိဒေသဖွံ့ဖြိုးမှုနှင့် ကြွယ်ဝမှုကို ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ထုတ်ကုန်များထုတ်လုပ်ရာတွင်လည်း ပစ္စည်းချင်း တူပါက ဈေးသက်သာရမည်၊ ဈေးချင်းတူပါက ပစ္စည်းကောင်းရမည် ဟူသောစကားရပ်နှင့်ယှဉ်၍ ထုတ်လုပ်ကြရမည်ဖြစ်ပါကြောင်း။
ပညာရေးနှင့်ပတ်သက်၍ ကျောင်းနေပညာသင်ကြားရေးအပြင် ပတ်ဝန်းကျင်သင်ကြားရေးကိုပါ သင်ကြားပေးရန်လိုအပ်ကြောင်း၊ နေရာဒေသအရ ဘာသာစကားအခက်အခဲများ ရှိမည်ဖြစ်သော် လည်း ပြည်ထောင်စုရုံးသုံးဘာသာစကားဖြစ်သည့် မြန်မာစာ၊ မြန်မာစကားကို တတ်မြောက် ရမည်ဖြစ်ပြီး တိုင်းရင်းသားတို့၏ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုတို့ကိုလည်း ထိန်းသိမ်းရမည် ဖြစ်ပါကြောင်း၊ စာတတ်သည်နှင့် ပညာတတ်သည်မှာ မတူကြောင်း၊ အသိပညာဆိုသည်မှာ ဘဝတွင်တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများ ဖြစ်ပြီး အတတ်ပညာဆိုသည်မှာ သင်ယူရသည့် ပညာဖြစ်ကြောင်း၊ အတတ်ပညာများရရှိစေရန် တက္ကသိုလ်များကို ဖွင့်လှစ်သင်ကြားပေးထားခြင်း ဖြစ်သဖြင့် အတတ်ပညာ၊ အသိပညာရှိသူများ မွေးထုတ်ပေးနိုင်ရေးအတွက် စနစ်တကျဖြင့် သင်ကြားပေးစေလိုပါကြောင်း၊ ပညာသင်ကြားပေးလျက်ရှိသည့် ပညာရေးဝန်ထမ်းများ၊ အခြားဌာန ဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများကိုလည်း တပ်ရင်း၊ တပ်ဖွဲ့များ၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိလာသည့် အာဟာရပြည့်ဝသော အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥများအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပါကြောင်း။
အတိတ်ဆိုသည်မှာ သင်ခန်းစာယူရန်ဖြစ်ပြီး အနာဂတ်ကိုကောင်းမွန်အောင် တည်ဆောက်ရမည်မှာ လက်ရှိပစ္စုပ္ပန်တွင် ရှိနေကြသူများ၏ တာဝန်ပင်ဖြစ်ပါကြောင်း၊ တပ်မတော်အနေဖြင့် တိုင်းရင်းသား သည်သာလျှင် ပထမဦးစားပေးဖြစ်ပြီး နိုင်ငံသားသည် ဒုတိယဖြစ်ပါကြောင်း၊ နိုင်ငံသားတိုင်း တိုင်းရင်းသားမဟုတ်ပါကြောင်း၊ လူမျိုးစွဲ၊ ဒေသစွဲတို့ဖြင့် ဆောင်ရွက်၍မရဘဲ မြန်မာစိတ်မွေး၍ မိမိဒေသနှင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းတည်ဆောက်ရမည်ဖြစ်ကြောင်း၊ ကျိုင်းတုံဒေသသည် ရေခံ၊ မြေခံကောင်းများရှိပြီး ဒေသပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကို ဦးစားပေးရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီခေတ်တွင် ဥပဒေနှင့် စီးပွားရေးကိုနားလည်ရန် လိုအပ်သည့် အတွက် ဥပဒေပညာရှင်များနှင့် စီးပွားရေးပညာရှင်များကို မွေးထုတ်ပေးရမည်ဖြစ်ပါကြောင်း၊ မိမိဒေသဖွံ့ဖြိုးတိုးတက်မှုကို လိုလားပါက မိမိတို့ကိုယ်တိုင် ကြိုးစားအားထုတ်မှု ရှိရမည်ဖြစ်ပြီး နည်းပညာလိုအပ်ချက်များကို အတတ်ပညာ၊ အသိပညာများဖြင့်ရင်းနှီး၍ တည်ဆောက်ရမည် ဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးအရ တည်ငြိမ်ရန်နှင့် လုံခြုံရေးအရတည်ငြိမ် အေးချမ်းမှုရှိရမည်ဖြစ်ပါကြောင်း၊ မိမိဒေသ၊ မိမိမြို့၊ မိမိတိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့အားလုံး စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်းတည်ဆောက်ကြရမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ရပ်မိရပ်ဖများနှင့် တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးအခြေအနေနှင့် လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်မှုလျင်မြန်ချောမွေ့စေရေး၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နှင်းရေးဆိုင်ရာများအား ဆွေးနွေးတင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရင်းရင်းနှီးနှီး ပြန်လည်ဆွေးနွေး အကြံပြုပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။

0 comments:

Post a Comment