မကွေးတိုင်းဒေသကြီးတွင် ရေစကြိုမြို့နယ်တွင် အာက်တိုဘာ ၁၈ ရက်နေ့နေ့လည် ၂ နာရီကျော်ခန့်တွင် လူအင်အား ၁၅၀ ကျော် စုဝေး လောင်း က စား ပြုလုပ်နေသည့် ရေစကြိုမှ နာမည်ကြီး ဂျင်ဝိုင်းကို တိုင်းရဲတပ်ဖွဲ့ဝင်များ လာရောက်ဖမ်းဆီးရာတွင် မြို့ခံရဲတပ်ဖွဲ့ ကို အသိမပေးဘဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး နယ်မြေခံသတင်းပေးများ၏ တားမြစ်မှုအရ ဖြစ်သည်ဟု မကွေး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ထုတ် ဖော်ပြောဆိုလိုက်သည်။
လူပေါင်း ၁၅၀ ထက်မနည်း လောင်းကစားလုပ် နေသော်လည်း ၁၃ ဦးသာ ဖမ်းမိပြီး အများစုမှာ ထွက်ပြေး လွတ်မြောက် သွားခဲ့သည်ဟုလည်း သိရသည်။
မကွေးဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ တိုင်းရဲတပ်ဖွဲ့များ ဖမ်းဆီးရာတွင် ဂျင်ဝိုင်းလောင်းကစားပြုလုပ်သူရေစကြိုမြို့နယ်၊သာစည်ကျေးရွာနေဗိုလ်နိုင်၊ ၃၈ နှစ်ပါ တရားခံ (၁၃)ဦးနှင့်အတူ လက်ကိုင်ဖုန်း မျိုးစုံ(၁၀)လုံး၊ မော်တော်ယာဉ်မျိုးစုံ(၇)စီး၊ မော် တော်ဆိုင်ကယ်(၁၀၀)စီး၊ ဂျင်ဝိုင်းလောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်း များ၊ လောင်းကြေး ငွေစက္ကူ ရောရာ ငွေကျပ် (၃၂) သိန်းကျော်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ သည်ဟု သိရသည်။
၎င်း၏ ဖေ့ဘုတ်စာမျက်နှာပေါ်မှတဆင့် ပြောဆို လိုက်ခြင်းဖြစ်ပြီး ပြောကြားချက်အပြည့်အစုံက “ပြောရမှာပေါ့ ၊ မခင်ကြော့ ရယ် ကျွန်တော့်ကို သတင်းပေးတဲ့ နယ်ခံရွာသူ/သား တွေ ကိုယ်တိုင်က ၊ ရေစကြိုရဲ ၊ပခုက္ကူရဲသိလို့ မဖြစ်ပါ ။ သိလျှင် အလုပ်မဖြစ်ပါ ဆိုလို့ —- ဖမ်းမဲ့နေ့ ၊ မနက်ကျမှသာလျှင် ၊ မကွေးမြို့မှ ရဲမှူးဌေးလွင် ၊ ဦးဆောင်သော ရဲတပ်ဖွဲ့ကို ၊ အရပ်သားများအဖြစ် ၊ လျှို့ဝှက်စေလွှတ် ၊ ဖမ်းဆီးခိုင်းရခြင်း ဖြစ်ပါသည် ။ စီးနင်း ဖမ်းဆီးမည့် အစီအစဉ်ကို ၊ ရေစကြိုရဲ ၊ ပခုက်ကူရဲ လုံးဝမသိပါ ။ မကွေးတိုင်း ရဲတပ်ဖွဲ့မှူး ၊ဒုတိုင်းရဲတပ်ဖွဲ့မှူးများ မှလွဲ၍ မသိကြပါ ။ ယခုလဲ ၊ သက်သေခံအဖြစ် သိမ်းဆည်းထားသည့် ဆိုင်ကယ်များ ၊ ကားများကို အစားထိုးလဲလှယ်မည်ဟု ကြားသိရသဖြင့် ၊ လိုအပ်သလို ညွှန်ကြားထားပါကြောင်း" ဟူ၍ ဖြစ်သည်။

<zawgyi>
မကွေးတိုင်းဝန်ကြီးချုပ်၏ ညွှန်ကြားချက်အရ ဂျင်ဝိုင်းကစားနေသော လူအင်အား ၁၅၀ ကျော်ကို တိုင်းရဲတပ်ဖွဲ့ဝင်များ သွားရောက်ဖမ်းဆီးရာတွင် ၁၃ ဦးသာ ဖမ်းမိခဲ့
Sunday , October 20 , 2019
မကွေးတိုင်းဒေသကြီးတွင် ရေစကြိုမြို့နယ်တွင် အာက်တိုဘာ ၁၈ ရက်နေ့နေ့လည် ၂ နာရီကျော်ခန့်တွင် လူအင်အား ၁၅၀ ကျော် စုဝေး လောင်းကစား ပြုလုပ်နေသည့် ရေစကြိုမှ နာမည်ကြီး ဂျင်ဝိုင်းကို တိုင်းရဲတပ်ဖွဲ့ဝင်များ လာရောက်ဖမ်းဆီးရာတွင် မြို့ခံရဲတပ်ဖွဲ့ ကို အသိမပေးဘဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး နယ်မြေခံသတင်းပေးများ၏ တားမြစ်မှုအရ ဖြစ်သည်ဟု မကွေး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ထုတ် ဖော်ပြောဆိုလိုက်သည်။
လူပေါင်း ၁၅၀ ထက်မနည်း လောင်းကစားလုပ် နေသော်လည်း ၁၃ ဦးသာ ဖမ်းမိပြီး အများစုမှာ ထွက်ပြေး လွတ်မြောက် သွားခဲ့သည်ဟုလည်း သိရသည်။
မကွေးဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ တိုင်းရဲတပ်ဖွဲ့များ ဖမ်းဆီးရာတွင် ဂျင်ဝိုင်းလောင်းကစားပြုလုပ်သူရေစကြိုမြို့နယ်၊သာစည်ကျေးရွာနေဗိုလ်နိုင်၊ ၃၈ နှစ်ပါ တရားခံ (၁၃)ဦးနှင့်အတူ လက်ကိုင်ဖုန်း မျိုးစုံ(၁၀)လုံး၊ မော်တော်ယာဉ်မျိုးစုံ(၇)စီး၊ မော် တော်ဆိုင်ကယ်(၁၀၀)စီး၊ ဂျင်ဝိုင်းလောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်း များ၊ လောင်းကြေး ငွေစက္ကူ ရောရာ ငွေကျပ် (၃၂) သိန်းကျော်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ သည်ဟု သိရသည်။
၎င်း၏ ဖေ့ဘုတ်စာမျက်နှာပေါ်မှတဆင့် ပြောဆို လိုက်ခြင်းဖြစ်ပြီး ပြောကြားချက်အပြည့်အစုံက “ပြောရမှာပေါ့ ၊ မခင်ကြော့ ရယ် ကျွန်တော့်ကို သတင်းပေးတဲ့ နယ်ခံရွာသူ/သား တွေ ကိုယ်တိုင်က ၊ ရေစကြိုရဲ ၊ပခုက္ကူရဲသိလို့ မဖြစ်ပါ ။ သိလျှင် အလုပ်မဖြစ်ပါ ဆိုလို့ —- ဖမ်းမဲ့နေ့ ၊ မနက်ကျမှသာလျှင် ၊ မကွေးမြို့မှ ရဲမှူးဌေးလွင် ၊ ဦးဆောင်သော ရဲတပ်ဖွဲ့ကို ၊ အရပ်သားများအဖြစ် ၊ လျှို့ဝှက်စေလွှတ် ၊ ဖမ်းဆီးခိုင်းရခြင်း ဖြစ်ပါသည် ။ စီးနင်း ဖမ်းဆီးမည့် အစီအစဉ်ကို ၊ ရေစကြိုရဲ ၊ ပခုက်ကူရဲ လုံးဝမသိပါ ။ မကွေးတိုင်း ရဲတပ်ဖွဲ့မှူး ၊ဒုတိုင်းရဲတပ်ဖွဲ့မှူးများ မှလွဲ၍ မသိကြပါ ။ ယခုလဲ ၊ သက်သေခံအဖြစ် သိမ်းဆည်းထားသည့် ဆိုင်ကယ်များ ၊ ကားများကို အစားထိုးလဲလှယ်မည်ဟု ကြားသိရသဖြင့် ၊ လိုအပ်သလို ညွှန်ကြားထားပါကြောင်း" ဟူ၍ ဖြစ်သည်။
#Aung_Moe_Nyo #တိုင်းရဲတပ်ဖွဲ့ #Myanmar_Online_News #လွတ်မြောက်

0 comments:
Post a Comment