နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဂျပန်ဧကရာဇ်၏ ထီးနန်းဆက်ခံပွဲကို တက်ရောက်ရန် ဂျပန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း၊ အောက်တိုဘာလ ၂၁ ရက်နေ့ မြန်မာသံရုံးကို ရောက်လာသည့်အချိန်တွင် ဆန္ဒပြသွားမည်ဖြစ်ကြောင်း သိရသည်။
“ ဒါကတော့ ဒီမိုကရေစီလေဗျာ။ ဒီမိုကရေစီမှာ ရွေးကောက်တက်လာတဲ့ အစိုးရကိုဘဲဖြစ်ဖြစ်၊ ခေါင်းဆောင်ကိုဘဲ ဖြစ်ဖြစ် နိုင်ငံသူ နိုင်ငံသားတွေက မကျေနပ်ချက်တွေရှိရင် ဆန္ဒပြခွင့်၊ ကန့်ကွက်ပိုင်ခွင့်ရှိတယ်လေ။ ကျွန်တော်တို့လည်း နိုင်ငံသားတွေပဲလေ။ ကန့်ကွက်ပိုင်ခွင့်၊ ဆန္ဒပြပိုင်ခွင့်ရှိတယ်။ ဒီလို ဆန္ဒပြတာကို မလုပ်ရဘူးလို့ တားတယ်ဆိုရင် ဒါက ဒီမိုကရေစီကို ဆန့်ကျင်တာပါဘဲ” ဟု ၎င်းက ပြောကြားသည်။
ယင်းဆန္ဒပြပွဲကို ဂျပန်နိုင်ငံကို ရောက်ရှိနေကြသည့် ရခိုင်လူမျိုးများက တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး လူဦးရေ ၁ဝဝ ဝန်းကျင်ခန့်မှန်းထားကြောင်း သိရှိရသည်။
AA သည် အကြမ်းဘက်သောင်းကျန်းသူ အဖွဲ့အစည်းဖြစ်သည့်အတွက် လျင်မြန်စွာ ပြတ်ပြတ်သားသားချေမှုန်းရန် ၂ဝ၁၉ ခုနှစ်၊ဇန်နဝါရီလ ၇ ရက်နေ့တွင် နိုင်ငံတော်သမ္မတအိမ်တော်၌ ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့သည်။
<zawgyi>
ဒီမိုကရေစီနိုင်ငံဖြစ်သောကြောင့် နိုင်ငံသားတွေ ကျေနပ်မှုမရှိလို့ ဂျပန်ဧကရာဇ်၏ ထီးနန်းဆက်ခံပွဲကိုတက်ရောက်မည့် ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်ရောက်ရခိုင်လူမျိုးများ ဆန္ဒပြမည်
Sunday , October 20 , 2019
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဂျပန်ဧကရာဇ်၏ ထီးနန်းဆက်ခံပွဲကို တက်ရောက်ရန် ဂျပန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း၊ အောက်တိုဘာလ ၂၁ ရက်နေ့ မြန်မာသံရုံးကို ရောက်လာသည့်အချိန်တွင် ဆန္ဒပြသွားမည်ဖြစ်ကြောင်း သိရသည်။
“ ဒါကတော့ ဒီမိုကရေစီလေဗျာ။ ဒီမိုကရေစီမှာ ရွေးကောက်တက်လာတဲ့ အစိုးရကိုဘဲဖြစ်ဖြစ်၊ ခေါင်းဆောင်ကိုဘဲ ဖြစ်ဖြစ် နိုင်ငံသူ နိုင်ငံသားတွေက မကျေနပ်ချက်တွေရှိရင် ဆန္ဒပြခွင့်၊ ကန့်ကွက်ပိုင်ခွင့်ရှိတယ်လေ။ ကျွန်တော်တို့လည်း နိုင်ငံသားတွေပဲလေ။ ကန့်ကွက်ပိုင်ခွင့်၊ ဆန္ဒပြပိုင်ခွင့်ရှိတယ်။ ဒီလို ဆန္ဒပြတာကို မလုပ်ရဘူးလို့ တားတယ်ဆိုရင် ဒါက ဒီမိုကရေစီကို ဆန့်ကျင်တာပါဘဲ” ဟု ၎င်းက ပြောကြားသည်။
ယင်းဆန္ဒပြပွဲကို ဂျပန်နိုင်ငံကို ရောက်ရှိနေကြသည့် ရခိုင်လူမျိုးများက တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး လူဦးရေ ၁ဝဝ ဝန်းကျင်ခန့်မှန်းထားကြောင်း သိရှိရသည်။
AA သည် အကြမ်းဘက်သောင်းကျန်းသူ အဖွဲ့အစည်းဖြစ်သည့်အတွက် လျင်မြန်စွာ ပြတ်ပြတ်သားသားချေမှုန်းရန် ၂ဝ၁၉ ခုနှစ်၊ဇန်နဝါရီလ ၇ ရက်နေ့တွင် နိုင်ငံတော်သမ္မတအိမ်တော်၌ ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့သည်။

0 comments:
Post a Comment