ပါကစ္စတန်နဲ့ အိန္ဒိယနယ်စပ်မှာ နှစ်ဖက်တပ်တွေကြား အောက်တိုဘာလ ၁၉ ရက်နေ့ နောက်ပိုင်း အပြန်အလှန် ပစ်ခတ်မှုကြောင့် အနည်းဆုံး အရပ်သား ၆ ဦးနဲ့ စစ်သား ၃ ဦး သေဆုံးခဲ့ပြီး အိန္ဒိယအစိုးရက ကက်ရှ်မီးယားဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို သြဂုတ်လမှာ ရုပ်သိမ်းခဲ့ပြီး နောက်ပိုင်း အသေအပျောက် အများဆုံးဖြစ်ကြောင်း သိရှိရသည်။
ပါကစ္စတန်ထိန်းချုပ်တဲ့ ကက်ရှ်မီးယားနယ်မြေထဲမှာ အရပ်သား ၄ ဦးနဲ့ စစ်သား ၁ ဦး သေဆုံးပြီး ပါကစ္စတန်စစ်သား ၂ ဦးနဲ့ အရပ်သား ၅ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။ ပါကစ္စတန်တပ်ရဲ့ လက်တုံ့ပြန် ပစ်ခတ်မှုကြောင့် အိန္ဒိယစစ်သား ၉ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရသလို အိန္ဒိယဘန်ကာ ၂ ခုကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပါကစ္စတန်ဘက်က ပြောပေမယ့် ဒီအရေအတွက်တွေနဲ့ ပတ်သက်လို့ အိန္ဒိယဘက်က အငြင်းပွားနေဆဲ ဖြစ်ကြောင်း သိရှိရသည်။
<<zawgyi>>
ကက်ရှ်မီးယားဒေသမှာ အိန္ဒိယနှင့် ပါကစ္စတန် အပြန်အလှန် ပစ်ခတ်
Monday , October 21 , 2019
ပါကစ္စတန်နဲ့ အိန္ဒိယနယ်စပ်မှာ နှစ်ဖက်တပ်တွေကြား အောက်တိုဘာလ ၁၉ ရက်နေ့ နောက်ပိုင်း အပြန်အလှန် ပစ်ခတ်မှုကြောင့် အနည်းဆုံး အရပ်သား ၆ ဦးနဲ့ စစ်သား ၃ ဦး သေဆုံးခဲ့ပြီး အိန္ဒိယအစိုးရက ကက်ရှ်မီးယားဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို သြဂုတ်လမှာ ရုပ်သိမ်းခဲ့ပြီး နောက်ပိုင်း အသေအပျောက် အများဆုံးဖြစ်ကြောင်း သိရှိရသည်။
ပါကစ္စတန်ထိန်းချုပ်တဲ့ ကက်ရှ်မီးယားနယ်မြေထဲမှာ အရပ်သား ၄ ဦးနဲ့ စစ်သား ၁ ဦး သေဆုံးပြီး ပါကစ္စတန်စစ်သား ၂ ဦးနဲ့ အရပ်သား ၅ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။ ပါကစ္စတန်တပ်ရဲ့ လက်တုံ့ပြန် ပစ်ခတ်မှုကြောင့် အိန္ဒိယစစ်သား ၉ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရသလို အိန္ဒိယဘန်ကာ ၂ ခုကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပါကစ္စတန်ဘက်က ပြောပေမယ့် ဒီအရေအတွက်တွေနဲ့ ပတ်သက်လို့ အိန္ဒိယဘက်က အငြင်းပွားနေဆဲ ဖြစ်ကြောင်း သိရှိရသည်။
#Myanmar_Online_News #ကက်ရှ်မီးယား

0 comments:
Post a Comment