၁။အိန္ဒိယနဲ့မြန်မာနိုင်ငံက ရေတပ်တို့ပူးပေါင်းပြီး ရေကြောင်းလေ့ကျင့်ခန်းတစ်ရပ်ဖြစ်တဲ့ India Myanmar Naval Exercise IMNEX-2019 ကို ဘင်္ဂလားပင်လယ်အော်အတွင်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
၂။ အဆိုပါ လေ့ကျင့်ခန်းဆိုင်ရာ ကြိုတင်ညှိနှိုင်းမှုတွေကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ လ ၁၈ ရက်နေ့တုန်းက အိန္ဒိယနိုင်ငံ၊ အရှေ့ဘက်ကမ်းရိုးတန်းဒေသ၊ ဗစ်ရှာခါပါတနမ်မှာရှိတဲ့ INS Ranvijay မှာ ပြုလုပ်ခဲ့ပါတယ်။ တပ်မတော်(ရေ) ဘက်က UMS Sin Phyu Shin (F-14) နဲ့ UMS Tabinshweti (773) တို့ ပါဝင်သွားမှာဖြစ်ပြီး အိန္ဒိယဘက်က INS Ranvijay (Guided-Missile Destroyer) နဲ့ INS Kuthar (Missile Corvette) တို့ ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ IMNEX-19 ရဲ့ ဆိပ်ကမ်းပိုင်း အကြိုလေ့ကျင့်ခန်းတွေကို အောက်တိုဘာလ ၂၀ ရက်နေ့ထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။
၃။ပင်လယ်ပြင်ပိုင်းလေ့ကျင့်ခန်း Sea Phase ကိုတော့ အောက်တိုဘာလ ၂၀ ရက်နေ့ကနေ ၂၂ ရက်နေ့ထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ Sea Phase လေ့ကျင့်ခန်းအနေနဲ့ ရေပြင်ရန်နဲ့ ဝေဟင်ရန်စစ်ဆင်ရေး၊ လက်နက်များ လက်တွေ့လေ့ကျင့်ပစ်ခတ်ခြင်းနဲ့ ဝေဟင်လေ့ကျင့်ပျံသန်းခြင်းဆိုင်ရာတွေကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref-#aninews.in
<<Zawgyi>>
ဘင်္ဂလားပင်လယ်အော်မှာလုပ်ဆောင်မဲ့ India Myanmar Naval Exercise IMNEX-2019 လေ့ကျင့်ခန်း
Monday , October 21 , 2019
၁။အိန္ဒိယနဲ့မြန်မာနိုင်ငံက ရေတပ်တို့ပူးပေါင်းပြီး ရေကြောင်းလေ့ကျင့်ခန်းတစ်ရပ်ဖြစ်တဲ့ India Myanmar Naval Exercise IMNEX-2019 ကို ဘင်္ဂလားပင်လယ်အော်အတွင်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
၂။ အဆိုပါ လေ့ကျင့်ခန်းဆိုင်ရာ ကြိုတင်ညှိနှိုင်းမှုတွေကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ လ ၁၈ ရက်နေ့တုန်းက အိန္ဒိယနိုင်ငံ၊ အရှေ့ဘက်ကမ်းရိုးတန်းဒေသ၊ ဗစ်ရှာခါပါတနမ်မှာရှိတဲ့ INS Ranvijay မှာ ပြုလုပ်ခဲ့ပါတယ်။ တပ်မတော်(ရေ) ဘက်က UMS Sin Phyu Shin (F-14) နဲ့ UMS Tabinshweti (773) တို့ ပါဝင်သွားမှာဖြစ်ပြီး အိန္ဒိယဘက်က INS Ranvijay (Guided-Missile Destroyer) နဲ့ INS Kuthar (Missile Corvette) တို့ ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ IMNEX-19 ရဲ့ ဆိပ်ကမ်းပိုင်း အကြိုလေ့ကျင့်ခန်းတွေကို အောက်တိုဘာလ ၂၀ ရက်နေ့ထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။
၃။ပင်လယ်ပြင်ပိုင်းလေ့ကျင့်ခန်း Sea Phase ကိုတော့ အောက်တိုဘာလ ၂၀ ရက်နေ့ကနေ ၂၂ ရက်နေ့ထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ Sea Phase လေ့ကျင့်ခန်းအနေနဲ့ ရေပြင်ရန်နဲ့ ဝေဟင်ရန်စစ်ဆင်ရေး၊ လက်နက်များ လက်တွေ့လေ့ကျင့်ပစ်ခတ်ခြင်းနဲ့ ဝေဟင်လေ့ကျင့်ပျံသန်းခြင်းဆိုင်ရာတွေကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
Ref-#aninews.in

0 comments:
Post a Comment