Tuesday, October 22, 2019

ခိုးမှုပြစ်ချက်ဟောင်း တရားခံ(၂)ဦးအား စစ်ကြောဖော်ထုတ်ရာမှ အခြားလုယက်မှု(၃)မှု ထပ်မံဖော်ထုတ် နိုင်ခဲ့

Image may contain: people sitting, motorcycle and text

အမှုမှာ ၁၅.၁၀.၂၀၁၉ ရက်နေ့ ၂၀၃၀ အချိန်တွင် ပိတောက်ချောင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည် လှိုင်မြို့နယ်အတွင်း လှည့်ကင်းတာဝန်များ ဆောင်ရက်နေစဉ် ခိုးမှုများကျူးလွန်ထားကြောင်း၊ ကြိုတင်သတင်းရရှိထားသူ ဝင်းသန်း နှင့် ဇော်မင်းထက်(ခ)ကိုထက်(ခ)ဝဲကြီး တို့(၂)ဦးအား (၁၅)ရပ်ကွက်၊ ပါရမီမီးပွိုင့်အနီးတွင် Honda-200(နံပါတ်မပါ) အမျိုးအစား ဆိုင်ကယ်(၁)စီးအား မောင်းနှင်လာစဉ် ရပ်တန့်စစ်ဆေးခဲ့ပြီး ၎င်းဆိုင်ကယ်နှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းရာ လွန်ခဲ့သော(၁၀)ရက်ခန့်က မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်းအပိုင် သမိုင်းလမ်းဘေးမှ ခိုးယူလာခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ပါသည်။

ဖမ်းဆီးရမိသူ ဝင်းသန်း နှင့် ဇော်မင်းထက်(ခ)ကိုထက်(ခ)ဝဲကြီး တို့(၂)ဦးအား အခြားပြစ်မှုများ ကျူးလွန်ခဲ့ခြင်းရှိ/မရှိ အသေးစိတ် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၎င်းတို့(၂)ဦးသည် ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ အတွင်း အင်းစိန်မြို့နယ်၊ အင်းစိန်ဘူတာရထားလမ်း၊ ခုံးကျော်တံတားအနီး လမ်းလျှောက်လာသော အမျိုးသား(၁)ဦးထံမှ Samsung J-701 အမျိုးအစားဖုန်း(၁)လုံး၊ အင်းစိန်မြို့သစ်လမ်းမကြီး၊ ရွှေကောင်း ကြွယ် လက်ဖက်ရည်ဆိုင်အနီး နှင့် တံတားအဆင်းတွင် ဂိမ်းဆော့၍ လမ်းလျှောက်လာသော အမျိုးသား (၂)ဦးထံမှ Redmi-7 အမျိုး အစား ဖုန်း(၂)လုံး၊ စုစုပေါင်း ဖုန်း(၃)လုံးအား လုယက်ခဲ့ကြကြောင်း ထပ်မံ စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။
စစ်ဆေးပေါ်ပေါက်ချက်အရ သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းရရှိပြီးဖြစ်၍ ပြစ်မှု ကျူးလွန်သူ ဝင်းသန်း နှင့် ဇော်မင်းထက်(ခ)ကိုထက်(ခ)ဝဲကြီး တို့(၂)ဦးအား ဥပဒေနှင့်အညီ အမြန်တရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပိုင်ရှင်များအနေဖြင့် ပိတောက်ချောင်းနယ်မြေရဲစခန်းသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သတင်းရရှိပါသည်။
<<Zawgyi>>
ခိုးမှုပြစ်ချက်ဟောင်း တရားခံ(၂)ဦးအား စစ်ကြောဖော်ထုတ်ရာမှ အခြားလုယက်မှု(၃)မှု ထပ်မံဖော်ထုတ် နိုင်ခဲ့
Tuesday , October 22 , 2019

No comments:

Post a Comment