ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း၊ ဘိုလာခရိုင်ရှိ ဘိုရန်နက်ဒင်မြို့တွင် ထောင်နှင့်ချီသော မူစလင်များသည် တမန်တော်မိုဟာမက်ကိုစော်ကားသော Facebook ပို့စ်တစ်ခုအပေါ် စိတ်ဆိုးဒေါသထွက်ပြီး လမ်းမများထက်သို့ထွက်ကာ ဆန္ဒပြကြရာမှ အဓိကရုဏ်းဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့မှ ပစ်ခတ်နှိမ်နင်းရာမှ ၄ ဦးအထိသေဆုံးခဲ့ကြောင်းသိရှိရသည်။
မူစလင်များကို စိတ်ဆိုးဒေါသထွက်စေခဲ့သော ပို့စ်ကိုတင်ခဲ့သူမှာ ယင်းဒေသတွင်နေထိုင်သော အသက် ၂၅ နှစ်အရွယ် ဟိန္ဒိူဘာသာဝင်အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းကမူ ထိုပို့စ်ကိုသူတင်ခြင်းမဟုတ်ဘဲ သူ၏ Facebook အကောင့် မှာ hack ခံခဲ့ရခြင်းကာ hacker များကသူ့ကို ခြိမ်းခြောက်ငွေတောင်းခဲ့သေးကြောင်း ရဲတပ်ဖွဲ့ကို ပြောကြားထားသည်ဟု ဘိုလာခရိုင်ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။
ယခုအဓိကရုဏ်းဖြစ်ပွားစေခဲ့သော ပို့စ်အပေါ် အွန်လိုင်းတွင် လူအများ၏ အာရုံစိုက်မှုမြင့်တက်လာပြီးနောက်တွင် သက်ဆိုင်ရာဒေသအာဏာပိုင်များသည် စနေနေ့က ဘာသာရေးခေါင်းဆောင်များနှင့်တွေ့ဆုံပြီး လူအများ တည်ငြိမ်ပြီး စိတ်အေးချမ်းမှုရှိကာ အခြေအနေတည်ငြိမ်မှုရှိစေရန် ကြိုးစားခဲ့ကြသည်။
အစပိုင်းတွင် ဆန္ဒပြမှုသည် တည်ငြိမ်အေးဆေးနေသဖြင့် ၎င်းတို့အနေဖြင့် ပစ်ခတ်ရန် အစီအစဉ်မရှိခဲ့ကြောင်း၊ သို့သော် နောက်ပိုင်းတွင် လူအုပ်ထဲမှအချို့သူများက ဆူပူအကြမ်းဖက်လာပြီး ရဲများကို ကျောက်တုံးများ၊ အုတ်ခဲများဖြင့် ပစ်ပေါက် လာခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။
ထို့နောက် အခြေအနေများ ပိုမိုဆိုးလာခဲ့ပြီးနောက်တွင် ရဲတပ်ဖွဲ့ဝင်များက ကျည်ဆံအတုများနှင့် ပစ်ခတ်ခဲ့သေးသော်လည်း လူစုခွဲနိုင်ခြင်းမရှိသဖြင့် မည်သို့မျှမတတ်နိုင်ဘဲ ကိုယ့်အသက်အန္တရာယ်ကိုကာကွယ်ရန် ကျည်ဆန်အစစ်ထည့်ထားသော သေနတ်ဖြင့် ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်းသိရှိရသည်။

<<Zawgyi>>
ဘင်္ဂလားဒေ့ရှ်တွင် တမန်တော်မိုဟာမက်ကိုစော်ကားသော Facebook ပို့စ်တစ်ခုအပေါ် မကျေနပ်ရာမှ ဆူပူသောင်းကျန်းမှုဖြစ်ပွားခဲ့ကာ ၄ ဦးသေဆုံး
Tuesday , October 22 , 2019
ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း၊ ဘိုလာခရိုင်ရှိ ဘိုရန်နက်ဒင်မြို့တွင် ထောင်နှင့်ချီသော မူစလင်များသည် တမန်တော်မိုဟာမက်ကိုစော်ကားသော Facebook ပို့စ်တစ်ခုအပေါ် စိတ်ဆိုးဒေါသထွက်ပြီး လမ်းမများထက်သို့ထွက်ကာ ဆန္ဒပြကြရာမှ အဓိကရုဏ်းဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့မှ ပစ်ခတ်နှိမ်နင်းရာမှ ၄ ဦးအထိသေဆုံးခဲ့ကြောင်းသိရှိရသည်။
မူစလင်များကို စိတ်ဆိုးဒေါသထွက်စေခဲ့သော ပို့စ်ကိုတင်ခဲ့သူမှာ ယင်းဒေသတွင်နေထိုင်သော အသက် ၂၅ နှစ်အရွယ် ဟိန္ဒိူဘာသာဝင်အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းကမူ ထိုပို့စ်ကိုသူတင်ခြင်းမဟုတ်ဘဲ သူ၏ Facebook အကောင့် မှာ hack ခံခဲ့ရခြင်းကာ hacker များကသူ့ကို ခြိမ်းခြောက်ငွေတောင်းခဲ့သေးကြောင်း ရဲတပ်ဖွဲ့ကို ပြောကြားထားသည်ဟု ဘိုလာခရိုင်ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။
ယခုအဓိကရုဏ်းဖြစ်ပွားစေခဲ့သော ပို့စ်အပေါ် အွန်လိုင်းတွင် လူအများ၏ အာရုံစိုက်မှုမြင့်တက်လာပြီးနောက်တွင် သက်ဆိုင်ရာဒေသအာဏာပိုင်များသည် စနေနေ့က ဘာသာရေးခေါင်းဆောင်များနှင့်တွေ့ဆုံပြီး လူအများ တည်ငြိမ်ပြီး စိတ်အေးချမ်းမှုရှိကာ အခြေအနေတည်ငြိမ်မှုရှိစေရန် ကြိုးစားခဲ့ကြသည်။
အစပိုင်းတွင် ဆန္ဒပြမှုသည် တည်ငြိမ်အေးဆေးနေသဖြင့် ၎င်းတို့အနေဖြင့် ပစ်ခတ်ရန် အစီအစဉ်မရှိခဲ့ကြောင်း၊ သို့သော် နောက်ပိုင်းတွင် လူအုပ်ထဲမှအချို့သူများက ဆူပူအကြမ်းဖက်လာပြီး ရဲများကို ကျောက်တုံးများ၊ အုတ်ခဲများဖြင့် ပစ်ပေါက် လာခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။
ထို့နောက် အခြေအနေများ ပိုမိုဆိုးလာခဲ့ပြီးနောက်တွင် ရဲတပ်ဖွဲ့ဝင်များက ကျည်ဆံအတုများနှင့် ပစ်ခတ်ခဲ့သေးသော်လည်း လူစုခွဲနိုင်ခြင်းမရှိသဖြင့် မည်သို့မျှမတတ်နိုင်ဘဲ ကိုယ့်အသက်အန္တရာယ်ကိုကာကွယ်ရန် ကျည်ဆန်အစစ်ထည့်ထားသော သေနတ်ဖြင့် ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်းသိရှိရသည်။
No comments:
Post a Comment