ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ ပန်းတင်ရပ်ကွက် ပန်းတင်(၂) လမ်းနေ ဦးကြည်လွင် ကျန်းမာရေးမှူး(ငြိမ်း)၏ နေအိမ်တွင် ယနေ့ (အောက်တိုဘာလ ၂၁ ရက်နေ့ ) နံနက် ၁ နာရီ အချိန်ခန့်က မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။
အဆိုပါမီးလောင်ရာနေရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် အရန်မီးသတ်တပ်ဖွဲ့ဝင်များနဲ့ ရပ်ကွက်သူ/ရပ်ကွက်သား များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၃၀ မိနစ်အချိန်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။ မီးလောင်ရာတွင်ပါဝင်သည့် ဦးကြည်လွင်ပိုင်ဆိုင်သော ရွှေထည် လက်ကောက် (၇)ကွင်း၊ လက်စွပ်(၅)ကွင်း၊ ဆွဲကြိုး(၁)ကုံး၊ နားကပ်(၁)ရံ နှင့် ဆွဲသီး(၁)လုံးတို့အား ပိုင်ရှင်နှင့်အတူ မီးသတ် တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ဝိုင်းဝန်ရှာဖွေ၍ ပိုင်ရှင်ထံ ပြန်လည်အပ်နှံနိုင်ခဲ့ကြောင်း သိရှိရသည်။

<<zawgyi>>
ကြို့ပင်ကောက်မြို့ ပန်းတင် (၂)လမ်းတွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွား
Monday , October 21 , 2019
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ ပန်းတင်ရပ်ကွက် ပန်းတင်(၂) လမ်းနေ ဦးကြည်လွင် ကျန်းမာရေးမှူး(ငြိမ်း)၏ နေအိမ်တွင် ယနေ့ (အောက်တိုဘာလ ၂၁ ရက်နေ့ ) နံနက် ၁ နာရီ အချိန်ခန့်က မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။
အဆိုပါမီးလောင်ရာနေရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် အရန်မီးသတ်တပ်ဖွဲ့ဝင်များနဲ့ ရပ်ကွက်သူ/ရပ်ကွက်သား များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၃၀ မိနစ်အချိန်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။ မီးလောင်ရာတွင်ပါဝင်သည့် ဦးကြည်လွင်ပိုင်ဆိုင်သော ရွှေထည် လက်ကောက် (၇)ကွင်း၊ လက်စွပ်(၅)ကွင်း၊ ဆွဲကြိုး(၁)ကုံး၊ နားကပ်(၁)ရံ နှင့် ဆွဲသီး(၁)လုံးတို့အား ပိုင်ရှင်နှင့်အတူ မီးသတ် တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ဝိုင်းဝန်ရှာဖွေ၍ ပိုင်ရှင်ထံ ပြန်လည်အပ်နှံနိုင်ခဲ့ကြောင်း သိရှိရသည်။
#Myanmar_Online_News #ကြို့ပင်ကောက်မြို့ #မီးလောင်

0 comments:
Post a Comment