Thursday, October 17, 2019

စတော့ဟုမ်းငြိမ်းချမ်းရေးဆုရှင် IBEC ဆရာတော် တရုတ်နိုင်ငံ အာရှ-အာဖရိက လူငယ်ညီလာခံတက်ရောက်

Image may contain: 3 people, people sitting and indoor

တရုတ်နိုင်ငံ ဘေကျင်းမြို့ ၂၁ ရာစုဟော်တယ်၌ စတုတ္ထအကြိမ်အဖြစ် အောက်တိုဘာ ၁၅ရက်မှ စတင်ကျင်းပနေသော အဆို ပါညီလာခံကို အာရှ-ပစိဖိတ်ရပ်ဝန်းဒေသရှိ နိုင်ငံပေါင်း (၂၁)နိုင်ငံပါဝင်သည့် အာရှလူငယ်ကောင်ဆယ် ဗဟိုကော်မ တီအစည်းအဝေးသို့ စတော့ ဟုမ်းငြိမ်းချမ်းရေးဆုရှင် IBEC ဆရာတော် ဒေါက်တာအရှင်သောဘိတ တက်ရောက်ကာ ဒေသတွင်းလူငယ်များအနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စများအား ဆွေးနွေးကာ နား လည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို တရုတ်ဗဟိုအစိုးရ၏ ထောက်ပံ့မူဖြင့် China Youth Federation (CYF) ၊ Asia Youth Council (AYC) နှင့် African Youth Council (AYC) တို့ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး နိုင်ငံပေါင်း(၆၉)နိုင်ငံမှ ကိုယ်စားလှယ်ပေါင်း(၅၀ဝ) ကျော် တက်ရောက်ခဲ့ကြပြီး ညီလာခံကို အောက်တိုဘာ ၁၅ ရက်မှ ၁၉ ရက်အထိ လေးရက်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံမှ အထူး ကိုယ်စားလှယ်အဖြစ် ဆရာတော်နှင့်အတူ IBEC နိုင်ငံတကာဆက်ဆံရေးဌာနမှ ဆရာလင်းကြူ လိုက်ပါ တက်ရောက်လျက်ရှိကြောင်း သိရသည်။
ဆက်လက်ပြီး ဆရာတော်သည် Cambodia နိုင်ငံ ဖနွမ်းပင်မြို့၌ Cambodia နိုင်ငံအစိုးရနှင့် UPF အဖွဲ့ တို့ပူးပေါင်းကာ နိုဝင်ဘာ ၁၈ရက်မှ ၂၁ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်သော Asia Pacific World Peace Summit-2019 သို့ မြန်မာနိုင်ငံတော်အစိုးရအဖွဲ့နှင့်အတူ တက်ရောက်ပြီး၂၀၂၀တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် Asia Pacific World peace summit-2020 အတွက် သဘောတူဆွေးနွေးသွားမည် ဖြစ်ကြောင်း IBEC သတင်းနှင့်ပြန်ကြား ရေးဌာနမှ သိရသည်။
တင်မောင်မန်းကိုယ်ပွား
<zawgyi>
စတော့ဟုမ်းငြိမ်းချမ်းရေးဆုရှင် IBEC ဆရာတော် တရုတ်နိုင်ငံ အာရှ-အာဖရိက လူငယ်ညီလာခံတက်ရောက်
Thursday ,October 17 ,2019

#Myanmar_Online_News

0 comments:

Post a Comment