မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအား GovInsider Magazine က ၂၀၁၉ ခုနှစ် အတွက် The Rising Star Award ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည် ။
GovInsider Magazine သည် စင်္ကာပူနိုင်ငံ အခြေစိုက်ဖြစ်ပြီး အာဆီယံ ဒေသတွင်းရှိ အစိုးရများ၏ ပြုပြင်ပြောင်းလဲ တီထွင် ဆန်းသစ်မှုများကို အစီရင်ခံရေးသားသည့် မဂ္ဂဇင်းဖြစ်ကာ အဆိုပါဆုကို နိုင်ငံတကာမှ ဒိုင်များက အကဲဖြတ် ရွေးချယ်ခဲ့ခြင်းဖြစ်သည် ။
မြို့သူ မြို့သားများ၏ လူနေထိုင်မှုဘဝ ပိုမိုတိုးတက်ကောင်းမွန်စေရန် ပြုပြင်ပြောင်းလဲမှုများကို မျက်ဝါးထင်ထင် ဆောင်ရွက်နိုင်ခဲ့သည့် အစိုးရ/ဌာနဆိုင်ရာ အဖွဲ့အစည်းများကို Rising Star Award ချီးမြှင့်ခြင်းဖြစ်ပြီး ဆုပေးပွဲအခမ်းအနားကို ထိုင်းနိုင်ငံ UN Conference Centre ၌ အောက်တိုဘာလ ၁၆ ညပိုင်းက ကျင်းပခဲ့သည် ။
``ဆုတွေရတာကတော့ အသိအမှတ်ပြုခံရတဲ့သဘောဖြစ်တာကြောင့် မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ ဝမ်းသာပါတယ်။ တစ်ဖက်မှာကျတော့ ကျွန်တော်တို့ ပိုပြီး ကျိုးစားရမယ် ဆက်ပြီး ကျိုးစားရမယ် ဆိုတဲ့တွန်းအားတစ်ခု ဖြစ်ခဲ့ပါတယ်။ ဆုကို သွားမယူနိုင်ဘူး။ ဒီတော့ သူတို့ပို့ပေးမှာ ။ မြို့တော်ဝန်ကြီးမသွားနိုင်တဲ့အတွက် ဗွီဒီယို ကနေ ကျေးဇူးတင်စကားပြောရတယ်။´´ ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့် က ပြောသည် ။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် နိုင်ငံတကာ မှ ပေးအပ်သည့် ဆု (၅) ခု ရှိပြီဖြစ်ကာ ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်အတွက် Top 10 ASEAN Smart Cities တွင် အမှတ်စဉ် ၅ ၊ ASEAN Public Toilet Award 2019-2021 ၊ ၂၀၁၉ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆု၊ ASOCIO Smart City Award 2019 နှင့် ယခု The Rising Star Award of GonInsider တို့ဖြစ်သည် ။
<zawgyi>
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအား ၂၀၁၉ ခုနှစ်အတွက် The Rising Star Award ပေးအပ်ချီးမြှင့်
Thursday ,October 17 ,2019

#The_Rising_Star_Award #မန်းစည်ပင် #GovInsider_Magazine

0 comments:
Post a Comment