အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်ဟာရခိုင်လက်နက်ကိုင် အဖွဲ့ AA လက်နက်ကိုင်သောင်းကျန်းသူများအဖွဲ့ ရဲ့ ဖမ်းဆီးခေါ်ဆောင်တာကို ခံရပြီး သေဆုံးသွားခဲ့တဲ့ အိန္ဒိယနိုင်ငံသား Mr. Vinoo Gopal ရဲ့ ဇနီးဖြစ်သူ Mrs. Alpana Mathur နဲ့ ကျန်ရစ်သူမိသားစုနေထိုင်ရာ နေအိမ်ကို နိုဝင်ဘာ(၇)ရက်က သွားရောက်ပြီး ကြေကွဲဝမ်းနည်းစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
Mr. Vinoo Gopal ဟာ ကုလားတန်မြစ် စီမံကိန်းမှာ အင်ဂျင်နီယာဆိုင် အကြံပေးအဖြစ် ဆောင်ရွက်နေတာ ဖြစ်ပြီး စီမံကိန်းဝန်ထမ်း (၄)ဦး၊ မြန်မာနိုင်ငံသား (၅)ဦး နဲ့ အတူ ပလက်ဝမြို့ကနေ ကျောက်တော်မြို့ကိုအလာ လမ်းမှာ နိုဝင်ဘာ(၃)ရက်က AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင် သွားခဲ့တာပါ။ Mr. Vinoo Gopal နဲ့ အတူ ဖမ်းဆီးခံရသူတွေထဲမှာ ချင်းပြည်နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းလည်း ပါဝင်ပါတယ်။ နိုဝင်ဘာ(၄) ရက်မှာတော့ AA အဖွဲ့ဟာ ဖမ်းဆီးထားတဲ့သူတွေအထဲက ဦးဝှေ့တင်း ကိုချန်ထားပြီး Gopal အလောင်းအပါအဝင် ဖမ်းဆီးထားတဲ့ လူ(၉) ဦးကို ပြန်လွှတ် ပေးခဲ့ပါတယ်။

<zawgyi>
AA လက်နက်ကိုင်သောင်းကျန်းသူများအဖွဲ့ ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် ကွယ်လွန်ခဲ့သည့် အိန္ဒိယနိုင်ငံသား၏ မိသားစုအား မြန်မာသံအမတ်ကြီး သွားရောက်တွေ့ဆုံ
Friday , November 8, 2019
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်ဟာရခိုင်လက်နက်ကိုင် အဖွဲ့ AA လက်နက်ကိုင်သောင်းကျန်းသူများအဖွဲ့ ရဲ့ ဖမ်းဆီးခေါ်ဆောင်တာကို ခံရပြီး သေဆုံးသွားခဲ့တဲ့ အိန္ဒိယနိုင်ငံသား Mr. Vinoo Gopal ရဲ့ ဇနီးဖြစ်သူ Mrs. Alpana Mathur နဲ့ ကျန်ရစ်သူမိသားစုနေထိုင်ရာ နေအိမ်ကို နိုဝင်ဘာ(၇)ရက်က သွားရောက်ပြီး ကြေကွဲဝမ်းနည်းစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
Mr. Vinoo Gopal ဟာ ကုလားတန်မြစ် စီမံကိန်းမှာ အင်ဂျင်နီယာဆိုင် အကြံပေးအဖြစ် ဆောင်ရွက်နေတာ ဖြစ်ပြီး စီမံကိန်းဝန်ထမ်း (၄)ဦး၊ မြန်မာနိုင်ငံသား (၅)ဦး နဲ့ အတူ ပလက်ဝမြို့ကနေ ကျောက်တော်မြို့ကိုအလာ လမ်းမှာ နိုဝင်ဘာ(၃)ရက်က AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင် သွားခဲ့တာပါ။ Mr. Vinoo Gopal နဲ့ အတူ ဖမ်းဆီးခံရသူတွေထဲမှာ ချင်းပြည်နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းလည်း ပါဝင်ပါတယ်။ နိုဝင်ဘာ(၄) ရက်မှာတော့ AA အဖွဲ့ဟာ ဖမ်းဆီးထားတဲ့သူတွေအထဲက ဦးဝှေ့တင်း ကိုချန်ထားပြီး Gopal အလောင်းအပါအဝင် ဖမ်းဆီးထားတဲ့ လူ(၉) ဦးကို ပြန်လွှတ် ပေးခဲ့ပါတယ်။

0 comments:
Post a Comment