Yangon Water Bus အရှုံးပေါ်နေသည်ဟု တင်ပြထားခြင်းမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။
YRTA ရုံးတွင် နိုဝင်ဘာလ ၆ ရက်ကကျင်းပသည့် အပတ်စဉ်သတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ အရှုံးပေါ်တယ်ဆိုပြီး ကျွန်တော်တို့ကိုတင်ပြထားတာမရှိပါဘူး။ သိသလောက်ကတော့ ရေယာဉ် တွေကို စစ်ဆေးဖို့ နောက်တစ်ခါဆိပ်ကမ်းတွေကို အဆင့်မြှင့်တင်နေလို့ ရပ်ဆိုင်းထားတယ်ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး YRTA မှာသီးခြားတာဝန်ပေးထားတယ့်အဖွဲ့ရှိပါတယ်။ အဲဒီအဖွဲ့နဲ့ဆက်သွယ်ပြီးမှ မေးမြန်းလို့ရမယ်။ YRTA အနေနဲ့အထောက်အပံ့မပေးတာမဟုတ်ဘူး။ သူတို့ဘက်ကတင်ပြလို့ရှိရင် အဆင်ပြေအောင် လုပ်ဆောင်ပေးမှာပါ။ Water Bus ကိုစတည်ထောင်တာက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာကုမ္ပဏီနဲ့ ညှိနှိုင်းပြီးမှ ထူ ထောင်တာပါ။ ထူထောင်ပြီးမှသာ ဒီလုပ်ငန်းရပ်အပေါ်မှာအခြေခံပြီး YRTA နဲ့ ဆက်စပ်လာတဲ့ကိစ္စဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာ ပိုင်အဖွဲ့(YRTA)မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။
Yangon Water Bus ပြေးဆွဲခြင်းကို ပြီးခဲ့သည့်အောက်တိုဘာလမှစတင်၍ ရပ်ဆိုင်ခဲ့ပြီး ရေယာဉ်ကြံ့ခိုင်မှု စစ်ဆေးခြင်း၊ ဆိပ်ကမ်းများအဆင့်မြှင့်တင်ခြင်းတို့ ပြန်လည်ဆောင်ရွက်ခဲ့သေးသည်။
<zawgyi>
Yangon Water Bus အရှုံးပေါ်နေကြောင်း YRTA ထံတင်ပြထားခြင်းမရှိဟု ဆို
Friday , November 8, 2019

0 comments:
Post a Comment