Monday, November 18, 2019

အညံ့များပပျောက်အောင် အခေါင်းအလွတ်များထဲသို့ ဝင်အိပ်၍ယတြာချေခြင်း ရိုးရာဓလေ့ပွဲ

No photo description available.
ထိုင်းနိုင်ငံ နခွန်ရတ်စီမာပြည်နယ် ( အီစံပြည် )ခိုရတ်မြို့နယ်ဘုန်းကြီးကျောင်းအသီးသီးတွင် ငွေကြေးတတ်နိုင်သော ဒကာဒကာမအပေါင်းတို့မှ နှစ်စဉ်ဝါကျွတ်ကာလတွင် အခေါင်းလွတ်များကိုဘုန်းကြီးကျောင်းသို့လာရောက်စုပေါင်းလှူဒါန်းကြပြီး အခေါင်းထဲတွင်ဝင်အိပ်ကာ ခြေမလက်မများတွင်အပ်ချည်ကြိုးများချည်နှောင်၍ ယတြာချေလေ့ရှိကြသည့်ရိုးရာဓလေ့ပွဲများကိုနှစ်စဉ်အောက်တိုဘာလများတွင်ပြုလုပ်လျှက်ရှိကြောင်းလေ့လာတွေ့ရှိရပါသည် ။

စုပေါင်း၍ အခေါင်းအလွတ်(၁၄၀၀)ကိုလာရောက်လှူဒါန်းကြပြီဘုန်းကြီးကျောင်းပေါင်း(၁၀၈)မှ ဘုရားအမှူးရှိသောသံဃာတော်များကို ဆွမ်းလောင်းခြင်း ၊ သင်္ကန်းများဆက်ကပ်ခြင်း၊ စတုဒီသာများကျွေးမွေးခြင်း ၊ ချို့တဲ့သူများအား ဆန်ဆီဆားဆေးများစွန့်ကျဲမျှဝေခြင်းများပြုလုပ်ခဲ့ကြသည် ။
ထူးခြားသည်မှာ ထိုသို့ပြုလုပ်ပြီးနောက်အသုဘအခေါင်းအလွတ် (အမည်မထိုးထား) (၁၉)ခုထဲတွင် လူငယ်လူကြီးများမကျန်အသက်လိုက်မိနစ်အရေအတွက်ဖြင့် ခေါင်းထဲတွင်အလှည့်ကျဝင်ရောက်၍ မိမိတို့သေဆုံးသွားသည့် ပုံသဏ္ဍန်ဖြင့်သံဃာတော်(၅)ပါးမှ ပရိတ်အပ်ချည်ကြိုးများကိုဝန်းရံ၍ လက်တွင်ကြာဖူးနှစ်ဖူးနှင့်အမွှေးတိုင်ဖရောင်တိုင်များကိုကိုင်ဆောင်ကာ ခေါင်းသေတ္တာထဲ၌ပက်လက်အနေအထားဖြင့်ဘုရားကိုအာရုံပြုစေပြီး သရဏဂုံတင်ကာရွတ်ဖတ်သရဇ္ဇယ်ခြင်း ၊ ပရိတ်ရေများဖြန်းပက်ခြင်းများပြုလုပ်ကြပါသည် ။
ထိုသို့ပြုလုပ်ခြင်းဖြင့်၎င်းတို့၏အညံ့များ၊ဂြိုလ်ဆိုးများပပျောက်ကင်းဝေးကာဂုဏ်ကျက်သရေတိုးပွား၍စီးပွားလာဘ်လာဘများတိုးတက်မည်ဟုယုံကြည်ကြခြင်းနှင့်မတော်တဆထိခိုက်မှုများမှကင်းဝေးစေသည်ဟုယုံကြည်ခြင်းကြောင့်ယခုကဲ့သို့ပြုလုပ်ကြရသည်ဟုသိရှိရပါသည်။
ယခုအကြိမ်သည်( ၂၁ ) ကြိမ်မြောက်ဖြစ်ပြီး ဤသို့ယတြာချေလိုက်ခြင်းအားဖြင့် သေကိန်းရှိသူများပင်အသက်ဆက်သည်ဟုလည်းယုံကြည်ထားကြပါသည် ။အထူးသဖြင့်ကုန်သည်များ ၊စျေးရောင်းစျေးဝယ်သမားများ ၊ စီးပွားရေးသမားများအများအပြားလာရောက်ကျင်းပကြသည့်မြင်ကွင်းကလည်းထူဆန်းလှပါပေသည် ။
Image may contain: one or more people and people standing
Image may contain: 1 person, text

<<Zawgyi>>
အညံ့များပပျောက်အောင် အခေါင်းအလွတ်များထဲသို့ ဝင်အိပ်၍ယတြာချေခြင်း ရိုးရာဓလေ့ပွဲ
Tuesday, November 19 , 2019

ထိုင်းနိုင်ငံ နခွန်ရတ်စီမာပြည်နယ် ( အီစံပြည် )ခိုရတ်မြို့နယ်ဘုန်းကြီးကျောင်းအသီးသီးတွင် ငွေကြေးတတ်နိုင်သော ဒကာဒကာမအပေါင်းတို့မှ နှစ်စဉ်ဝါကျွတ်ကာလတွင် အခေါင်းလွတ်များကိုဘုန်းကြီးကျောင်းသို့လာရောက်စုပေါင်းလှူဒါန်းကြပြီး အခေါင်းထဲတွင်ဝင်အိပ်ကာ ခြေမလက်မများတွင်အပ်ချည်ကြိုးများချည်နှောင်၍ ယတြာချေလေ့ရှိကြသည့်ရိုးရာဓလေ့ပွဲများကိုနှစ်စဉ်အောက်တိုဘာလများတွင်ပြုလုပ်လျှက်ရှိကြောင်းလေ့လာတွေ့ရှိရပါသည် ။
စုပေါင်း၍ အခေါင်းအလွတ်(၁၄၀၀)ကိုလာရောက်လှူဒါန်းကြပြီဘုန်းကြီးကျောင်းပေါင်း(၁၀၈)မှ ဘုရားအမှူးရှိသောသံဃာတော်များကို ဆွမ်းလောင်းခြင်း ၊ သင်္ကန်းများဆက်ကပ်ခြင်း၊ စတုဒီသာများကျွေးမွေးခြင်း ၊ ချို့တဲ့သူများအား ဆန်ဆီဆားဆေးများစွန့်ကျဲမျှဝေခြင်းများပြုလုပ်ခဲ့ကြသည် ။
ထူးခြားသည်မှာ ထိုသို့ပြုလုပ်ပြီးနောက်အသုဘအခေါင်းအလွတ် (အမည်မထိုးထား) (၁၉)ခုထဲတွင် လူငယ်လူကြီးများမကျန်အသက်လိုက်မိနစ်အရေအတွက်ဖြင့် ခေါင်းထဲတွင်အလှည့်ကျဝင်ရောက်၍ မိမိတို့သေဆုံးသွားသည့် ပုံသဏ္ဍန်ဖြင့်သံဃာတော်(၅)ပါးမှ ပရိတ်အပ်ချည်ကြိုးများကိုဝန်းရံ၍ လက်တွင်ကြာဖူးနှစ်ဖူးနှင့်အမွှေးတိုင်ဖရောင်တိုင်များကိုကိုင်ဆောင်ကာ ခေါင်းသေတ္တာထဲ၌ပက်လက်အနေအထားဖြင့်ဘုရားကိုအာရုံပြုစေပြီး သရဏဂုံတင်ကာရွတ်ဖတ်သရဇ္ဇယ်ခြင်း ၊ ပရိတ်ရေများဖြန်းပက်ခြင်းများပြုလုပ်ကြပါသည် ။
ထိုသို့ပြုလုပ်ခြင်းဖြင့်၎င်းတို့၏အညံ့များ၊ဂြိုလ်ဆိုးများပပျောက်ကင်းဝေးကာဂုဏ်ကျက်သရေတိုးပွား၍စီးပွားလာဘ်လာဘများတိုးတက်မည်ဟုယုံကြည်ကြခြင်းနှင့်မတော်တဆထိခိုက်မှုများမှကင်းဝေးစေသည်ဟုယုံကြည်ခြင်းကြောင့်ယခုကဲ့သို့ပြုလုပ်ကြရသည်ဟုသိရှိရပါသည်။
ယခုအကြိမ်သည်( ၂၁ ) ကြိမ်မြောက်ဖြစ်ပြီး ဤသို့ယတြာချေလိုက်ခြင်းအားဖြင့် သေကိန်းရှိသူများပင်အသက်ဆက်သည်ဟုလည်းယုံကြည်ထားကြပါသည် ။အထူးသဖြင့်ကုန်သည်များ ၊စျေးရောင်းစျေးဝယ်သမားများ ၊ စီးပွားရေးသမားများအများအပြားလာရောက်ကျင်းပကြသည့်မြင်ကွင်းကလည်းထူဆန်းလှပါပေသည် ။
#ข่าวโขราชแห่ร่วมทอดผ้าป่าหีบศพนอนในโลงสะเดาะเคราะห์

No comments:

Post a Comment