Monday, November 18, 2019

အိန္ဒိယ ရွာသားငါးဦးကို သတ်ခဲ့တဲ့ ဆင်ရိုင်းကြီး ဘင်လာဒင် ဖမ်းဆီးချုပ်နှောင်ခံရမှုအတွင်း သေဆုံး

Image may contain: sky, outdoor and nature
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဆင်ရိုင်းကြီးတစ်ကောင်ကို အင်အားသုံး တောနင်းရှာဖွေ ဖမ်းဆီးခဲ့ပြီးနောက် အချုပ်အနှောင်နဲ့ထားစဉ် ဆင်ကြီး သေဆုံးသွားခဲ့ကြောင်း တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။ လူတွေကို သတ်ခဲ့တဲ့ ယင်း တောဆင်ရိုင်းကြီးကို သေဆုံးခဲ့ပြီးဖြစ်တဲ့ အယ်ကေဒါခေါင်းဆောင် အိုစမာ ဘင်ဘာဒင်ရဲ့ အမည်ပေးထားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက နိုင်ငံအရှေ့မြောက်ပိုင်း အာသံပြည်နယ် ဂိုလ်ပါရာမှာ ရွာသား ငါးဦးကို ဒေါသတကြီး သတ်ဖြတ်သွားခဲ့ပြီးနောက် လာဒင်လို့ အမည်ပြောင်ပေးထားတဲ့ ဆင်ထီးကြီးကို သစ်တောတာဝန်ရှိသူတွေက ရက်ပေါင်းများစွာ ခြေရာခံလိုက်ရှာခဲ့ကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့မှာတော့ လာဒင်ကို ရှာတွေ့ခဲ့ပြီး မေ့ဆေးပေး ဖမ်းဆီးနိုင်ခဲ့ကြပါတယ်။
ယင်းနောက် ဆင်ကြီးကို ဘေးမဲ့တောတွေမှာ ကင်းလှည့်စစ်ဆေးမှုတွေလုပ်ဖို့နဲ့ ပြည်နယ် အတွင်း ဘာသာရေးအခမ်းအနားတွေမှာ အသုံးပြုနိုင်ဖို့အတွက် လေ့ကျင့်သင်ကြားပေးဖို့ အာသံပြည်နယ် Orange အမျိုးသားဥယျာဉ်ကို သယ်ဆောင်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း တနင်္ဂနွေနေ့ မနက်ပိုင်းမှာပဲ ဆင်ကြီး လာဒင် သေဆုံးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
ဆင်ကြီးရဲ့ အပြုအမူဟာ ပုံမှန်အခြေအနေမှာရှိတာဖြစ်ကြောင်း၊ ဒါပေမဲ့လည်း သူ့ခြေထောက်တွေကို ချည်နှောင်ထားတယ်ဆိုတာက သူ လွတ်ထွက်မသွားစေဖို့ အတွက်ဖြစ်ပါကြောင်း အမည်မဖော်လိုတဲ့ သစ်တောအရာရှိတစ်ဦးက ပြောဆိုခဲ့ပါတယ်။ တနင်္ဂနွေ မနက် ၅ နာရီလောက်မှာ ဆင်ကြီး သေဆုံးသွားပြီလို့ ထိန်းသိမ်းစောင့်ရှောက်ထားသူတွေက သတင်းပို့ခဲ့ကြောင်းလည်း ၎င်းက ပြောဆိုပါတယ်။
ဆင်ကြီး ဘာကြောင့်သေဆုံးခဲ့ရတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမယ့် ပြည်နယ်အစိုးရက ရင်ခွဲစစ်ဆေးမှုတွေလုပ်ဖို့ တိရစ္ဆာန်ဆရာဝန်အဖွဲ့တစ်ဖွဲ့ စေလွှတ် ထားခဲ့ပြီဖြစ်ကြောင်း အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုပါတယ်။
ဇွန်လအတွင်းက ထုတ်ပြန်ခဲ့တဲ့ တရားဝင် စာရင်းဇယားတွေအရ အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ ငါးနှစ်ကျော်လောက်အတွင်း ဆင်တွေကြောင့် သေဆုံးခဲ့ရသူ ၂၃၀၀ နီးပါးအထိရှိခဲ့ကြောင်း သိရပါတယ်။
CNA
(Unicode)

No comments:

Post a Comment