ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုခံထားရသည့် သရုပ်ဆောင်မိုးအောင်ရင်ကို ယနေ့ ဒီဇင်ဘာ ၆ရက်တွင် ရုံးတော်က ဆင့်ခေါ်ထားပြီး၊ ခရီးလွန်နေသည့်အတွက်ခွင့်တိုင်ကြားထားကြောင်း တရားရုံးမှစုံစမ်းသိရှိရသည်။
ယင်းအပေါ် တရားလိုဖြစ်သူ မခင်မြတ်နိုးဘက်က ကန့်ကွက်ထားပြီး၊ ရုံးတော်က မိုးအောင်ရင်အနေဖြင့် ခရီးသွားနေကြောင်း ခိုင်လုံသည့်သက်သေ(ခရီးသွားလက်မှတ်များနှင့် အခြားသောခရီးသွားအထောက်အထားများ)တင်ပြရန် တောင်းဆိုထားရှိကြောင်း သိရသည်။
`ကိုယ်မဟုတ်တဲ့အတွက်ဘာမှပြောစရာမရှိပါဘူး(ဆေးဆက်လက်သုံးနေသည်ဟု ပြောသည့် အပေါ်) အမှန်တရားကသိလာမှာပဲ။အဓိ က ကတော့လမ်းခွဲချင်လို့ပဲဖြစ်မှာပေါ့´ဟု တရားလို မခင်မြတ်နိုးက ရှင်းပြသည်။
သရုပ်ဆောင် မိုးအောင်ရင်ကို ၎င်း၏ ရည်းစားဟောင်း ဖြစ်သူက ကာမလိမ်လည်မှုဖြင့် နိုဝင်ဘာ ၂၂ ရက်က ရန်ကင်း မြို့နယ်တရားရုံးသို့ သွားရောက်ကာ ဦးတိုက်လျှောက်ထားခြင်း ဖြစ်ကြောင်း သိရသည်။ယင်းအမှုနှင့်ပတ်သက်၍ ဒီဇင်ဘာ၆ရက်က ရန်ကင်းမြို့နယ်တရားရုံးက ရာဇဝတ်ကြီးမှုအမှတ် ၇၆၇/၁၉အမှုလက်ခံစစ်ဆေးမည်ဖြစ်ပြီး စွပ်စွဲခံရသူလာရောက်ရန်ဆင့်ခေါ်ထားကြောင်းသိရသည်။
ထိုသို့ တရားစွဲဆိုရာတွင် ရန်ကင်း မြို့နယ် တရားရုံးက တရားလို မခင်မြတ်နိုးအား ရာဇဝတ်ကျင့် ထုံးဥပဒေပုဒ်မ ၂၀၀ ဖြင့် စစ်ဆေးခဲ့ပြီးနောက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၁၇ ဖြင့် အမှုအား ဆက်လက်စစ်ဆေးသွားရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ တရားစွဲဆိုရခြင်းမှာ တရားလို မခင်မြတ်နိုး က နိုဝင်ဘာ ၂၂ ရက် တွင် ရန်ကင်း မြို့နယ်တရားရုံးသို့ လာရောက်ပြီး သရုပ်ဆောင်မိုးအောင်ရင် က ၎င်း အားလက်ထပ်မည်ဟုပြောဆိုခဲ့ပြီး ကာမလိမ်လည်ရယူကာ လက်ထပ်ပေါင်းသင်း ခြင်းမရှိသဖြင့် ထိုသို့ တရားစွဲဆိုခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကင်းမြို့နယ် တရားရုံးက လက်ခံစစ်ဆေးမည့် ပုဒ်မ ၄၁၇ မျာ လိမ်လည်မှုပုဒ်မတစ်ခုဖြစ်ပြီး အာမခံရရှိနိုင်ကာ ပြစ်မှုထင်ရှားပါက ထိုသူကို ထောင်ဒဏ်သုံးနှစ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်မျိုးစလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ရာဖသသတ်ကြီး ဥဥပဒေ ပြဋ္ဌာန်းချက်တွင် ဖော်ပြထားကြောင်း သိရသည်။
လာမည့် ဒီဇင်ဘာလ ၁၃ရက် နံနက်၁၀နာရီ တွင်ဒုတိယအကြိမ် ရုံးချိန်းထပ်မံခေါ်ဆိုခဲ့ပြီး မပျက်မကွက်လာရောက်ရန် တရားသူကြီး က ရုံးတော်လာရောက်သည့် မိုးအောင်ရင်အိမ်မှဝန်ထမ်းကို သတိပေးပြောကြားခဲ့ကြောင်း သိရှိရသည်။

<<Zawgyi>>
ပထမအကြိမ်ရုံးချိန်းချိန်းဆိုမှုတွင် ကာမလိမ်လည်မှုဖြင့်တရားစွဲဆိုခံထားရသည့်သရုပ်ဆောင်မိုးအောင်ရင် လာရောက်မှုမရှိ
Friday, December 6 , 2019

No comments:
Post a Comment