Thursday, December 5, 2019

ရုရှားမစ်ဇိုင်း စနစ်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်ဖျက်ဆီး

No photo description available.

ရုရှားရဲ့ မစ်ဇိုင်းစနစ်တွေကို အစ္စရေးက နိုဝင်ဘာလ လေကြောင်းတိုက်ခိုက်မှုမှာ ဖျက်ဆီးခဲ့တယ်လို့ အမည်မဖော်ဖို့ ပြန် ကြားထားတဲ့ သတင်းအရင်းအမြစ်တစ်ခုက ပြောပါတယ်။

Zaman al-Wasl သတင်းမီဒီယာတစ်ခုက ရရှိခဲ့တဲ့ ဂြိုလ်တုဓာတ်ပုံတွေအရ ဆီးရီးယားမြို့တော် တောင်ပိုင်းမှာ အစ္စရေးက ရုရှားရဲ့ BuK-M2 နဲ့ Pantsir-S1 မစ်ဇိုင်းစနစ်တွေကို ဖျက်ဆီးခဲ့တာတွေ့ရပါတယ်။
Buk-M2 ဟာ မြေပြင်ကဝေဟင်ပစ် မစ်ဇိုင်းစနစ်ဖြစ်ပြီး ခရုမစ်ဇိုင်းတွေကို တန်ပြန်ပစ်ခတ်နိုင်တဲ့ တာလတ်ဒုံး စနစ်ဖြစ်ပါတယ်။
Pantsir-S1 ဟာ တာတိုနဲ့ တာလတ်ပေါင်းစပ်ထားတဲ့ လေယာဉ်ပစ်အမြှောက်လက်နက်စနစ်ဖြစ်ပါတယ်။
ရုရှားနိုင်ငံဟာ အစ္စရေးရဲ့ ဆီးရီုးယားနိုင်ငံတွင်း လေကြောင်းတိုက်ခိုက်မှုတွေကို အမြဲ ရှုတ်ချလေ့ရှိပါတယ်။
အစ္စရေးနိုင်ငံဟာ နိုင်ငံတွင်း ဒုံးကျည်ကျရောက်မှုကို တုံ့ပြန်တဲ့အနေနဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က ဆီးရီးယား နိုင်ငံအခြေစိုက် အီရန်နဲ့ ဆီရီးယားလက်နက်ကိုင်အဖွဲ့တွေကို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။
No photo description available.
Image may contain: basketball court

<zawgyi>
ရုရှားမစ်ဇိုင်း စနစ်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်ဖျက်ဆီး
Friday, December 6 , 2019

ရုရှားရဲ့ မစ်ဇိုင်းစနစ်တွေကို အစ္စရေးက နိုဝင်ဘာလ လေကြောင်းတိုက်ခိုက်မှုမှာ ဖျက်ဆီးခဲ့တယ်လို့ အမည်မဖော်ဖို့ ပြန် ကြားထားတဲ့ သတင်းအရင်းအမြစ်တစ်ခုက ပြောပါတယ်။
Zaman al-Wasl သတင်းမီဒီယာတစ်ခုက ရရှိခဲ့တဲ့ ဂြိုလ်တုဓာတ်ပုံတွေအရ ဆီးရီးယားမြို့တော် တောင်ပိုင်းမှာ အစ္စရေးက ရုရှားရဲ့ BuK-M2 နဲ့ Pantsir-S1 မစ်ဇိုင်းစနစ်တွေကို ဖျက်ဆီးခဲ့တာတွေ့ရပါတယ်။
Buk-M2 ဟာ မြေပြင်ကဝေဟင်ပစ် မစ်ဇိုင်းစနစ်ဖြစ်ပြီး ခရုမစ်ဇိုင်းတွေကို တန်ပြန်ပစ်ခတ်နိုင်တဲ့ တာလတ်ဒုံး စနစ်ဖြစ်ပါတယ်။
Pantsir-S1 ဟာ တာတိုနဲ့ တာလတ်ပေါင်းစပ်ထားတဲ့ လေယာဉ်ပစ်အမြှောက်လက်နက်စနစ်ဖြစ်ပါတယ်။
ရုရှားနိုင်ငံဟာ အစ္စရေးရဲ့ ဆီးရီုးယားနိုင်ငံတွင်း လေကြောင်းတိုက်ခိုက်မှုတွေကို အမြဲ ရှုတ်ချလေ့ရှိပါတယ်။
အစ္စရေးနိုင်ငံဟာ နိုင်ငံတွင်း ဒုံးကျည်ကျရောက်မှုကို တုံ့ပြန်တဲ့အနေနဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က ဆီးရီးယား နိုင်ငံအခြေစိုက် အီရန်နဲ့ ဆီရီးယားလက်နက်ကိုင်အဖွဲ့တွေကို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။

No comments:

Post a Comment