တရုတ်သမ္မတ ရှီကျင့်ဖျင် ယခုလ ဇန်နဝါရီ ၁၇ ရက်တွင်း မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်လျက်ရှိကြောင်း အစိုးရနှင့် မီဒီယာသတင်းရင်းမြစ်များအရ သိရသည်။
တရုတ်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း တရုတ်-မြန်မာ ဆက်ဆံရေး၊ တရုတ်၏ ဖွံ့ဖြိုးရေးပရောဂျက်စီမံကိန်းများ၏ တိုးတက်မှု အခြေအနေ စသည့် ကိစ္စရပ်များနှင့်စပ်လျင်း၍ ဆွေးနွေးသွားကြရန် ရှိနေသည်ဟု ဆိုသည်။
၂၀၀၉ ခုနှစ်က မစ္စတာ ရှီ မြန်မာနိုင်ငံသို့ ပထမဆုံး ရောက်ရှိခဲ့ပြီးနောက် ဆယ်စုနှစ်တစ်စုကျော်အကြာတွင် ယခုကဲ့သို့ ထပ်မံလာရောက်ရန် စီစဉ်နေခြင်းဖြစ်သည်။ ၎င်း ၂၀၀၉ ခုနှစ် လာရောက်ပြီးနောက်ပိုင်း ယခုအခါ ပြောင်းလဲမှု အများအပြားဖြစ်ပေါ်နေခဲ့ပြီးဖြစ်သည်။
<zawgyi>
တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံသို့ ယခုလ ဇန်နဝါရီ ၁၇ ရက်တွင် လာရောက်ရန် စီစဉ်
Sunday, January 5, 2020
တရုတ်သမ္မတ ရှီကျင့်ဖျင် ယခုလ ဇန်နဝါရီ ၁၇ ရက်တွင်း မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်လျက်ရှိကြောင်း အစိုးရနှင့် မီဒီယာသတင်းရင်းမြစ်များအရ သိရသည်။
တရုတ်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း တရုတ်-မြန်မာ ဆက်ဆံရေး၊ တရုတ်၏ ဖွံ့ဖြိုးရေးပရောဂျက်စီမံကိန်းများ၏ တိုးတက်မှု အခြေအနေ စသည့် ကိစ္စရပ်များနှင့်စပ်လျင်း၍ ဆွေးနွေးသွားကြရန် ရှိနေသည်ဟု ဆိုသည်။
၂၀၀၉ ခုနှစ်က မစ္စတာ ရှီ မြန်မာနိုင်ငံသို့ ပထမဆုံး ရောက်ရှိခဲ့ပြီးနောက် ဆယ်စုနှစ်တစ်စုကျော်အကြာတွင် ယခုကဲ့သို့ ထပ်မံလာရောက်ရန် စီစဉ်နေခြင်းဖြစ်သည်။ ၎င်း ၂၀၀၉ ခုနှစ် လာရောက်ပြီးနောက်ပိုင်း ယခုအခါ ပြောင်းလဲမှု အများအပြားဖြစ်ပေါ်နေခဲ့ပြီးဖြစ်သည်။
Source- mizzima #Myanmar_Online_News

0 comments:
Post a Comment