အီရတ်နိုင်ငံတွင် အမေရိကန်တပ်ဖွဲ့များတည်ရှိရာ ဧရိယာတို့ကို ဒုံးကျည်များဖြင့် ပစ်ခတ်ခံရခြင်းကြောင့် အပျက်အစီးများဖြစ်ပေါ်ခဲ့ပုံနှင့် ပစ်ခတ်ခံရစဉ် ဘဂ္ဂဒက်ဝေဟင်၌ အမေရိကန်စစ်ရဟတ်ယာဉ် အများအပြား ဥဒဟို ပျံသန်းနေပုံ ဓါတ်ပုံနှင့် ဗွီဒီယိုဖိုင်များ လူမှု့ကွန်ယက်တွင် ပြန့်နှံ့လျှက်ရှိရာ ဘဂ္ဂဒက်လေဆိပ်အနီး၌ အီရန်စစ်ဦးစီး ကာဆင်စူလမန်နီအား အမေရိကန်က လုပ်ကြံသတ်ဖြတ်ပြီး နောက်တစ်ရက်၌ဖြစ်သည်။
ဘဂ္ဂဒက်မြို့တော်၏ “ အစိမ်းရောင်ဇုံ “ အဖြစ် ပြောဆိုကြသည့် အမေရိကန်သံရုံးတည်ရှိရာ ဧရိယာနှင့် ဘဂ္ဂဒက် မြောက်ဖက် မိုင် ၅၀-ခန့်အကွာ အယ်လ်ဆူမားရီးယန်း လေတပ်အခြေစိုက်စခန်းတို့မှာ ဒုံးကျည်အများအပြား ဖြင့် ပစ်ခတ်ခြင်းခံခဲ့ရသည်ဆို၏။ ဒုံးကျည်အချို့မှာ အမေရိကန်သံရုံးတည်ရှိရာအဆောက်အအုံနှင့် များစွာမဝေးလှနေရာ၌ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ဒုံးကျည်ထိမှန်သဖြင့် ပျက်စီးနေသော အဆောက်အအုံတစ်ခုကိုလည်း Twitter ၌ တွေ့မြင်ကြရသည်။ အမေရိကန်အခြေစိုက်စခန်းတွင် ဒုံးကျည် ၃-စင်း ထိမှန်ခဲ့ကြောင်းလည်း ပြောဆိုလျှက်ရှိသည်။
ထိခိုက်ပျက်စီးမှု့ တရားဝင်သတင်းမရရှိသော်လည်း ဗွီဒီယိုမှတ်တမ်းအရ အရပ်သားအချို့ ထိခိုက်ဒဏ်ရာရှိသည်ကို တွေ့ရှိရသည်။ သို့သော် အမေရိကန်စစ်ဖက်တပ်ဖွဲ့ဝင်များတွင် ထိခိုက်ပျက်စီးမှု့မရှိကြောင်း ပင်တာဂွန်က ယနေ့ကြေညာသည်။
လက်တုန့်ပြန်လာနိုင်သဖြင့် အမေရိကန် စစ်အခြေစိုက်စခန်း သို့မဟုတ် အမေရိကန်တပ်ဖွဲ့များတည်ရှိရာ အဆောက်အအုံတို့နှင့် အနည်းဆုံး ၁-မိုင်အကွာအတွင်း တပ်တည်-တပ်လှုပ်ခြင်း မပြုရန် အီရတ် “ ခါတက်ဗ်ဟဇ် ဘိုလာ” စစ်ဋ္ဌာချုပ်က ၎င်း၏ လက်အောက်ခံတပ်များအား ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။ ခါတက်ဗ် ဟဇ်ဘိုလာတို့သည် ၂၀၀၃-ခုနှစ် အီရတ်သို့ အမေရိကန်ကျူးကျော်စဉ်မှ စတင်၍ အမေရိကန်ဆန့်ကျင်ရေး ပုန်ကန်မှု့များဖြင့် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့သူ ရှီယိုက်မွတ်စလင်ပြည်သူ့စစ်များဖြစ်သည်။ ၎င်းတို့သည် ၂၀၁၄-ခုနှစ် အိုင်စစ် ( ISIS, ယခင် ISIL ) အစွန်းရောက်-အကြမ်းဖက်တို့၏ အစ္စလာမ်မစ်နိုင်ငံတော် ထူထောင်ရေးကို အမေရိကန်နှင့် အီရတ်အစိုးရတို့က ချေမှုန်းရာ၌ အခြားသော လက်နက်ကိုင်အဖွဲ့များနှင့်အတူ အစိုးရ၏ ကူညီထောက်ပံ့မှု့ ရရှိခဲ့သည်။ ( PMF ) ခေါ် အီရတ် လူထုစည်းရုံးရေး ပြည်သူ့စစ်တပ်တော်၏ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်သည်။ သောကြာနေ့ ဘဂ္ဂဒက်လေဆိပ်အနီး အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှု့တွင် အီရန်အစ္စလာမ်မစ်တော်လှန်အစောင့်တပ်မတော်၏ ထောက်လှမ်းရေးနှင့် ပြည်ပစစ်ဆင်ရေးစစ်ဦးချုပ် ဗိုလ်ချုပ်ကာဆင်စူလမန်နီနှင့်အတူ PMF ဒုတိယတပ်မှူးအပါအဝင် ၇-ဦး သေဆုံးသည်။
လတ်တလောတွင် အမေရိကန်နှင့် အီရတ်တို့မှာ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်ခြိမ်းခြောက်လျှက်ရှိ သည်ကိုတွေ့ရသည်။ အမေရိကန်နှင့် အစ္စရေးပစ်မှတ် ၃၅-ခုတို့သည် မိမိတို့ အလွယ်တကူ ချေမှုန်းနိုင်သော လက်တကမ်းအကွာတွင်ရှိကြောင်း အီရန်က ခြိမ်းခြောက်လိုက်ပြီး အီရန်က စလာခဲ့လျှင် အမေရိကန်က အီရတ်ပစ်မှတ် ၅၂-ခုတို့ကို အချိန်တိုအတွင်း အထိနာသွားအောင် လက်တုန့်ပြန်တိုက်ခိုက်နိုင်ကြောင်း ဒေါ်နယ် ထရမ့်က ချေပပြောဆိုထားကြောင်း သိရှိရသည်။

Source- Htay Oung #Myanmar_Online_News
<zawgyi>
ဘဂ္ဂဒက်တွင် အမေရိကန်တပ်ဖွဲ့များတည်ရှိရာ ဧရိယာများ ဒုံးကျည်ဖြင့် ပစ်ခတ်ခံရ
Sunday, January 5, 2020

0 comments:
Post a Comment