Tuesday, January 28, 2020

မင်းဘူးမြို့ မန်းရွှေစက်တော် ဗုဒ္ဓပါဒ ပူဇနိယပွဲတော် သီတဂူဆရာတော်ကြီး တက်ရောက်ဖွင့်လှစ်

Image may contain: 5 people, crowd and outdoor
မင်းဘူး(စကု)မြို့၊ ရွှေစက်တော် ဗုဒ္ဓပါဒပူဇနိယပွဲတော် (၂၅၈၆ ကြိမ်မြောက်) ဖွင့်ပွဲကို ဇန်နဝါရီလ (၂၉) ရက်နေ့ နံနက်ပိုင်းကကျင်းပရာ သီတဂူဆရာတော်ဒေါက်တာဘဒ္ဒန္တဉာဏိဿရနှင့် ပင့်သံဃာတော်များ၊ တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းလွှတ်တော် ဥက္ကဋ္ဌ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်အောင်ခင်စောနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက် ရောက်ခဲ့ကြသည်။

ဖွင်ပွဲနေ့၌ အောက်စက်တော်ရာပါဒစေတီ အလင်းပေါက်ဖန်အုပ်ဆောင်း ဖွင့်လှစ်ခြင်း၊ အထက်စက်တော်ရာ ရွှေထီးတော်သစ်တင်လှူပူဇော်ခြင်းနှင့် ကိုးခန်းကြီး မဟာမြတ်မုနိတန်ဆောင်းတော် ဘက်စုံပြုပြင်မွမ်းမံလှူဒါန်းမှု ရေစက်ချခြင်း မင်္ဂလာအစီအစဉ်များ ထည့်သွင်းကျင်းပသည်။
ဗုဒ္ဓပူဇနိယ ဓမ္မသဘင်အဖြစ် ဇန်နဝါရီလ (၂၉) ရက် ညပိုင်းတွင် သီတဂူဆရာတော်ဘုရားကြီး အရှင်ဉာဏိဿရ ၊ ဇန်နဝါရီလ (၃၀) ရက် ညပိုင်းတွင် ရွှေရတုတိပိဋက မြင်းမူဆရာတော်ဘုရားကြီးနှင့် ဇန်ဝါရီလ (၃၀) ရက်နေ့ညတွင် အမေရိကန်ဆရာတော်တို့မှ တရားရေအေးများ တိုက်ကျွေးသွားမည်ဖြစ်သည်။
မန်းရွှေစက်တော်ဘုရားပွဲတော်တွင် လုံခြုံရေး၊ ကျန်းမာရေး၊ မီးဘေးအန္တရာယ်ကာကွယ်ရေး အစီအစဉ်များ စနစ်တကျလုပ်ဆောင်ထားပြီး အခမဲ့ရေလောင်းအိမ်သာ အလုံး(၅၀)၊ ယာဉ်ရပ်နားကွင်း(၄)ခုတို့ ဝန်ဆောင်မှုပေးထားကြောင်း၊ တည်းခိုခန်းခများကိုလည်း ရေစပ်ခန်း သုံးသောင်းကျပ်၊ ကုန်းတွင်းခန်း နှစ်သောင်းကျပ် သတ်မှတ်ပေးထားပြီး သတ်မှတ်နှုန်းထားထက်ပိုယူလျှင် အရေးယူမည်ဖြစ်ကြောင်း၊ နမ္မဒါ (၁) (၂) တည်းခိုဆောင်များတွင်လည်း ယခင်နှစ်များက တသိန်းကျပ်သတ်မှတ်တောင်းခံရာမှ ယခုနှစ်တွင် ခုနှစ်သောင်းကျပ်သာ တောင်းခံတော့မည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရှိရသည်။
Image may contain: 10 people, crowd and outdoor
Image may contain: 16 people, people standing, crowd and outdoor
သတင်း-မျိုးလှိုင်ဝင်း #Myanmar_Online_News
>>Zawgyi<<
မင်းဘူးမြို့ မန်းရွှေစက်တော် ဗုဒ္ဓပါဒ ပူဇနိယပွဲတော် သီတဂူဆရာတော်ကြီး တက်ရောက်ဖွင့်လှစ်
Wednesday ,January 29 , 2020
မင်းဘူး(စကု)မြို့၊ ရွှေစက်တော် ဗုဒ္ဓပါဒပူဇနိယပွဲတော် (၂၅၈၆ ကြိမ်မြောက်) ဖွင့်ပွဲကို ဇန်နဝါရီလ (၂၉) ရက်နေ့ နံနက်ပိုင်းကကျင်းပရာ သီတဂူဆရာတော်ဒေါက်တာဘဒ္ဒန္တဉာဏိဿရနှင့် ပင့်သံဃာတော်များ၊ တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းလွှတ်တော် ဥက္ကဋ္ဌ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်အောင်ခင်စောနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက် ရောက်ခဲ့ကြသည်။

ဖွင်ပွဲနေ့၌ အောက်စက်တော်ရာပါဒစေတီ အလင်းပေါက်ဖန်အုပ်ဆောင်း ဖွင့်လှစ်ခြင်း၊ အထက်စက်တော်ရာ ရွှေထီးတော်သစ်တင်လှူပူဇော်ခြင်းနှင့် ကိုးခန်းကြီး မဟာမြတ်မုနိတန်ဆောင်းတော် ဘက်စုံပြုပြင်မွမ်းမံလှူဒါန်းမှု ရေစက်ချခြင်း မင်္ဂလာအစီအစဉ်များ ထည့်သွင်းကျင်းပသည်။
ဗုဒ္ဓပူဇနိယ ဓမ္မသဘင်အဖြစ် ဇန်နဝါရီလ (၂၉) ရက် ညပိုင်းတွင် သီတဂူဆရာတော်ဘုရားကြီး အရှင်ဉာဏိဿရ ၊ ဇန်နဝါရီလ (၃၀) ရက် ညပိုင်းတွင် ရွှေရတုတိပိဋက မြင်းမူဆရာတော်ဘုရားကြီးနှင့် ဇန်ဝါရီလ (၃၀) ရက်နေ့ညတွင် အမေရိကန်ဆရာတော်တို့မှ တရားရေအေးများ တိုက်ကျွေးသွားမည်ဖြစ်သည်။
မန်းရွှေစက်တော်ဘုရားပွဲတော်တွင် လုံခြုံရေး၊ ကျန်းမာရေး၊ မီးဘေးအန္တရာယ်ကာကွယ်ရေး အစီအစဉ်များ စနစ်တကျလုပ်ဆောင်ထားပြီး အခမဲ့ရေလောင်းအိမ်သာ အလုံး(၅၀)၊ ယာဉ်ရပ်နားကွင်း(၄)ခုတို့ ဝန်ဆောင်မှုပေးထားကြောင်း၊ တည်းခိုခန်းခများကိုလည်း ရေစပ်ခန်း သုံးသောင်းကျပ်၊ ကုန်းတွင်းခန်း နှစ်သောင်းကျပ် သတ်မှတ်ပေးထားပြီး သတ်မှတ်နှုန်းထားထက်ပိုယူလျှင် အရေးယူမည်ဖြစ်ကြောင်း၊ နမ္မဒါ (၁) (၂) တည်းခိုဆောင်များတွင်လည်း ယခင်နှစ်များက တသိန်းကျပ်သတ်မှတ်တောင်းခံရာမှ ယခုနှစ်တွင် ခုနှစ်သောင်းကျပ်သာ တောင်းခံတော့မည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရှိရသည်။
သတင်း-မျိုးလှိုင်ဝင်း #Myanmar_Online_News

No comments:

Post a Comment