မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့အနီးရှိ Bellanwila Temple သို့ ၂၀၁၃ ခုနှစ်က လှူဒါန်းခဲ့သည့် Myan Kumara အမည်ရှိ စွယ်စုံဆင်အား ဆင်ထိန်းများက နှိပ်စက်ညှဉ်းပန်းလျက်ရှိကြောင်း သီရိလင်္ကာနိုင်ငံရှိ သတင်းမီဒီယာများနှင့် ဆိုရှယ်မီဒီယာများ၌ သတင်းများ ထွက်ပေါ်လျက်ရှိပါသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ သတင်းများ၊ ဗီဒီယိုဖိုင်များနှင့် စပ်လျဉ်း၍ သီရိလင်္ကာနိုင်ငံအစိုးရ တာဝန်ရှိသူများမှ လိုအပ်သကဲ့သို့ စိစစ်ပေးနိုင်ရေး၊ နှိပ်စက်ညှဉ်းပန်းသူများအား အရေးယူအပြစ်ပေး နိုင်ရေး၊ နောင်တွင် အလားတူ နှိပ်စက်ညှဉ်းပန်းမှုမျိုး မဖြစ်ပေါ်စေရန်အတွက် ကြပ်မတ်ဆောင်ရွက် ပေးနိုင်ရေးအတွက် မြန်မာသံရုံး၊ ကိုလံဘိုမြို့မှ သီရိလင်္ကာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စာပေးပို့ ညှိနှိုင်းမေတ္တာရပ်ခံထားပါသည်။
ထို့ပြင် မြန်မာသံရုံး၊ ကိုလံဘိုမြို့မှ သံအမတ်ကြီး ဦးဟန်သူ ဦးဆောင်သောအဖွဲ့သည် Myan Kumara ထားရှိရာ Bellanwila Temple သို့ ၂၃-၁-၂၀၂၀ ရက်တွင် သွားရောက်ခဲ့ရာ ဘုရားကျောင်း၏ ဒုတိယအကြီးအကဲဆရာတော်က Myan Kumara အား လိုက်လံပြသခဲ့ပြီး၊ လက်ရှိဖြစ်ပေါ်နေသော သတင်းများနှင့် ပတ်သက်၍ ယခုထွက်ပေါ်နေသော သတင်းများ၊ အထင်လွဲမှုများနှင့် ပတ်သက်၍ များစွာ စိတ်မကောင်းဖြစ်မိပါကြောင်း၊ Myan Kumara သည် ၂၀၁၃ ခုနှစ်ကတည်းက Bellanwila Temple သို့ ရောက်ရှိခဲ့ပြီး၊ ကျောင်း၌ ဆင်ဦးစီးများနှင့်အတူ လေ့ကျင့်ထားရှိကာ နှစ်စဉ် စွယ်တော်လှည့်ပွဲများ၊ ဘုရားပွဲများ၌ ထည့်သွင်းအသုံးပြုခဲ့ကြောင်း၊ ယခုအချိန်တွင် ဆင်Myan Kumara သည် ဆင်ပျိုပေါက် အရွယ်ရောက်လာပြီဖြစ်၍ အနည်းငယ်ထိန်းသိမ်းရခက်ခဲပြီး ၎င်း၏ ပြောင်းလဲလာသော အမူအကျင့်များအား ဆင်ဦးစီးများမှ ပြန်လည်လေ့ကျင့် ထိန်းကျောင်းပေးနေရကြောင်း၊ ထိုသို့ လေ့ကျင့်ရာတွင်လည်း ဆင်ဦးစီးများမှ ဆင်အား ထိခိုက်အန္တရယ်ဖြစ်စေသည့် ချွန်းသီး၊ သံတုတ်များ အသုံးမပြုဘဲ ကြိမ်လုံးကိုသာ အသုံးပြုခဲ့ပါကြောင်း၊ ကျောင်းတိုက်အတွင်း ဆင်ထားရှိရာနေရာတွင် CCTV ကင်မရာများ ထားရှိပြီး ဆရာတော်များမှ စိစစ်ကြပ်မတ်လျက်ရှိပါကြောင်း၊ နောင်တွင် အလားတူကိစ္စများ မဖြစ်ပေါ်စေရေးအတွက် ဆင်ဦးစီးများအား ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
သံအမတ်ကြီးမှ မလိုလားအပ်သော ညှဉ်းပန်းနှိပ်စက်မှုမျိုး မပြုလုပ်ရန် မေတ္တာရပ်ခံပြောကြားခဲ့ပြီး၊ ကျောင်းတိုက်သို့ စကျင်ကျောက်ဖြင့် ထုလုပ်ထားသော ဗုဒ္ဓရုပ်ပွားဆင်းတုတော်တစ်ဆူအား လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

>>Zawgyi<<
မြန်မာနိုင်ငံမှ သီရိလင်္ကာဘုန်းကြီးကျောင်းသို့ လှူဒါန်းခဲ့သည့် စွယ်စုံဆင် Myan Kumara နှင့် ပတ်သက်၍ သီရိလင်္ကာနိုင်ငံအစိုးရ မှ စိစစ်ပေးရန် ညှိနှိုင်း
Wednesday ,January 29 , 2020

#Myanmar_Online_News
No comments:
Post a Comment