Sunday, January 5, 2020

တရုတ်နိုင်ငံတွင် ထူးဆန်းသော အဆုပ်ရောင်ဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွား

Image may contain: one or more people, people walking, people standing and textImage may contain: sky, outdoor, water and nature

တရုတ်အစိုးရအာဏာပိုင်တွေဟာ ထူးဆန်းတဲ့ အဆုပ်ရောင် ဗိုင်းရပ်စ်ကူးစက်မှုအတွက် စုံစမ်းစစ်ဆေးလျက်ရှိနေပါတယ်။

အဆိုပါ အဆုပ်ရောင်ဗိုင်းရပ်စ်ဟာ နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ လူအတော်များများကို ကူးစက်ခံထားရပါတယ်။
စုစုပေါင်း ၄၄ ဦးကူးစက်ခံထားရတယ်လို့ အတည်ပြုထားပြီး ၁၁ ဦးဟာ ရောဂါပြင်းထန်တယ်လို့ အစိုးရအာဏာပိုင်တွေက သောကြာနေ့မှာ ပြောပါတယ်။
အခုရောဂါဖြစ်ပွားမှုကြောင့် စင်ကာပူနဲ့ ဟောင်ကောင်တို့မှာလည်း တရုတ်နိုင်ငံက ဝင်ရောက်လာတဲ့ ခရီးသွားတွေကို ရောဂါရှာဖွေစစ်ဆေးမှုတွေပြုလုပ်လျက်ရှိပါတယ်။
အခုဗိုင်းရပ်စ်ဟာ ပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါဖြစ်စေတဲ့ Sars ဗိုင်းရပ်စ်နဲ့ ချိတ်ဆက်မှုရှိနိုင်တယ်ဆိုပြီး အွန်လိုင်းပေါ်မှာ အထိတ်တလန့် ရေးသားပြောဆိုမှုတွေလည်းရှိနေပါတယ်။
ဝူဟန်ရဲတပ်ဖွဲ့က သတင်းအချက်အလက်အထောက်အထားမမှန်ကန်ပဲ အင်တာနက်မှာ ဖော်ပြမှုအတွက် လူ ၈ ဦးကို အပြစ်ပေးအရေးယူထားပြီးလည်းဖြစ်ပါတယ်။
Ref; Reuters
<zawgyi>
တရုတ်နိုင်ငံတွင် ထူးဆန်းသော အဆုပ်ရောင်ဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွား
Sunday, January 5, 2020

တရုတ်အစိုးရအာဏာပိုင်တွေဟာ ထူးဆန်းတဲ့ အဆုပ်ရောင် ဗိုင်းရပ်စ်ကူးစက်မှုအတွက် စုံစမ်းစစ်ဆေးလျက်ရှိနေပါတယ်။
အဆိုပါ အဆုပ်ရောင်ဗိုင်းရပ်စ်ဟာ နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ လူအတော်များများကို ကူးစက်ခံထားရပါတယ်။
စုစုပေါင်း ၄၄ ဦးကူးစက်ခံထားရတယ်လို့ အတည်ပြုထားပြီး ၁၁ ဦးဟာ ရောဂါပြင်းထန်တယ်လို့ အစိုးရအာဏာပိုင်တွေက သောကြာနေ့မှာ ပြောပါတယ်။
အခုရောဂါဖြစ်ပွားမှုကြောင့် စင်ကာပူနဲ့ ဟောင်ကောင်တို့မှာလည်း တရုတ်နိုင်ငံက ဝင်ရောက်လာတဲ့ ခရီးသွားတွေကို ရောဂါရှာဖွေစစ်ဆေးမှုတွေပြုလုပ်လျက်ရှိပါတယ်။
အခုဗိုင်းရပ်စ်ဟာ ပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါဖြစ်စေတဲ့ Sars ဗိုင်းရပ်စ်နဲ့ ချိတ်ဆက်မှုရှိနိုင်တယ်ဆိုပြီး အွန်လိုင်းပေါ်မှာ အထိတ်တလန့် ရေးသားပြောဆိုမှုတွေလည်းရှိနေပါတယ်။
ဝူဟန်ရဲတပ်ဖွဲ့က သတင်းအချက်အလက်အထောက်အထားမမှန်ကန်ပဲ အင်တာနက်မှာ ဖော်ပြမှုအတွက် လူ ၈ ဦးကို အပြစ်ပေးအရေးယူထားပြီးလည်းဖြစ်ပါတယ်။
Ref; Reuters

0 comments:

Post a Comment