၂၀၂၀ ခုနှစ်အတွင်း ဟံသာဝတီလေဆိပ်စီမံကိန်းစတင်နိုင်ရေး မြန်မာနိုင်ငံနှင့်ဂျပန်နိုင်ငံအကြားသဘောတူညီမှု ရရှိနိုင်ကြောင်း သိရသည်။
မြန်မာ-ဂျပန်နှစ်နိုင်ငံသည် ဟံသာဝတီလေဆိပ်တည်ဆောက်ရေးအတွက် ဖက်စပ်လုပ်ငန်းတစ်ခုဖော်ဆောင်ရန် စေ့စပ်ညှိနှိုင်းနေပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ၁ ဒဿမ ၅ ဘီလျံအကုန်ကျခံ၍ ပဲခူးတိုင်းဒေသကြီးတွင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
လေဆိပ်သစ်တည်ဆောက်ရေးအတွက် မြေဧရိယာဟတ်တာ ၃၆၀၀ နီးပါးအသုံးသွားမည်ဖြစ်ပြီး ရထားလမ်းကွန်ရက်တစ်ခုနှင့် ချိတ်ဆက်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
“မြန်မာဘက်ကလည်း ဒုဝန်ကြီးဦးဆောင်တဲ့အဖွဲ့အစည်းရှိတယ်။ ဂျပန်ဘက်ကလည်း ဒုဝန်ကြီးဦးဆောင်တဲ့ အဖွဲ့အစည်းရှိတယ်။ နှစ်ဖွဲ့က ဆွေးနွေးညှိနှိုင်းမှုလုပ်တာ ခုနှစ်ကြိမ်ရှိသွားပြီ။ ၂၀၂၀ ရဲ့အစောဆုံး ပထမ ၃ လ (သို့မဟုတ်) နောက်အကျဆုံး ဒုတိယ ၃ လမှာ ဆွေးနွေးညှိနှိုင်းမှုသဘောတူညီချက်ရရှိလိမ့်မယ်လို့ ခန့်မှန်းထားတယ်”ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ထပ်တိုးချဲ့ရန်အဆင်မပြေနိုင်တော့သဖြင့် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ကို မဖြစ်မနေအကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်ပြီး လက်ရှိတွင် ပဲခူးတိုင်းဒေသကြီးကိုဖြတ်၍ လေယာဉ်အစင်းရေ နေ့စဉ် ၇၀၀ ခန့်ပျံသန်းကြောင်း သိရသည်။
အဆိုပါစီမံကိန်းပြီးစီးပါက ဟံသာဝတီလေဆိပ်တွင် ပြည်ပလေကြောင်းလိုင်းတစ်မျိုးတည်းသာ ဆင်းသက်မည်ဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်တွင်းလေကြောင်းလိုင်း၊ စင်းလုံးငှားလေယာဉ်၊ Medical Flight အပါအဝင်အထွေထွေပို့ဆောင်ပေးသည့်လေယာဉ်များ ဆင်းသက်မည်ဖြစ်ကြောင်း သိရသည်။

Ref ; Akonthi
<zawgyi>
၂၀၂၀ ခုနှစ်အတွင်း ဟံသာဝတီ လေဆိပ်စီမံကိန်း စတင်နိုင်ရေး သဘောတူညီမှု ရရှိနိုင်ဟုဆို
Sunday, January 5, 2020

0 comments:
Post a Comment