Thursday, January 2, 2020

ဆေးရုံတက်ရောက်ကုသမှုခံယူနေသော မန်းဝန်ကြီးချုပ်ထံ နိုင်ငံတော်သမ္မတ လာရောက် အားပေး

Image may contain: 2 people, people standingImage may contain: one or more people and people standing

ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့တွင် ဆေးရုံတက်ရောက်ကုသမှုခံယူနေသော ကျန်းမာရေးမကောင်းသည့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ထံသို့ နိုင်ငံတော်သမ္မတ လာရောက် အားပေးတွေ့ဆုံခဲ့သည် ။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် အနေဖြင့် ရိုးရိုးအဖျားဝင်ပြီး အဆုပ်အအေးပတ်ကာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး သို့ တင်ပို့ထားရကာ ကျန်းမာရေးကောင်းမွန်ကြောင်း ဆရာဝန်ကြီး က ပြောသည် ။
``ကောင်းပါတယ်ခင်ဗျ။ အခုဟာက ရိုးရိုးဖျားတာပါ။ အဆုပ်အအေးပတ်တာပြောရမှာ ဒါပါပဲဗျ ။ ကျန်တာက ဘာမှမရှိပါဘူး။ ဒီနေ့အဖျားလည်းကျပါတယ်။ ကျန်းကျန်းမာမာပါပဲဗျ။´´ ဟု ဒေါက်တာဇော်မြင့်မောင် ကို ကုသပေးနေသည့် ဆရာဝန်ကြီး ဒေါက်တာအောင်ဆန်းဦး က ပြောသည် ။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် သွေးကင်ဆာ ဖြစ်ပွားနေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ က ပြောကြားထားပြီး အောက်တိုဘာ နောက်ဆုံးပတ်ထဲက ထိုင်းနိုင်ငံသို့ ဆေးကုသခံယူရန်အတွက် သွားရောက်ခဲ့ခြင်းဖြစ်သည် ။
ဆေးကုသမှုခံယူပြီး သက်သာလာသည့်အတွက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်ထဲက ပြန်ရောက်လာခဲ့ကာ ခရစ်နှစ်သစ်ကူးည က လူထုရှေ့သို့ ပြန်လည်ထွက်ပေါ်လာခဲ့သည် ။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အနေဖြင့် ဇန်နဝါရီလ ၅ ရက်နေ့တွင် ဆေးထိုးရန်အတွက် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဖြစ်ပြီး ကျန်းမာရေးအခြေအနေမှာ အမြဲအနားယူရန်မလိုအပ်ကြောင်း ဒေါက်တာအောင်ဆန်းဦး က ဆက်လက်ပြောသည် ။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်ရာထူးကို ရယူထားရကာ အစိုးရတာဝန်များ နှင့် ပါတီ တာဝန်များကိုပါ ဆောင်ရွက်လုပ်ကိုင်နေရသည် ။
Image may contain: 2 people, people standing
Image may contain: one or more people and people standing
Source: FifthWave #Myanmar_Online_News
<<Zawgyi>>
ဆေးရုံတက်ရောက်ကုသမှုခံယူနေသော မန်းဝန်ကြီးချုပ်ထံ နိုင်ငံတော်သမ္မတလာရောက် အားပေး
Friday, January 3, 2020

ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့တွင် ဆေးရုံတက်ရောက်ကုသမှုခံယူနေသော ကျန်းမာရေးမကောင်းသည့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ထံသို့ နိုင်ငံတော်သမ္မတ လာရောက် အားပေးတွေ့ဆုံခဲ့သည် ။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် အနေဖြင့် ရိုးရိုးအဖျားဝင်ပြီး အဆုပ်အအေးပတ်ကာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး သို့ တင်ပို့ထားရကာ ကျန်းမာရေးကောင်းမွန်ကြောင်း ဆရာဝန်ကြီး က ပြောသည် ။
``ကောင်းပါတယ်ခင်ဗျ။ အခုဟာက ရိုးရိုးဖျားတာပါ။ အဆုပ်အအေးပတ်တာပြောရမှာ ဒါပါပဲဗျ ။ ကျန်တာက ဘာမှမရှိပါဘူး။ ဒီနေ့အဖျားလည်းကျပါတယ်။ ကျန်းကျန်းမာမာပါပဲဗျ။´´ ဟု ဒေါက်တာဇော်မြင့်မောင် ကို ကုသပေးနေသည့် ဆရာဝန်ကြီး ဒေါက်တာအောင်ဆန်းဦး က ပြောသည် ။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် သွေးကင်ဆာ ဖြစ်ပွားနေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ က ပြောကြားထားပြီး အောက်တိုဘာ နောက်ဆုံးပတ်ထဲက ထိုင်းနိုင်ငံသို့ ဆေးကုသခံယူရန်အတွက် သွားရောက်ခဲ့ခြင်းဖြစ်သည် ။
ဆေးကုသမှုခံယူပြီး သက်သာလာသည့်အတွက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်ထဲက ပြန်ရောက်လာခဲ့ကာ ခရစ်နှစ်သစ်ကူးည က လူထုရှေ့သို့ ပြန်လည်ထွက်ပေါ်လာခဲ့သည် ။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အနေဖြင့် ဇန်နဝါရီလ ၅ ရက်နေ့တွင် ဆေးထိုးရန်အတွက် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဖြစ်ပြီး ကျန်းမာရေးအခြေအနေမှာ အမြဲအနားယူရန်မလိုအပ်ကြောင်း ဒေါက်တာအောင်ဆန်းဦး က ဆက်လက်ပြောသည် ။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်ရာထူးကို ရယူထားရကာ အစိုးရတာဝန်များ နှင့် ပါတီ တာဝန်များကိုပါ ဆောင်ရွက်လုပ်ကိုင်နေရသည် ။
Source: FifthWave #Myanmar_Online_News

0 comments:

Post a Comment