Thursday, January 2, 2020

တပ်မတော် စစ်သမိုင်း ပြတိုက်တွင် ခင်းကျင်း ပြသနိုင်ရန် ပစ္စည်းများ ပေးပို့ လှူဒါန်းနိုင်

No photo description available.

တပ်မတော်စစ်သမိုင်းပြတိုက်တွင် ခင်းကျင်းပြသနိုင်ရန် မြန်မာ့တပ်မတော် စတင်ဖွဲ့စည်းခဲ့သည့် ဗမာ့လွတ်လပ်ရေး တပ်မတော်မှ အစပြု၍ ခေတ်အဆက်ဆက် တပ်မတော်တွင် အသုံးပြုခဲ့သော စစ်ဝတ် တန်ဆာပလာ အသုံး အဆောင် ပစ္စည်း များအား အများပြည်သူ လေ့လာ ကြည့်ရှုနိုင်စေရန် ပေးပို့ လှူဒါန်းနိုင်ကြောင်း တပ်မတော်မှ ကြေညာချက်အရ သိရှိရသည်။

အမျိုးသားရေး ယုံကြည်ချက်နှင့် ခံယူချက် ပြည့်ဝသည့် မြန်မာ့ တပ်မတော်၏ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းစဉ် တစ်လျှောက်လုံးတွင် ရှေ့ဆုံးမှ ဦးဆောင်၍ ရဲဝံ့ ပြောင်မြောက်စွာ စွန့်စား တိုက်ပွဲဝင်ခဲ့မှု၊ လွတ်လပ်ရေး ရရှိပြီးနောက် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို စွန့်လွှတ် ပေးဆပ်မှုများဖြင့် ထိန်းသိမ်း ကာကွယ်ခဲ့မှု ၊ အမျိုးသားရေးကို အစဉ် ဦးထိပ်ထား၍ နိုင်ငံတော်တွင် အခက်အခဲနှင့် ဘေးအန္တရာယ်များ ကြုံတွေ့ချိန်တိုင်း အသက်ကို ပဓာနမထားဘဲ ရှေတန်းမှ မားမားမတ်မတ် ရပ်တည် ဆောင်ရွက်ခဲ့မှု၊ ခေတ်မီ တပ်မတော်အဖြစ် တည်ဆောက်ပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ စည်းလုံး ညီညွတ်ရေးတို့ကို အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့မှုစသည့် သမိုင်းဝင် မှတ်တမ်းများကို ရဟန်းရှင်လူ ပြည်သူ အပေါင်းက တွေ့မြင်သိရှိ လေ့လာ နိုင်ရန်နှင့် မျိုးဆက်သစ် လူငယ်များ အနေဖြင့် မျိုးချစ် စိတ်ထက်သန်စွာ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်လိုသည့် စိတ်ဓာတ်များ ပေါ်ပေါက်လာစေရန် ရည်ရွယ် ဖွင့်လှစ်ခဲ့သည့် တပ်မတော် စစ်သမိုင်း ပြတိုက်တွင် ခင်းကျင်းပြသ နိုင်ရန်အတွက် ရဟန်းရှင်လူ ပြည်သူများထံတွင် ထိန်းသိမ်း ထားရှိသော မြန်မာ့ တပ်မတော် စတင်ဖွဲ့စည်းခဲ့သည့် ဗမာ့လွတ်လပ်ရေး တပ်မတော်မှ အစပြု၍ ခေတ်အဆက်ဆက် တပ်မတော်တွင် အသုံးပြုခဲ့သော စစ်ဝတ် တန်ဆာပလာ အသုံး အဆောင် ပစ္စည်း များအား အများပြည်သူ လေ့လာ ကြည့်ရှုနိုင်စေရန် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် ပေးပို့ လှူဒါန်းနိုင်ပါကြောင်း အသိပေးကြေညာ အပ်ပါသည်။
တပ်မတော် စစ်သမိုင်းပြတိုက် ၀၃၁-၇၄၃၃၀၊ ၀၃၁-၇၄၃၃၉

<zawgyi>
တပ်မတော် စစ်သမိုင်း ပြတိုက်တွင် ခင်းကျင်း ပြသနိုင်ရန် ပစ္စည်းများ ပေးပို့ လှူဒါန်းနိုင်
Friday, January 3, 2020

တပ်မတော် စစ်သမိုင်းပြတိုက်တွင် ခင်းကျင်းပြသနိုင်ရန် မြန်မာ့တပ်မတော် စတင်ဖွဲ့စည်းခဲ့သည့် ဗမာ့လွတ်လပ်ရေး တပ်မတော်မှ အစပြု၍ ခေတ်အဆက်ဆက် တပ်မတော်တွင် အသုံးပြုခဲ့သော စစ်ဝတ် တန်ဆာပလာ အသုံး အဆောင် ပစ္စည်း များအား အများပြည်သူ လေ့လာ ကြည့်ရှုနိုင်စေရန် ပေးပို့ လှူဒါန်းနိုင်ကြောင်း တပ်မတော်မှ ကြေညာချက်အရ သိရှိရသည်။
အမျိုးသားရေး ယုံကြည်ချက်နှင့် ခံယူချက် ပြည့်ဝသည့် မြန်မာ့ တပ်မတော်၏ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းစဉ် တစ်လျှောက်လုံးတွင် ရှေ့ဆုံးမှ ဦးဆောင်၍ ရဲဝံ့ ပြောင်မြောက်စွာ စွန့်စား တိုက်ပွဲဝင်ခဲ့မှု၊ လွတ်လပ်ရေး ရရှိပြီးနောက် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို စွန့်လွှတ် ပေးဆပ်မှုများဖြင့် ထိန်းသိမ်း ကာကွယ်ခဲ့မှု ၊ အမျိုးသားရေးကို အစဉ် ဦးထိပ်ထား၍ နိုင်ငံတော်တွင် အခက်အခဲနှင့် ဘေးအန္တရာယ်များ ကြုံတွေ့ချိန်တိုင်း အသက်ကို ပဓာနမထားဘဲ ရှေတန်းမှ မားမားမတ်မတ် ရပ်တည် ဆောင်ရွက်ခဲ့မှု၊ ခေတ်မီ တပ်မတော်အဖြစ် တည်ဆောက်ပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ စည်းလုံး ညီညွတ်ရေးတို့ကို အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့မှုစသည့် သမိုင်းဝင် မှတ်တမ်းများကို ရဟန်းရှင်လူ ပြည်သူ အပေါင်းက တွေ့မြင်သိရှိ လေ့လာ နိုင်ရန်နှင့် မျိုးဆက်သစ် လူငယ်များ အနေဖြင့် မျိုးချစ် စိတ်ထက်သန်စွာ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်လိုသည့် စိတ်ဓာတ်များ ပေါ်ပေါက်လာစေရန် ရည်ရွယ် ဖွင့်လှစ်ခဲ့သည့် တပ်မတော် စစ်သမိုင်း ပြတိုက်တွင် ခင်းကျင်းပြသ နိုင်ရန်အတွက် ရဟန်းရှင်လူ ပြည်သူများထံတွင် ထိန်းသိမ်း ထားရှိသော မြန်မာ့ တပ်မတော် စတင်ဖွဲ့စည်းခဲ့သည့် ဗမာ့လွတ်လပ်ရေး တပ်မတော်မှ အစပြု၍ ခေတ်အဆက်ဆက် တပ်မတော်တွင် အသုံးပြုခဲ့သော စစ်ဝတ် တန်ဆာပလာ အသုံး အဆောင် ပစ္စည်း များအား အများပြည်သူ လေ့လာ ကြည့်ရှုနိုင်စေရန် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် ပေးပို့ လှူဒါန်းနိုင်ပါကြောင်း အသိပေးကြေညာ အပ်ပါသည်။
တပ်မတော် စစ်သမိုင်းပြတိုက် ၀၃၁-၇၄၃၃၀၊ ၀၃၁-၇၄၃၃၉
#Myanmar_Online_News

0 comments:

Post a Comment