စင်ကာပူနိုင်ငံမှာ တစ်ရက်တာအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အများဆုံးအဖြစ် ဧပြီ ၉ ရက်နေ့က အသစ် ကူးစက်ခံရသူ ၂၈၇ ဦး တွေ့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရပါတယ်။
ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၁, ၉၀၀ ကျော်နဲ့ သေဆုံးသူ ၇ ဦးရှိပြီ ဖြစ်ပါတယ်။ အသစ်ကူးစက်ခံရသူ ၂၀၀ ကျော်ဟာ နိုင်ငံခြားသား အလုပ်သမား နေထိုင်ရာ အဆောင်တွေမှာ ဖြစ်ပွားတာနဲ့ ဆက်နွှယ်နေတယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောကြားပါတယ်။
စင်ကာပူနိုင်ငံတလွှား သောင်းနဲ့ချီတဲ့ အလုပ်သမားတွေဟာ အဆောင်တွေမှာ နေကြပြီး သူတို့ဟာ ဆောက်လုပ်ရေးကနေ သန့်ရှင်းရေးအထိ အမျိးမျိုးသော လုပ်သားအင်အားထုရဲ့ ကြီးမားတဲ့ အစိတ်အပိုင်း ဖြစ်နေပါတယ်။
စင်ကာပူမှာ ၇ ယောက်မြောက် သေဆုံးသူဟာ ဗိုင်းရပ်စ်ကူးစက်ခံရပေမယ့် တခြားရောဂါတွေ ရှိတာကြောင့် တာဝန်ရှိသူတွေက စစ်ဆေးနေတယ်လို့ ဖော်ပြထားပါတယ်။
Source-Reuters via- dvb #Myanmar_Online_News
>>zawgyi<<
စင်ကာပူတွင် တစ်ရက်တည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၈၇ ဦး တွေ့ရှိခဲ့ပြီး ကူးစက်ခံရသူ အများဆုံးဖြစ်ခဲ့
Friday, April 10, 2020
စင်ကာပူနိုင်ငံမှာ တစ်ရက်တာအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အများဆုံးအဖြစ် ဧပြီ ၉ ရက်နေ့က အသစ် ကူးစက်ခံရသူ ၂၈၇ ဦး တွေ့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရပါတယ်။
ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၁, ၉၀၀ ကျော်နဲ့ သေဆုံးသူ ၇ ဦးရှိပြီ ဖြစ်ပါတယ်။ အသစ်ကူးစက်ခံရသူ ၂၀၀ ကျော်ဟာ နိုင်ငံခြားသား အလုပ်သမား နေထိုင်ရာ အဆောင်တွေမှာ ဖြစ်ပွားတာနဲ့ ဆက်နွှယ်နေတယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောကြားပါတယ်။
စင်ကာပူနိုင်ငံတလွှား သောင်းနဲ့ချီတဲ့ အလုပ်သမားတွေဟာ အဆောင်တွေမှာ နေကြပြီး သူတို့ဟာ ဆောက်လုပ်ရေးကနေ သန့်ရှင်းရေးအထိ အမျိးမျိုးသော လုပ်သားအင်အားထုရဲ့ ကြီးမားတဲ့ အစိတ်အပိုင်း ဖြစ်နေပါတယ်။
စင်ကာပူမှာ ၇ ယောက်မြောက် သေဆုံးသူဟာ ဗိုင်းရပ်စ်ကူးစက်ခံရပေမယ့် တခြားရောဂါတွေ ရှိတာကြောင့် တာဝန်ရှိသူတွေက စစ်ဆေးနေတယ်လို့ ဖော်ပြထားပါတယ်။
Source-Reuters via- dvb #Myanmar_Online_News
No comments:
Post a Comment