Thursday, April 9, 2020

အိပ်ချ်အိုင်ဗွီဆေး Kaletra က covid-19 ကုသရာတွင် အစွမ်းထက်သည်ဟု ဝူဟန်ဆေးရုံအုပ်ကြီးပြော

Image may contain: one or more people and outdoor
အိပ်ချ်အိုင်ဗွီဆေး Kaletra (ကလယ်ထရာ) ဟာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံလူနာတွေကို ကုသရာမှာ အစွမ်းထက်တယ်လို့ ဝူဟန်ပြည်နယ် ကျင်းယင်တန်ဆေးရုံအုပ်ကြီး ကျန်တင်ယုက ဧပြီ ၉ ရက်နေ့မှာ ပြောကြားခဲ့ကြောင်း သိရပါတယ်။
AbbVie ကုမ္ပဏီထုတ် အိပ်ချ်အိုင်ဗွီဆေး Kaletra ဟာ အစွမ်းမထက်ဘူးဆိုပြီး ထွက်နေတဲ့ သတင်းတွေနဲ့ ကွဲလွဲပြီး ဆေးစွမ်းထက်တယ်လို့ ကျန်တင်ယုက ပြောလိုက်တာပါ။

ဇန်နဝါရီလကတည်းက ဆေးဝန်ထမ်းတွေဟာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်သူတွေကို အိပ်ချ်အိုင်ဗွီဆေး Kaletra နဲ့ bismuth potassium citrate တို့နဲ့ ကုသပေးနေတယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။ ဆေးရုံအုပ်ကြီးက သူနာပြုတွေနဲ့ ဆရာဝန်တွေကို Kaletra နဲ့ bismuth potassium citrate ပေးခဲ့ပြီး အကျိုးဆက်အနေနဲ့ ဗိုင်းရပ်စ်ကူးစက်တာ မရှိတော့ဘူးလို့ ပြောပါတယ်။

အရင်လေ့လာချက်တွေအရ အိပ်ချ်အိုင်ဗွီဆေး Kaletra ဟာ ဆားစ်ရောဂါကို ကုသရာမှာလည်း ကောင်းမွန်တဲ့ ရလဒ်တွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
Source-Reuters#Myanmar_Online_News

>>zawgyi<<

အိပ်ချ်အိုင်ဗွီဆေး Kaletra က covid-19 ကုသရာတွင် အစွမ်းထက်သည်ဟု ဝူဟန်ဆေးရုံအုပ်ကြီးပြော
Friday, April 10, 2020

အိပ်ချ်အိုင်ဗွီဆေး Kaletra (ကလယ်ထရာ) ဟာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံလူနာတွေကို ကုသရာမှာ အစွမ်းထက်တယ်လို့ ဝူဟန်ပြည်နယ် ကျင်းယင်တန်ဆေးရုံအုပ်ကြီး ကျန်တင်ယုက ဧပြီ ၉ ရက်နေ့မှာ ပြောကြားခဲ့ကြောင်း သိရပါတယ်။

AbbVie ကုမ္ပဏီထုတ် အိပ်ချ်အိုင်ဗွီဆေး Kaletra ဟာ အစွမ်းမထက်ဘူးဆိုပြီး ထွက်နေတဲ့ သတင်းတွေနဲ့ ကွဲလွဲပြီး ဆေးစွမ်းထက်တယ်လို့ ကျန်တင်ယုက ပြောလိုက်တာပါ။

ဇန်နဝါရီလကတည်းက ဆေးဝန်ထမ်းတွေဟာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်သူတွေကို အိပ်ချ်အိုင်ဗွီဆေး Kaletra နဲ့ bismuth potassium citrate တို့နဲ့ ကုသပေးနေတယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။ ဆေးရုံအုပ်ကြီးက သူနာပြုတွေနဲ့ ဆရာဝန်တွေကို Kaletra နဲ့ bismuth potassium citrate ပေးခဲ့ပြီး အကျိုးဆက်အနေနဲ့ ဗိုင်းရပ်စ်ကူးစက်တာ မရှိတော့ဘူးလို့ ပြောပါတယ်။

အရင်လေ့လာချက်တွေအရ အိပ်ချ်အိုင်ဗွီဆေး Kaletra ဟာ ဆားစ်ရောဂါကို ကုသရာမှာလည်း ကောင်းမွန်တဲ့ ရလဒ်တွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
Source-Reuters#Myanmar_Online_News

No comments:

Post a Comment