ရန်ကုန်တိုင်း၊ အုတ်ကျင်းမှာရှိတဲ့ တပ်မတော်အမှတ် ၁ စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာ နယ်စပ်ကပြန် လာသူ ၁၄၂ ဦးကို အသွားအလာကန့်သတ်စောင့်ကြည့်မှုတွေ ပြုလုပ်ထားပါတယ်။ ဒီလူတွေကို တပ်မတော်ဆေးတပ်ဖွဲ့က နေ့စဉ် အဖျားတိုင်းတာအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေပါတယ်။
ဒီစောင့်ကြည့်စခန်းကို ရောက်နေသူအများစုဟာ ထိုင်းနဲ့ တရုတ်နိုင်ငံတို့ကနေ နယ်စပ်ဖြတ်ပြီး မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာသူတွေဖြစ်ပါတယ်။ အုတ်ကျင်းမှာရှိတဲ့ အဲဒီ စစ်ကြောရေးစခန်းဟာ တပြိုင်တည်း လူ နှစ်ထောင်လောက် စောင့်ကြပ်ကြည့်ရှုပေးနိုင်ပြီး စားနပ်ရိက္ခာလည်း အပြည့်အစုံရှိတယ်လို့ တပ်မတော်ဘက်က ပြောကြားထားပါတယ်။

Source - BBC
<zawgyi>
အုတ်ကျင်း တပ်မတော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှာနယ်စပ်မှပြန်လာသူ လူ ၁၄၀ ကျော် စောင့် ကြပ်ကြည့်ရှုနေ
Saturday, April 11, 2020
ရန်ကုန်တိုင်း၊ အုတ်ကျင်းမှာရှိတဲ့ တပ်မတော်အမှတ် ၁ စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာ နယ်စပ်ကပြန် လာသူ ၁၄၂ ဦးကို အသွားအလာကန့်သတ်စောင့်ကြည့်မှုတွေ ပြုလုပ်ထားပါတယ်။ ဒီလူတွေကို တပ်မတော်ဆေးတပ်ဖွဲ့က နေ့စဉ် အဖျားတိုင်းတာအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေပါတယ်။
ဒီစောင့်ကြည့်စခန်းကို ရောက်နေသူအများစုဟာ ထိုင်းနဲ့ တရုတ်နိုင်ငံတို့ကနေ နယ်စပ်ဖြတ်ပြီး မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာသူတွေဖြစ်ပါတယ်။ အုတ်ကျင်းမှာရှိတဲ့ အဲဒီ စစ်ကြောရေးစခန်းဟာ တပြိုင်တည်း လူ နှစ်ထောင်လောက် စောင့်ကြပ်ကြည့်ရှုပေးနိုင်ပြီး စားနပ်ရိက္ခာလည်း အပြည့်အစုံရှိတယ်လို့ တပ်မတော်ဘက်က ပြောကြားထားပါတယ်။
Source - BBC

0 comments:
Post a Comment