သီးခြားနေထိုင်တဲ့ အမေဇုံမိုးသစ်တောက ရာနိုမာမီဌာနေတိုင်းရင်းသားလူငယ်တစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ် COVID-19ရောဂါကြောင့် သေဆုံးကြောင်း ဘရာဇီးတာဝန်ရှိသူတွေက သောကြာနေ့က ပြောပါတယ်။
အသက် ၁၅ နှစ်အရွယ် ရာနိုမာမီဌာနေတိုင်းရင်းသားလူငယ်ဟာ ရောဂါပိုးကူးစက် ခံရကြောင်း လက္ခဏာတွေ့ရှိတဲ့ အတွက် ပြီးခဲ့တဲ့ သီတင်းပတ်က ဘရာဇီးနိုင်ငံမြောက်ပိုင်းရှိ ဘိုအာဗစ်စ်တာမြို့က ဆေးရုံတစ်ရုံရဲ့ အထူးကြပ်မတ်ဆောင်မှာ ဆေးကုသခံယူ နေခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီလူငယ်ဟာ ကြာသတေးနေ့ညပိုင်းက အသက်ရှုကြပ်ပြီး သေဆုံးခဲ့ကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီး ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရာနိုမာမီဌာနတိုင်းရင်းသားခေါင်းဆောင်က ဒီရောဂါက သူတို့ဌာနတိုင်းရင်းသားတွေအတွက် သိပ်ကို အန္တရာယ်ကြီးမားတဲ့ ရောဂါဖြစ်တယ်။ ရာနိုမာမီအတွက် ဝမ်းနည်းစရာကောင်းတဲ့ နေ့ဖြစ်တယ်လို့ ဆိုပါတယ်။
ဘရာဇီးနိုင်ငံဟာ တိုင်းရင်းသားအုပ်စုပေါင်း ၃၀၀ ကျော်ရဲ့ ဌာနေတိုင်းရင်သားဦးရေ ၈၀၀,၀၀၀ နီးပါးရဲ့ အိမ်ကြီးဖြစ်ပါတယ်။
ရာနိုမာမီဌာနေတိုင်ရင်သားတွေဟာ မျက်နှာမှာ ဆေးခြယ်ပြီး နားကွင်းတွေ ဝတ်ဆင်တဲ့ သူတွေအဖြစ် လူသိများပြီး လူဦးရေ ၂၇,၀၀၀ လောက်သာ ရှိတဲ့ လူမျိုးဖြစ်ပါတယ်။
ရာနိုမာမီ ဌာနေတိုင်းရင်းသားတွေဟာ ၂၀ရာခုအလယ်ပိုင်းအထိ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်မရှိဘဲ နေ ထိုင်သူတွေဖြစ်ပါတယ်။သေဆုံးသူဟာ သူတို့တိုင်းရင်းသားတွေအတွက် ကျောင်းဆရာဖြစ်ရန် ပညာသင်ကြားနေသူ လို့သိရပါတယ်။ တခြားဌာနေတိုင်းရင် မျိုးနွယ်တွေဖြစ်တဲ့ ဘိုရာရီ နဲ့ မူရူး ဌာနေတိုင်းရင်းသားတွေထဲမှ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံး တစ်ဦးစီရှိကြောင်း သိရပါတယ်။
ဌာနေတိုင်းရင်းသား မျိုးနွယ် ၅ ခုမှ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အနည်းဆုံး ၈ဦးရှိကြောင်း ဂလိုဘိုသတင်းဌာနမှ ရေးသားထားပါတယ်။ လက်တင်အမေရိက နိုင်ငံတွေထဲမှ ဘရာဇီးနိုင်ငံ ဟာ ကိုရိုနာဗိုင်းရပ်စ်ဒဏ် အခံရဆုံး နိုင်ငံဖြစ်ပါတယ်။ ဧပြီ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ ရောဂါကူးစက်ခံရသူ ၁၉,၉၄၃ ဦးရှိပြီး သေဆုံးသူ ၁,၀၇၄ဦးရှိကြောင်းသိရပါတယ်။

Ref ; AFP
<zawgyi>
အမေဇုံမိုးသစ်တောအတွင်းက ဌာနေတိုင်းရင်းသားတစ်ဦး ကိုရိုနာဗိုင်ရပ်စ် ကူးစက်ခံရပြီး သေဆုံး
Saturday, April 11, 2020
သီးခြားနေထိုင်တဲ့ အမေဇုံမိုးသစ်တော က ရာနိုမာမီဌာနေတိုင်းရင်းသား လူငယ်တစ်ဦး ဟာ ကိုရိုနာဗိုင်းရပ်စ် COVID-19ရောဂါကြောင့် သေဆုံးကြောင်း ဘရာဇီးတာဝန်ရှိသူတွေက သောကြာနေ့က ပြောပါတယ်။
အသက် ၁၅ နှစ်အရွယ် ရာနိုမာမီဌာနေတိုင်းရင်းသား လူငယ်ဟာ ရောဂါပိုးကူးစက် ခံရကြောင်း လက္ခဏာတွေ့ရှိတဲ့ အတွက် ပြီးခဲ့တဲ့ သီတင်းပတ်က ဘရာဇီးနိုင်ငံမြောက်ပိုင်းရှိ ဘိုအာ ဗစ်စ်တာမြို့ က ဆေးရုံတစ်ရုံရဲ့ အထူးကြပ်မတ်ဆောင်မှာ ဆေးကုသခံယူ နေခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီလူငယ်ဟာ ကြာသတေးနေ့ညပိုင်းက အသက်ရှုကြပ်ပြီး သေဆုံးခဲ့ကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီး ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရာနိုမာမီဌာနတိုင်းရင်းသားခေါင်းဆောင်က ဒီရောဂါက သူတို့ဌာနတိုင်းရင်းသားတွေအတွက် သိပ်ကို အန္တရာယ်ကြီးမားတဲ့ ရောဂါဖြစ်တယ်။ ရာနိုမာမီအတွက် ဝမ်းနည်းစရာကောင်းတဲ့ နေ့ဖြစ်တယ်လို့ ဆိုပါတယ်။
ဘရာဇီးနိုင်ငံဟာ တိုင်းရင်းသားအုပ်စုပေါင်း ၃၀၀ ကျော်ရဲ့ ဌာနေတိုင်းရင်သားဦးရေ ၈၀၀,၀၀၀ နီးပါးရဲ့ အိမ်ကြီးဖြစ်ပါတယ်။
ရာနိုမာမီဌာနေတိုင်ရင်သားတွေဟာ မျက်နှာမှာ ဆေးခြယ်ပြီး နားကွင်းတွေ ဝတ်ဆင်တဲ့ သူတွေအဖြစ် လူသိများပြီး လူဦးရေ ၂၇,၀၀၀ လောက်သာ ရှိတဲ့ လူမျိုးဖြစ်ပါတယ်။
ရာနိုမာမီ ဌာနေတိုင်းရင်းသားတွေဟာ ၂၀ရာခုအလယ်ပိုင်းအထိ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်မရှိဘဲ နေ ထိုင်သူတွေဖြစ်ပါတယ်။သေဆုံးသူဟာ သူတို့တိုင်းရင်းသားတွေအတွက် ကျောင်းဆရာဖြစ်ရန် ပညာသင်ကြားနေသူ လို့သိရပါတယ်။ တခြားဌာနေတိုင်းရင် မျိုးနွယ်တွေဖြစ်တဲ့ ဘိုရာရီ နဲ့ မူရူး ဌာနေတိုင်းရင်းသားတွေထဲမှ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံး တစ်ဦးစီရှိကြောင်း သိရပါတယ်။
ဌာနေတိုင်းရင်းသား မျိုးနွယ် ၅ ခုမှ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အနည်းဆုံး ၈ဦးရှိကြောင်း ဂလိုဘိုသတင်းဌာနမှ ရေးသားထားပါတယ်။ လက်တင်အမေရိက နိုင်ငံတွေထဲမှ ဘရာဇီးနိုင်ငံ ဟာ ကိုရိုနာဗိုင်းရပ်စ်ဒဏ် အခံရဆုံး နိုင်ငံဖြစ်ပါတယ်။ ဧပြီ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ ရောဂါကူးစက်ခံရသူ ၁၉,၉၄၃ ဦးရှိပြီး သေဆုံးသူ ၁,၀၇၄ဦးရှိကြောင်းသိရပါတယ်။
Ref ; AFP

0 comments:
Post a Comment