Thursday, April 2, 2020

တပ်ခရိုင် ကိုဗစ်-၁၉ အရေးပေါ်ကြေငြာချက် ထုတ်ပြန်ပြီး ထိုင်းမြန်မာနယ်စပ်မှာ မြန်မာနိုင်ငံသား (၈၅) ဦးအဖမ်းခံရ

Image may contain: one or more people, people standing and outdoor

ဧပြီလ ၂ရက်နေ့နံနက်ပိုင်းမှာ ထိုင်းမြန်မာနယ်စပ် တပ်ခရိုင် Ban Huai Hin ဘန့်ဟွေ့ဟင် နယ်ခြား ၃၄၆ ရဲ စစ်ဆေးရေးဂိတ်မှာ ဘန်ကောက်ကနေ ဝင်ရောက်လာတဲ့ ဗင်ကား (၇) နှစ်စီးနဲ့ ခရီးသည်တင်ကားတစ်စီးပေါ်မှာ လိုက်ပါလာတဲ့ ပြည်တော်ပြန် မယ့် မြန်မာနိုင်ငံသား (၈၅) ဦးကို ဖမ်းဆီးထိမ်းသိမ်းလိုက်ကြောင်း သိရပါတယ်။

ခုလို နယ်ခြားစောင့် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးလိုက်တဲ့ မြန်မာနိုင်ငံသားတွေဟာ ကိုဗစ် -၁၉ ရောဂါဆိုင်ရာ တပ်ခရိုင် အရေးပေါ် ငြောချက် ကို မလိုက်နာပဲ မြန်မာနိုင်ငံပြန်မယ့် အလုပ်သမားတွေကို ပထမဆုံး စစ်ဆေးဖမ်းဆီးလိုက်တာဖြစ်ပါတယ်။
ဧပြီလ ၁ရက်နေ့ နေ့စွဲနဲ့ တပ်ခရိုင် မြို့တော်ဝန်ရဲ့ Mr Ratsit Samphantharat နိုင်ရပ်စစ် စန်ဖန်ထရပ် ထုတ် ပြန်ခဲ့တဲ့အရေးပေါ်ကြေငြာချက် No. 9/2020 မှာ ကိုဗစ်-၁၉ ရောဂါပိုး တားဆီးကာကွယ်ရေး ဆောက်ရွတ်နေတဲ့ မြဝတီ မြို့ အာဏာပိုင်တွေရဲ့ တောင်းဆိုချက်အရ ပြည်တော်ပြန်မြန်မာနိုင်ငံသားတွေကို ဧပြီလ ၁၅ ရက် ကျော်မှ မြန်မာနိုင်ငံဘက်က လက်ခံမှာဖြစ်တာကြောင့် တပ်ခရိုင်အတွင်း ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ယာဉ်တွေသွားလာမှု ယာရီရပ်ဆိုင်းမှာဖြစ်ကြောင်းသိရသည်။
တပ်ခရိုင်အတွင်း မြန်မာနိုင်ငံသားတွေ နဲ့ လူနည်းစု တိုင်းရင်းသားတွေ ရဲ့ ခရီးသွားလာခွင့်ကို ရပ်ဆိုင်းထားတော့မှာဖြစ်ပြီး အရေးပေါ်တားမြစ်ဥပဒေကိုမလိုက်နာ ချိုးဖေါက်တယ်ဆိုရင် ထောင်ဒဏ် (၁) နှစ်နဲ့ ဒဏ်ငွေတစ်သိန်းအထိ ပြစ်ဒဏ်ချမှတ်မယ်လို့ ထုန်ပြန်ထားတာဖြစ်ပါတယ်။
Image may contain: 1 person, standing and outdoor
Source - SAW
<zawgyi>
တပ်ခရိုင် ကိုဗစ်-၁၉ အရေးပေါ်ကြေငြာချက် ထုတ်ပြန်ပြီး ထိုင်းမြန်မာနယ်စပ်မှာ မြန်မာနိုင်ငံသား (၈၅) ဦးအဖမ်းခံရ
Thursday, April 2, 2020

ဧပြီလ ၂ရက်နေ့နံနက်ပိုင်းမှာ ထိုင်းမြန်မာနယ်စပ် တပ်ခရိုင် Ban Huai Hin ဘန့်ဟွေ့ဟင် နယ်ခြား ၃၄၆ ရဲ စစ်ဆေးရေးဂိတ်မှာ ဘန်ကောက်ကနေ ဝင်ရောက်လာတဲ့ ဗင်ကား (၇) နှစ်စီးနဲ့ ခရီးသည်တင်ကား တစ်စီးပေါ်မှာ လိုက်ပါလာတဲ့ ပြည်တော်ပြန် မယ့် မြန်မာနိုင်ငံသား (၈၅) ဦးကို ဖမ်းဆီးထိမ်းသိမ်းလိုက်ကြောင်း သိရ ပါတယ်။
ခုလို နယ်ခြားစောင့် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးလိုက်တဲ့ မြန်မာနိုင်ငံသားတွေဟာ ကိုဗစ် -၁၉ ရောဂါဆိုင်ရာ တပ်ခရိုင် အရေးပေါ် ငြောချက် ကို မလိုက်နာပဲ မြန်မာနိုင်ငံပြန်မယ့် အလုပ်သမားတွေကို ပထမဆုံး စစ်ဆေးဖမ်းဆီးလိုက်တာဖြစ်ပါတယ်။
ဧပြီလ ၁ရက်နေ့ နေ့စွဲနဲ့ တပ်ခရိုင် မြို့တော်ဝန်ရဲ့ Mr Ratsit Samphantharat နိုင်ရပ်စစ် စန်ဖန်ထရပ် ထုတ် ပြန်ခဲ့တဲ့အရေးပေါ်ကြေငြာချက် No. 9/2020 မှာ ကိုဗစ်-၁၉ ရောဂါပိုး တားဆီးကာကွယ်ရေး ဆောက်ရွတ်နေတဲ့ မြဝတီ မြို့ အာဏာပိုင်တွေရဲ့ တောင်းဆိုချက်အရ ပြည်တော်ပြန်မြန်မာနိုင်ငံသားတွေကို ဧပြီလ ၁၅ ရက် ကျော်မှ မြန်မာနိုင်ငံဘက်က လက်ခံမှာဖြစ်တာကြောင့် တပ်ခရိုင်အတွင်း ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ယာဉ်တွေသွားလာမှု ယာရီရပ်ဆိုင်းမှာဖြစ်ကြောင်းသိရသည်။
တပ်ခရိုင်အတွင်း မြန်မာနိုင်ငံသားတွေ နဲ့ လူနည်းစု တိုင်းရင်းသားတွေ ရဲ့ ခရီးသွားလာခွင့်ကို ရပ်ဆိုင်းထားတော့မှာဖြစ်ပြီး အရေးပေါ်တားမြစ်ဥပဒေကိုမလိုက်နာ ချိုးဖေါက်တယ်ဆိုရင် ထောင်ဒဏ် (၁) နှစ်နဲ့ ဒဏ်ငွေတစ်သိန်းအထိ ပြစ်ဒဏ်ချမှတ်မယ်လို့ ထုန်ပြန်ထားတာဖြစ်ပါတယ်။
Source - SAW

No comments:

Post a Comment