Thursday, April 2, 2020

COVID-19 စောင့်ကြည့်စင်တာ ထားရှိရန် ဆက်သွယ်အကူအညီတောင်းလာပါက ကန့်သတ်ချက်မရှိ လက်ခံမည်ဟု တပ်မတော်မှ ပြောကြား

Image may contain: one or more people and people standing

COVID-19 စောင့်ကြည့်စင်တာ ထားရှိရန် တိုင်းဒေသကြီးးနှင့် ပြည်နယ်များက ဆက်သွယ်အကူအညီတောင်းလာပါက နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ အမှတ်(၃)စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများတွင် ကန့်သတ်ချက်မရှိ လက်ခံသွားမည် ဖြစ်ကြောင်း အဆိုပါ COVID-19 စောင့်ကြည့်စခန်း၏ တာဝန်ခံ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၁)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်မြတ်စိုးက ယနေ့ ပြောကြားခဲ့သည်။

“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ လမ်းညွှန်ချက်အရ ကြိုတင်ဆောင်ရွက်ထားတာပါ၊ အကူအညီတောင်းလာရင် ကျွန်တော်တို့က တစ်တိုင်းပြည်လုံး အကုန်လက်ခံပေးမှာ ဖြစ်ပါတယ်။ နေပြည်တော်ကောင်စီအနေနဲ့မဟုတ်ဘဲ ကျွန်တော်တို့ဆီ တိုက်ရိုက်ဆက်သွယ်လာရင်လည်း ဒီမှာ လက်ခံပေးလို့ရပါတယ်။ ကန့်သတ်ချက် မရှိပါဘူး၊ အများအတွက် လုပ်တာ ဆိုတော့ အကုန်လုံး စီစဉ် ဆောင် ရွက် ပေးသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။
အဆိုပါ စောင့်ကြည့် စခန်းတွင် အိပ်ဆောင်အစုပေါင်း (၁) မှ (၁၃) အထိ ရှိပြီး အိပ်ဆောင် တစ်ခုချင်း ၌ အပေါ်ထပ် ၅၄ ဦး၊ အောက်ထပ် ၅၄ ဦး၊ ၁၀၈ ဦး ဆံ့သော အဆောင် ငါးဆောင် ပါဝင်သဖြင့် လူ ၅၄၀ ဦး ဆံ့ကြောင်း၊ အဆောင် ငါးဆောင်ပါ အိပ်ဆောင်အစုပေါင်း ၁၃ ခု ရှိသဖြင့် ၅၄၀ ဦးဆံ့ အိပ်ဆောင် ပေါင်း ၆၅ ဆောင် ရှိကြောင်း စခန်းတာဝန်ခံက ရှင်းပြခဲ့သည်။
စောင့်ကြည့် စခန်းသို့ ရောက်လာသည်နှင့် ဆေးအဖွဲ့များ၊ ချက်ပြုတ်ကျွေးမွေးရေး အဖွဲ့များ အပါ အဝင် အားလုံး အဆင်သင့် ရှိနေပြီ ဖြစ်ကြောင်း၊ စောင့်ကြည့် စခန်းသို့ ရောက်လာသည်နှင့် ဆေးအဖွဲ့များ၊ ချက်ပြုတ်ကျွေးမွေးရေး အဖွဲ့များ အပါ အဝင် အားလုံး အဆင်သင့် ရှိနေပြီ ဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် ဆရာဝန်၊ သူနာပြုများကို အရပ်ဘက်နှင့် ပေါင်းစပ် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ တပ်ဘက်ကလည်း ဆရာဝန်၊ သူနာပြုများ ရှိကြောင်း၊ စောင့်ကြည့်ခံ လူများအတွက် နံနက်စာ၊ နေ့လယ်စာ၊ ညနေစာ - တစ်ရက်လျှင် သုံးကြိမ်- နံနက်ပိုင်း၌ လက်ဖက်ရည်နှင့် ထမင်းကြော်၊ ကြက်ဥကြော်၊ နေ့လယ်နှင့် ညနေစာ၌ ပဲဟင်းနှင့် အသားဟင်း များဖြင့် ကျွေးမွေးမည် ဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သော တစ်ခါသုံး ပစ္စည်းများကို သုံးစွဲမည်ဖြစ်ကြောင်း၊ ချက်ပြုတ် ကျွေးမွေးရေးအတွက် လူငါးရာ ခုနစ်ရက်စာ အမြဲတမ်း ပြည့်စေရန် အ ဆင်သင့် ပြင်ဆင် ထားရှိကြောင်း၊ ချက်ပြုတ်ရာတွင် ရေသန့်ကိုသာ သုံးမည် ဖြစ်ပြီး လူငါးရာစာ ချက်ပြုတ်ပေးနိုင်သော အဖွဲ့ပေါင်း ၁၃ ဖွဲ့ ဖွဲ့စည်းထားကြောင်း၊ COVID-19 စောင့်ကြည့်စခန်း လုပ်ငန်းများအတွက် တပ်မတော်၏ ဘတ်ဂျက်ဖြင့် သုံးစွဲသွားမည်ဖြစ်ပြီး၊ ဘတ်ဂျက်ပမာဏနှင့် သုံးစွဲမည့် ကာလတို့ကို ကန့်သတ်ထားခြင်း မရှိကြောင်း ဆိုသည်။
လတ်တလောတွင် ပြင်ပမှ အလှူရှင်များက ဆက်သွယ်လာမှု မရှိသေးကြောင်း၊ စောင့်ကြည့်ရမည့် လူများ လက်ခံရာတွင် နေပြည်တော်ကောင်စီနှင့် ချိတ်ဆက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အကယ်၍ positive တွေ့ရှိသော လူနာရှိလာပါက သက်ဆိုင်ရာ ဆေးရုံများသို့ ဆက် လက် ပို့ဆောင်ရန် စီစဉ်ထားကြောင်း၊ ဆေးအဖွဲ့များ၊ ချက်ပြုတ်ရေး အဖွဲ့များ အားလုံး စီစဉ်ထားရှိ ပြီး ဖြစ်ကြောင်းလည်း COVID-19 စောင့်ကြည့် စခန်း တာဝန်ခံက ရှင်းလင်း ပြောကြားခဲ့သည်။
Image may contain: one or more people, people sitting and indoor
Image may contain: people sitting, table, indoor and outdoor
Image may contain: indoor
Image may contain: one or more people and people standing
Image may contain: one or more people, tree, sky, basketball court, house and outdoor

Image may contain: one or more people and people standing
Ref ; Xinhua
<zawgyi>
တပ်မတော်၏ နေပြည်တော် COVID-19 စောင့်ကြည့်စခန်း၌ နိုင်ငံ့အဝှမ်းမှ ပြည်သူများအား ကန့်သတ်ချက်မရှိ လက်ခံမည်ဟု ဆို
Thursday, April 2, 2020

နေပြည်တော် တိုင်းစစ်ဌာနချုပ်ရှိ အမှတ်(၃) စစ်ကြောရေးနှင့် တည်းခိုရေး စခန်းများတွင် COVID-19 စောင့်ကြည့်စင်တာ ထားရှိရန် တိုင်းဒေသကြီးးနှင့် ပြည်နယ်များက ဆက်သွယ် အကူအညီ တောင်း လာပါက ကန့်သတ်ချက်မရှိ လက်ခံသွားမည် ဖြစ်ကြောင်း အဆိုပါ COVID-19 စောင့်ကြည့် စခန်း၏ တာဝန်ခံ၊ နေပြည် တော်တိုင်း စစ်ဌာနချုပ်၊ အမှတ်(၁) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်မြတ်စိုးက ယနေ့ ပြောကြားခဲ့သည်။
“တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လမ်းညွှန်ချက်အရ ကြိုတင် ဆောင်ရွက်ထားတာပါ၊ အကူအညီ တောင်းလာရင် ကျွန်တော်တို့က တစ်တိုင်းပြည်လုံး အကုန် လက်ခံပေးမှာ ဖြစ်ပါတယ်။ နေပြည်တော် ကောင်စီ အနေနဲ့မဟုတ်ဘဲ ကျွန်တော်တို့ဆီ တိုက်ရိုက်ဆက်သွယ်လာရင်လည်း ဒီမှာ လက်ခံပေး လို့ရပါတယ်။ ကန့်သတ်ချက် မရှိပါဘူး၊ အများအတွက် လုပ်တာ ဆိုတော့ အကုန်လုံး စီစဉ် ဆောင် ရွက် ပေးသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။
အဆိုပါ စောင့်ကြည့် စခန်းတွင် အိပ်ဆောင်အစုပေါင်း (၁) မှ (၁၃) အထိ ရှိပြီး အိပ်ဆောင် တစ်ခုချင်း ၌ အပေါ်ထပ် ၅၄ ဦး၊ အောက်ထပ် ၅၄ ဦး၊ ၁၀၈ ဦး ဆံ့သော အဆောင် ငါးဆောင် ပါဝင်သဖြင့် လူ ၅၄၀ ဦး ဆံ့ကြောင်း၊ အဆောင် ငါးဆောင်ပါ အိပ်ဆောင်အစုပေါင်း ၁၃ ခု ရှိသဖြင့် ၅၄၀ ဦးဆံ့ အိပ်ဆောင် ပေါင်း ၆၅ ဆောင် ရှိကြောင်း စခန်းတာဝန်ခံက ရှင်းပြခဲ့သည်။
စောင့်ကြည့် စခန်းသို့ ရောက်လာသည်နှင့် ဆေးအဖွဲ့များ၊ ချက်ပြုတ်ကျွေးမွေးရေး အဖွဲ့များ အပါ အဝင် အားလုံး အဆင်သင့် ရှိနေပြီ ဖြစ်ကြောင်း၊ စောင့်ကြည့် စခန်းသို့ ရောက်လာသည်နှင့် ဆေးအဖွဲ့များ၊ ချက်ပြုတ်ကျွေးမွေးရေး အဖွဲ့များ အပါ အဝင် အားလုံး အဆင်သင့် ရှိနေပြီ ဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် ဆရာဝန်၊ သူနာပြုများကို အရပ်ဘက်နှင့် ပေါင်းစပ် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ တပ်ဘက်ကလည်း ဆရာဝန်၊ သူနာပြုများ ရှိကြောင်း၊ စောင့်ကြည့်ခံ လူများအတွက် နံနက်စာ၊ နေ့လယ်စာ၊ ညနေစာ - တစ်ရက်လျှင် သုံးကြိမ်- နံနက်ပိုင်း၌ လက်ဖက်ရည်နှင့် ထမင်းကြော်၊ ကြက်ဥကြော်၊ နေ့လယ်နှင့် ညနေစာ၌ ပဲဟင်းနှင့် အသားဟင်း များဖြင့် ကျွေးမွေးမည် ဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သော တစ်ခါသုံး ပစ္စည်းများကို သုံးစွဲမည်ဖြစ်ကြောင်း၊ ချက်ပြုတ် ကျွေးမွေးရေးအတွက် လူငါးရာ ခုနစ်ရက်စာ အမြဲတမ်း ပြည့်စေရန် အ ဆင်သင့် ပြင်ဆင် ထားရှိကြောင်း၊ ချက်ပြုတ်ရာတွင် ရေသန့်ကိုသာ သုံးမည် ဖြစ်ပြီး လူငါးရာစာ ချက်ပြုတ်ပေးနိုင်သော အဖွဲ့ပေါင်း ၁၃ ဖွဲ့ ဖွဲ့စည်းထားကြောင်း၊ COVID-19 စောင့်ကြည့်စခန်း လုပ်ငန်းများအတွက် တပ်မတော်၏ ဘတ်ဂျက်ဖြင့် သုံးစွဲသွားမည်ဖြစ်ပြီး၊ ဘတ်ဂျက်ပမာဏနှင့် သုံးစွဲမည့် ကာလတို့ကို ကန့်သတ်ထားခြင်း မရှိကြောင်း ဆိုသည်။
လတ်တလောတွင် ပြင်ပမှ အလှူရှင်များက ဆက်သွယ်လာမှု မရှိသေးကြောင်း၊ စောင့်ကြည့်ရမည့် လူများ လက်ခံရာတွင် နေပြည်တော်ကောင်စီနှင့် ချိတ်ဆက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အကယ်၍ positive တွေ့ရှိသော လူနာရှိလာပါက သက်ဆိုင်ရာ ဆေးရုံများသို့ ဆက် လက် ပို့ဆောင်ရန် စီစဉ်ထားကြောင်း၊ ဆေးအဖွဲ့များ၊ ချက်ပြုတ်ရေး အဖွဲ့များ အားလုံး စီစဉ်ထားရှိ ပြီး ဖြစ်ကြောင်းလည်း COVID-19 စောင့်ကြည့် စခန်း တာဝန်ခံက ရှင်းလင်း ပြောကြားခဲ့သည်။
Ref ; Xinhua

No comments:

Post a Comment