Sunday, April 12, 2020

COVID-19 အတည်ပြုလူနာ Case-33၏ အမျိုးသားနှင့်ကလေးကို အဆောင်မှလက်မခံတော့၍နေစရာအခက်အခဲဖြစ်နေဟုသိရ

Image may contain: one or more people, people standing and outdoor

Case 33၏အမျိုးသားနှင့်ကလေးကိုအဆောင်မှလက်မခံတော့၍နေစရာအခက်အခဲဖြစ်နေဟု အဆိုပါလမ်းတွင်နေထိုင်သူတစ်ဦး၏ weeklyheadlineသို့ ‌ြေပါကြားချက်အရသိရပြီး နောက်ဆုံးရရှိသောသတင်းအရရွှေပြည်သာမြို့နယ်စည်ပင်ဥက္ကဌမှတာဝန်ယူစီစဉ်ပေးမယ်လို့သိရပါတယ်။

Case 33နေထိုင်ရာ ရွှေပြည်သာ၁ရက်ကွက်ရတနာမိုးလမ်းကိုပိတ်ဆို့လိုက်ပြီးပိုးသတ်ဆေးဖြန်းခြင်းများဆောင်ရွက်ခဲ့ကြောင်းသတင်းရှိပါတယ်။အဆိုပါအဆောင်မှာလူ၂၀ခန့်နေထိုင်ပြီးြခံဝန်းတစ်ခုထဲမှာအဆောင်၂ခုရှိကြောင်းနဲ့နောက်အဆောင်မှာလူ၁၇ဦးခန့်နေထိုင်ကြောင်းသိရပါတယ်။
Case 33 သည် စက်ရုံတွင် အလုပ်လုပ်သူ မဟုတ်ကြောင်းသိရှိရပါသည်။
အမျိုးသားသည် ကုန်ထမ်းလုပ်သားဖြစ်ပြီး ၁ နှစ်ခွဲအရွယ် သားလေး ရှိပါသည်။
အဆိုပါ Case 33 အမျိုးသမီး ၏ ယောက်ကျား နှင့် ခလေးသည် အင်းစိန်ဆေးရုံမှ ပြန်လွှတ်လိုက်သည်ဟုဆိုကာ တက္ကစီကားဖြင့် အဆောင်သို့ပြန်လာသဖြင့် ခေတ္တကြပ်မတ်ထားပါသည်။ ( Mask တပ်ဆင်ထားခြင်းမရှိပါ )
ခလေး သားအဖသည် လမ်းပေါ်တွင် စောင့်ဆိုင်းနေရပါသည်။ကျန်းမာရေးဌာနမှ ဆက်လက်ဆောင်ရွက်ရန်များ များစွာရှိနေပြီး အမြန်ဆောင်ရွက်နိုင်ရန်လိုအပ်ပါတယ်လို့ရွှေပြည်သာမြို့နယ်စည်ပင်ဉက္ကဌဦးသိန်းဇံကသူရဲ့လူမှုကွန်မှာရေးသားထားပါတယ်။

အဆိုပါဓာတ်ခွဲအတည်ပြုလူနာ (Case-033) မှာ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နေ အသက် (၂၉)နှစ်အရွယ် အမျိုးသမီး (၁)ဦးဖြစ်ပြီး (၇-၄-၂၀၂၀)ရက်နေ့မှ စတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်းတို့ ခံစားရသဖြင့် (၁၀-၄-၂၀၂၀)ရက်နေ့တွင် အင်းစိန်ပြည်သူ့ ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ ၎င်းအားစောင့်ကြည့်လူနာအဖြစ်သက်မှတ်၍ ဓါတ်ခွဲနမူနာ ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းတွင် လွန်ခဲ့သော (၁၄)ရက်အတွင်း ပြည်ပနိုင်ငံများသို့ ခရီးသွားရာဇဝင် မရှိကြောင်းကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။
Image may contain: one or more people and outdoor
Image may contain: outdoor
photo;arkar

0 comments:

Post a Comment