Sunday, April 12, 2020

COVID-19 ကိုရိုနာဗိုင်းရပ်ကြောင့် အမေရိကန်နိုင်ငံသည် ကမ္ဘာ့သေဆုံးမှုအများဆုံးနိုင်ငံ ဖြစ်လာ

Image may contain: car

COVID-19 ကိုရိုနာဗိုင်းရပ်ကြောင့် ကမ္ဘာနိုင်ငံများအကြားတွင် အမေရိကန်သည် လူသေဆုံးမှု အများဆုံးနိုင်ငံဖြစ်လာခဲ့သည်။

ဂျွန်ဟော့ကင်းတက္ကသိုလ်ကပြုစုသည့် အချက်အလက်များအရ အမေရိကန်နိုင်ငံတွင် လူပေါင်း ၂၀၀၀၀ ကျော်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသက်ဆုံးရှုံးခဲ့ပြီဖြစ်သည်။
အမေရိကန်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ် ရက်အတွင်း လူ ၂၁၀၀ ကျော် သေဆုံးသည့် ကမ္ဘာ့ပထမဆုံး တိုင်းပြည်ဖြစ်လာခဲ့ပြီးနောက် သေဆုံးမှုအမြင့်ဆုံး တိုင်းပြည်အဖြစ် အီတလီနိုင်ငံကို ကျော်တက်သွားခဲ့ခြင်းဖြစ်သည်။
နယူးယောက်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုတည်ငြိမ်သွားပုံပေါ်ကြောင်း ပြည် နယ်အုပ်ချုပ်ရေးမှူး အန်ဒရူးကူမိုက ပြောသည်။ ပြီးခဲ့သည့်တစ်ရက်အတွင်း နယူးယောက်ပြည်နယ်၌ ကိုဗစ်-၁၉ ရောဂါကြောင့် လူ ရ၈၃ ဉီး သေဆုံးခဲ့သည်ဟု သူကဆိုသည်။
နယူးယောက်ပြည်နယ်မှာ အမေရိကန်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် အဓိကဖြစ်ပွားရပြည်နယ်ဖြစ်ပြီး ကူးစက် မှု ၅၂၀၀၀၀ အနက် ၁၈၀၀၀၀ ကျော်မှာ အဆိုပါပြည်နယ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဒီဇင် ဘာလအတွင်း တရုတ်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း လူပေါင်း တစ်သိန်းကျော် သေ ဆုံးခဲ့ပြီဖြစ်သည်။
ယမန်နေ့ နေ့လည်ပိုင်းအထိ အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၁၉၄၆၈ ဉီး သေဆုံးခဲ့ပြီး အမေရိ ကန်နိုင်ငံတွင် ၂၀၅၀၆ ဉီး သေဆုံးခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ စာရင်းအရသိရသည်။ အမေရိကန်နိုင်ငံ တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ၅၂၇၁၁၁ အထိ မြင့်တက်လာခဲ့သည်။
No photo description available.
Source : BBC
Ref; Coronavirus: US death toll overtakes Italy as world's highest

0 comments:

Post a Comment