Tuesday, April 7, 2020

COVID-19 ရောဂါ ကုသရေးတွင် ကူညီဆောင်ရွက်ရန် ယူနန်ပြည်နယ်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ

Image may contain: one or more people, people standing and outdoor

မြန်မာနိုင်ငံတွင် COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပြန့်ပွားမှုများ တိုက် ဖျက်ရာ၌ အထောက်အကူဖြစ်စေရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်မှ အဖွဲ့ဝင် (၁၂) ဦးပါဝင်သော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့သည် ၈-၄-၂၀၂၀ ရက်နေ့ ဒေသစံတော် ချိန် နံနက် (၁၀၀၀) နာရီအချိန်တွင် ယူနန်ပြည်နယ်၊ ကူမင်းမြို့၊ ချမ်းရွှေအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ထွက်ခွာသွားခဲ့ပါသည်။

ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ မထွက်ခွာမီ ပို့ဆောင်သည့် အခမ်းအနား ကျင်းပပြု လုပ်ခဲ့ရာ ယူနန်ပြည်နယ်ပြည်သူ့အစိုးရ၊ ဒုတိယအုပ်ချုပ်ရေးမှူး H.E Mme. Li Malin၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ၊ ဒုတိယအထွေထွေအတွင်းရေးမှူး Mr. Peng Yao Ming ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၊ ညွှန်ကြားရေးမှူးချုပ် Mme. Pu Hong၊ ယူနန်ပြည်နယ် ကျန်းမာရေးကော်မရှင် အတွင်းရေးမှူး Mrs. Yang Yang တို့နှင့်အတူ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော် မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့အား လေဆိပ်တွင် ရင်းရင်းနှီးနှီးနှုတ်ဆက် ပို့ဆောင်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ဆေးပညာရှင်အဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိင်ရာလေဆိပ်သို့ယနေ့မနက် နံနက် ၁၀ နာရီ ခွဲ အချိန်တွင် ရောက်ရှိလာကြောင်း သိရသည်။
Image may contain: one or more people and people standing
Image may contain: outdoor
Image may contain: one or more people and text
Image may contain: one or more people, people standing and outdoor

Image may contain: outdoor
Image may contain: one or more people, people standing and outdoor
No photo description available.
No photo description available.
Source : Ministry of Foreign Affairs Myanmar #Myanmar_Online_News
>>Zawgyi<<
Wednesday, April 8, 2020
မြန်မာနိုင်ငံတွင် COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပြန့်ပွားမှုများ တိုက် ဖျက်ရာ၌ အထောက်အကူဖြစ်စေရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်မှ အဖွဲ့ဝင် (၁၂) ဦးပါဝင်သော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့သည် ၈-၄-၂၀၂၀ ရက်နေ့ ဒေသစံတော် ချိန် နံနက် (၁၀၀၀) နာရီအချိန်တွင် ယူနန်ပြည်နယ်၊ ကူမင်းမြို့၊ ချမ်းရွှေအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ထွက်ခွာသွားခဲ့ပါသည်။
ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ မထွက်ခွာမီ ပို့ဆောင်သည့် အခမ်းအနား ကျင်းပပြု လုပ်ခဲ့ရာ ယူနန်ပြည်နယ်ပြည်သူ့အစိုးရ၊ ဒုတိယအုပ်ချုပ်ရေးမှူး H.E Mme. Li Malin၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ၊ ဒုတိယအထွေထွေအတွင်းရေးမှူး Mr. Peng Yao Ming ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၊ ညွှန်ကြားရေးမှူးချုပ် Mme. Pu Hong၊ ယူနန်ပြည်နယ် ကျန်းမာရေးကော်မရှင် အတွင်းရေးမှူး Mrs. Yang Yang တို့နှင့်အတူ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော် မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့အား လေဆိပ်တွင် ရင်းရင်းနှီးနှီးနှုတ်ဆက် ပို့ဆောင်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ဆေးပညာရှင်အဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိင်ရာလေဆိပ်သို့ယနေ့မနက် နံနက် ၁၀ နာရီ ခွဲ အချိန်တွင် ရောက်ရှိလာကြောင်း သိရသည်။
Source : Ministry of Foreign Affairs Myanmar #Myanmar_Online_News

0 comments:

Post a Comment