Tuesday, April 7, 2020

မလေးရှားနိုင်ငံတွင် COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ၁၇၀ ဦးရှိပြီးသေဆုံးသူ ၁ ဦးရှိကြောင်းမလေးရှားနိုင်ငံမှ ထုတ်ပြန်ကြေညာ


Image may contain: one or more people

မလေးရှားနိုင်ငံ၌ ဧပြီလ ၇ ရက်နေ့တွင် COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၁၇၀ ဦးရှိပြီးရောဂါ ကူးစက်ခံရသူစုစုပေါင်း ၃,၉၆၃ ဦးရှိကြောင်းမလေးရှားနိုင်ငံမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။ Perlis ပြည်နယ်မှ အသက် ၇၁ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်းထုတ်ပြန်ကြေညာခဲ့ပါသည်။သူသည်အင်ဒိုနီးရှားနိုင်ငံ Sulawesi ၌ မတ်လ ၁၇ ရက်နေ့မှ ၂၄ ရက်နေ့အထိပြုလုပ်သည့် ဘာသာရေးပွဲတော်သို့ တက်ရောက်ခဲ့ပါသည်။မလေးရှားနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၆၃ ဦးရှိခဲ့ပါသည်။
ကျန်းမာရေးဌာန၏ ညွှန်ကြားရေးမှူးချုပ် Noor Hisham Abdullahမှ လူနာ ၈၀ ကျော်အားဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီးပြန်လည်ကောင်းမွန်လာသူ ၁,၃၂၁ ဦးရှိကြောင်းသတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ပါသည်။ အထူးကြပ်မတ်ကုသဆောင်တွင် လူနာ ၉၂ ဦးဆေးကုသမှုခံယူလျက်ရှိကြောင်း၊ ၎င်းတို့အနက် ၅၀ ဦးမှာventilatorများလိုအပ်နေကြောင်း ၎င်းမှ ပြောကြားခဲ့ပါသည်။

မည်သည့်နေရာမှ ရောဂါ ကူးစက်ခံခဲ့ရသည်ကိုခြေရာခံမရနိုင်သည့်ရောဂါပိုးကူးစက်ခံခဲ့ရသူ၆၉ ဦးရှိကြောင်းဒေါက်တာNoor Hisham မှ ပြောကြားခဲ့ပါသည်။ ကျန်းမာရေးဝန်ထမ်း ၃၀ ဦးသည်လည်းကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ခြင်းမှတဆင့် ရောဂါကူးစက်ခံခဲ့ရကြောင်း ၎င်းမှ ထပ်မံပြောကြားခဲ့ပါသည်။ ၎င်းတို့အနက် အချို့ဝန်ထမ်းများသည် အထူးကြပ်မတ်ကုသဆောင်တွင် အလုပ်လုပ် လျက်ရှိပြီးCOVID-19 ရောဂါရှိ/မရှိမသိရှိရသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါခံစားနေရသောလူနာများအားဆေးကုသပေးလျက်ရှိကြောင်းဒေါက်တာNoor Hisham မှပြောကြားခဲ့ပါသည်။

၎င်းတို့အနေဖြင့် ရောဂါကာကွယ်ရေးဝတ်စုံ (PPE)ဝတ်ဆင်ထားခြင်းမရှိသည့် အတွက် ရောဂါကူးစက်ခံခဲ့ရကြောင်း ၎င်းမှ ပြောကြားခဲ့ပါသည်။ ကျန်းမာရေးဝန်ထမ်း ၃၀ ဦးတွင် COVID-19 ရောဂါကူးစက်ခံထားရကြောင်းတွေ့ရှိခဲ့ပြီး၁၂ ဦးမှာအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါခံစားနေရသောလူနာများအားဆေးကုသပေးခြင်းမှတဆင့် ကူးစက်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ အခြားသူများမှာဆေးရုံများမှ ကူးစက်ခံခဲ့ရခြင်းဖြစ် ကြောင်း၎င်းမှ ပြောကြားခဲ့ပါသည်။

ဒေါက်တာNoor Hisham မှ ကျန်းမာရေးဝန်ထမ်းများအားကာကွယ်ရန်အတွက် ပြင်းထန်သောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကူးစက်မှုများအားCOVID-19 ရောဂါကဲ့သို့ ကုသရမည်ဖြစ်ကြောင်းအလေးပေးပြောကြားခဲ့ပါသည်။
Source - CNA
<zawgyi>
မလေးရှားနိုင်ငံတွင် COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ၁၇၀ ဦးရှိပြီးသေဆုံးသူ ၁ ဦးရှိကြောင်းမလေးရှားနိုင်ငံမှ ထုတ်ပြန်ကြေညာ
Wednesday, April 8, 2020

မလေးရှားနိုင်ငံ၌ ဧပြီလ ၇ ရက်နေ့တွင် COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၁၇၀ ဦးရှိပြီးရောဂါ ကူးစက်ခံရသူစုစုပေါင်း ၃,၉၆၃ ဦးရှိကြောင်းမလေးရှားနိုင်ငံမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။ Perlis ပြည်နယ်မှ အသက် ၇၁ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်းထုတ်ပြန်ကြေညာခဲ့ပါသည်။သူသည်အင်ဒိုနီးရှားနိုင်ငံ Sulawesi ၌ မတ်လ ၁၇ ရက်နေ့မှ ၂၄ ရက်နေ့အထိပြုလုပ်သည့် ဘာသာရေးပွဲတော်သို့ တက်ရောက်ခဲ့ပါသည်။မလေးရှားနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၆၃ ဦးရှိခဲ့ပါသည်။

ကျန်းမာရေးဌာန၏ ညွှန်ကြားရေးမှူးချုပ် Noor Hisham Abdullahမှ လူနာ ၈၀ ကျော်အားဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီးပြန်လည်ကောင်းမွန်လာသူ ၁,၃၂၁ ဦးရှိကြောင်းသတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ပါသည်။ အထူးကြပ်မတ်ကုသဆောင်တွင် လူနာ ၉၂ ဦးဆေးကုသမှုခံယူလျက်ရှိကြောင်း၊ ၎င်းတို့အနက် ၅၀ ဦးမှာventilatorများလိုအပ်ေနကြောင်း ၎င်းမှ ပြောကြားခဲ့ပါသည်။

မည်သည့်နေရာမှ ရောဂါ ကူးစက်ခံခဲ့ရသည်ကိုခြေရာခံမရနိုင်သည့်ရောဂါပိုးကူးစက်ခံခဲ့ရသူ၆၉ ဦးရှိကြောင်းဒေါက်တာNoor Hisham မှ ပြောကြားခဲ့ပါသည်။ ကျန်းမာရေးဝန်ထမ်း ၃၀ ဦးသည်လည်းကျန်းမာရေးစောင့်ေရှာက်မှုပြုလုပ်ခြင်းမှတဆင့် ရောဂါကူးစက်ခံခဲ့ရကြောင်း ၎င်းမှ ထပ်မံပြောကြားခဲ့ပါသည်။ ၎င်းတို့အနက် အချို့ဝန်ထမ်းများသည် အထူးကြပ်မတ်ကုသဆောင်တွင် အလုပ်လုပ် လျက်ရှိပြီးCOVID-19 ရောဂါရှိ/မရှိမသိရှိရသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါခံစားနေရသောလူနာများအားဆေးကုသပေးလျက်ရှိကြောင်းဒေါက်တာNoor Hisham မှပြောကြားခဲ့ပါသည်။

၎င်းတို့အနေဖြင့် ရောဂါကာကွယ်ရေးဝတ်စုံ (PPE)ဝတ်ဆင်ထားခြင်းမရှိသည့် အတွက် ရောဂါကူးစက်ခံခဲ့ရကြောင်း ၎င်းမှ ပြောကြားခဲ့ပါသည်။ ကျန်းမာရေးဝန်ထမ်း ၃၀ ဦးတွင် COVID-19 ရောဂါကူးစက်ခံထားရကြောင်းတေွ့ရှိခဲ့ပြီး၁၂ ဦးမှာအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါခံစားနေရသောလူနာများအားဆေးကုသပေးခြင်းမှတဆင့် ကူးစက်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ အခြားသူများမှာဆေးရုံများမှ ကူးစက်ခံခဲ့ရခြင်းဖြစ် ကြောင်း၎င်းမှ ပြောကြားခဲ့ပါသည်။

ဒေါက်တာNoor Hisham မှ ကျန်းမာရေးဝန်ထမ်းများအားကာကွယ်ရန်အတွက် ပြင်းထန်သောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကူးစက်မှုများအားCOVID-19 ရောဂါကဲ့သို့ ကုသရမည်ဖြစ်ကြောင်းအလေးပေးေပြာကြားခဲ့ပါသည်။
Source - CNA

0 comments:

Post a Comment