
COVID-19 စောင့်ကြည့်ကာလ ၁၄ ရက်ကျော်လွန်မှ ရောဂါလက္ခဏာ ပြသသူများ တွေ့ရသည့်အတွက် မူလက ၁၄ ရက်အစား ၂၁ ရက်ထိ တိုးရမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာမှတဆင့် ယနေ့ အသိပေးပြောကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်က “Quarantine ၁၄ ရက်လွန်မှ ရောဂါလက္ခဏာ ပြသူတွေတွေ့ရလို့ စိတ်ချရ အောင် quarantine ကို ၂၁ ရက်ထိ တိုးရပါမယ်။ အိမ် quarantine မှာရှိနေသူတွေလည်း မပေါ့ဆ ကြဖို့ သတိပေးလိုက်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန် ညွှန်ကြားချက် တွေကို အသေချာ လေ့လာ လိုက်နာပါ”ဟု ပြောသည်။
ဆက်လက်ပြီး “ထိုင်းဘက်မှ ကျမတို့ ပြည်သူတွေစပြီး အလုံးအရင်းနဲ့ ပြန်လာတာလည်း ၂ ပတ်ကျော်သွားပါပြီ။ အရေအတွက်က ဒီနေ့ထိဆို တစ်သိန်းခွဲကျော်ပါပြီ။ ရောဂါကူးစက်ထားသူများ နောက်အပတ်အတွင်း ပေါ်လာပါမယ်။ ဘယ်လောက် အထိများမယ် ခန့်မှန်းလို့ မရသေးပါဘူး။ ကျွန်မတို့ အစိုးရကတော့ ပြည်သူတယောက်ချင်းကို တန်ဖိုးထားပြီး အကောင်းဆုံး စောင့်ရှောက်သွားဖို့ သန္နိဋ္ဌာန်ချထားပါတယ်” ဟုလည်း ပြောကြားခဲ့သည်။
COVID -19 ပိုးရှိလူနာ Case 001 နှင့် အတူ ပြည်ပမှ ပြန်လာခဲ့သူ အသက် ၅၈ နှစ်အရွယ် မိခင်သည် စောင့်ကြည့်ကာလ ၁၄ ရက် အတွင်း ရောဂါလက္ခဏာ မပြခဲ့ဘဲ သတ်မှတ်ရက်ပြည့်ပြီးနောက် ဆေးစစ်ချက်ယူရာမှ ပိုးရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
ပုံမှန်ဝင်ငွေ မရှိတဲ့ ကျွန်မတို့ အခြေခံလူတန်းစား ပြည်သူတွေအတွက် ရိက္ခာဖြန့်ဖြူးရေး လုပ်ငန်း မနေ့ကစတင် ဆောင်ရွက် လိုက်ပါတယ်။ ပြည်သူ တွေ၊အစိုးရပိုင်း၊ အုပ်ချုပ်ရေးပိုင်း၊ အားလုံးဝိုင်းဝန်းလုပ်ကိုင် ကြလို့ အားရစရာပါ။ ဒါပေမဲ့ COVID ကာကွယ်ရေး အတွက် ချမှတ် ထားတဲ့ စည်းမျဉ်းတွေ အတိုင်း မ လိုက်နာတဲ့ ဖြစ်ရပ်လေးတွေကြောင့်ဝေဖန်စ ရာ ဖြစ်ရ ပါတယ်။ ဒီလိုထပ်မဖြစ်ရအောင် စီမံခန့်ခွဲသူများ အထူး ဂရု စိုက်ပါ။ ဘယ်သူမျှ၊ (ဝန်ကြီးချုပ်များ အပါ အဝင်၊) COVID မပြီးပါဘူး၊ ရောဂါကူးနိုင် ပါတယ်။ အားလုံးစည်းကမ်း လိုက်နာကြပါ။ လက်ရှိ အခက်အခဲ များကို ကျော်လွှားပြီး ကျွန်မတို့ ပြည်ထောင်စု မြန်မာနိုင်ငံ ပြည်သူအပေါင်း နှလုံးစိတ်ဝမ်း အေးချမ်း နိုင်ကြတဲ့ အချိန် အမြန်ဆုံးရောက်ပါစေလို့ နိုင်ငံတော်အတိုင်ပင်ခံက ပြောကြားထားသည်။
<zawgyi>
COVID-19 စောင့်ကြည့်ကာလ (၁၄) ရက်အစား (၂၁ ) ရက်ထိ တိုးရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
Saturday, April 11, 2020
COVID-19 စောင့်ကြည့်ကာလ ၁၄ ရက်ကျော်လွန်မှ ရောဂါလက္ခဏာ ပြသသူများ တွေ့ရသည့်အတွက် မူလက ၁၄ ရက်အစား ၂၁ ရက်ထိ တိုးရမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာမှ တဆင့် ယနေ့ အသိပေး ပြောကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်က “Quarantine ၁၄ ရက်လွန်မှ ရောဂါ လက္ခဏာ ပြသူတွေ တွေ့ရလို့ စိတ်ချရ အောင် quarantine ကို ၂၁ ရက်ထိ တိုးရပါမယ်။ အိမ် quarantine မှာရှိနေသူတွေလည်း မပေါ့ဆ ကြဖို့ သတိပေးလိုက်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန် ညွှန်ကြားချက် တွေကို အသေချာ လေ့လာ လိုက်နာပါ”ဟု ပြောသည်။
ဆက်လက်ပြီး “ထိုင်းဘက်မှ ကျမတို့ ပြည်သူတွေစပြီး အလုံးအရင်းနဲ့ ပြန်လာတာလည်း ၂ ပတ်ကျော် သွားပါပြီ။ အရေအတွက်က ဒီနေ့ထိဆို တစ်သိန်းခွဲကျော်ပါပြီ။ ရောဂါ ကူးစက်ထားသူများ နောက်အပတ်အ တွင်း ပေါ်လာပါမယ်။ ဘယ်လောက် အထိများမယ် ခန့်မှန်းလို့ မရသေးပါဘူး။ ကျွန်မတို့ အစိုးရကတော့ ပြည်သူတယောက်ချင်းကို တန်ဖိုးထားပြီး အကောင်းဆုံး စောင့်ရှောက်သွားဖို့ သန္နိဋ္ဌာန်ချထားပါတယ်” ဟုလည်း ပြောကြားခဲ့သည်။
COVID -19 ပိုးရှိလူနာ Case 001 နှင့် အတူ ပြည်ပမှ ပြန်လာခဲ့သူ အသက် ၅၈ နှစ်အရွယ် မိခင်သည် စောင့်ကြည့်ကာလ ၁၄ ရက် အတွင်း ရောဂါလက္ခဏာ မပြခဲ့ဘဲ သတ်မှတ်ရက်ပြည့်ပြီးနောက် ဆေးစစ်ချက်ယူရာမှ ပိုးရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
ပုံမှန်ဝင်ငွေ မရှိတဲ့ ကျွန်မတို့ အခြေခံလူတန်းစား ပြည်သူတွေ အတွက် ရိက္ခာဖြန့်ဖြူးရေး လုပ်ငန်း မနေ့ကစတင် ဆောင်ရွက် လိုက်ပါတယ်။ ပြည်သူ တွေ၊အစိုးရပိုင်း၊ အုပ်ချုပ်ရေးပိုင်း၊ အားလုံးဝိုင်းဝန်းလုပ်ကိုင် ကြလို့ အားရစရာပါ။ ဒါပေမဲ့ COVID ကာကွယ်ရေး အတွက် ချမှတ် ထားတဲ့ စည်းမျဉ်းတွေ အတိုင်း မ လိုက်နာတဲ့ ဖြစ်ရပ်လေးတွေကြောင့်ဝေဖန်စ ရာ ဖြစ်ရ ပါတယ်။ ဒီလိုထပ်မဖြစ်ရအောင် စီမံခန့်ခွဲသူများ အထူး ဂရု စိုက်ပါ။ ဘယ်သူမျှ၊ (ဝန်ကြီးချုပ်များ အပါ အဝင်၊) COVID မပြီးပါဘူး၊ ရောဂါကူးနိုင် ပါတယ်။ အားလုံးစည်းကမ်း လိုက်နာကြပါ။ လက်ရှိ အခက်အခဲ များကို ကျော်လွှားပြီး ကျွန်မတို့ ပြည်ထောင်စု မြန်မာနိုင်ငံ ပြည်သူအပေါင်း နှလုံးစိတ်ဝမ်း အေးချမ်း နိုင်ကြတဲ့ အချိန် အမြန်ဆုံးရောက်ပါစေလို့ နိုင်ငံတော်အတိုင်ပင်ခံက ပြောကြားထားသည်။






0 comments:
Post a Comment