Saturday, April 11, 2020

မော်ချီး Quarantine စင်တာတွင် လက်ဆေးရည်၊ စောင်၊ ခေါင်းအုံးများမရှိ

Image may contain: 2 people, people standing
မော်ချီးဒေသ Facility Quarantine ထားရှိသည့် နေရာတွင် အသင့်ထားရှိရမည့် လက်ဆေးရေနှင့် စောင်၊ ခေါင်းအုံးများ ထားရှိတာ မတွေ့ရကြောင်း ဖားဆောင်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းထွေးသူက ပြောသည်။
“သိန်းငါးရာထဲက ဒီ COVID 19 အတွက် မော်ချီးဒေသကို ( သိန်း ၁၅၀ ) လှူ ဒါန်းပါတယ် ပြောပြီးမှ အဲဒီ Facility Quarantine ( စောင့်ကြည့်လူနာ တွေထားတဲ့ နေရာ )ကို သွားစစ်လိုက်တဲ့ အချိန်မှာ ဘာမှ အဆင်သင့် မရှိတာတွေ့ရတယ်”လို့ ပြောသည်။

မော်ချီးဒေသ အကြီးစား သတ္တုတူးဖော် ထုတ်လုပ်ရေး ကုမ္ပဏီမှ မတည်၍ မော်ချီး ဒေသ သဘာဝဘေး အန္တရာယ်ကာကွယ်ရေး ရံပုံငွေ သိန်း ၅၀၀ အထဲမှ ငွေကျပ် သိန်း ၁၅၀ကို COVID 19 ရောဂါ တိုက်ဖျက် ရေးအတွက် အသုံးပြုရန် လှူဒါန်းခဲ့ကြောင်း နန်းထွေးသူက ရှင်းပြသည်။

“ဒီငွေတွေကို သူတို့က ကော်မတီဖွဲ့ပြီးမှ ဒီသဘာဝဘေးအတွက် သိန်း ၁၅၀ လှူထားတယ်ဆိုရင် ကော် မတီကနေ လိုအပ်တဲ့ ပံ့ပိုးမှု ပစ္စည်း ကိရိယာတွေ ဖြည့်ပေးရမှာလေ သူတို့မှာ တာဝန်ရှိတယ်”လို့ ဆို သည်။

မော်ချီးဒေသ လိုခါးလိုတိုက်နယ်ဆေးရုံ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု စီမံခန့်ခွဲမှုကော်မတီတွင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ မော်ချီး အုပ်ချုပ်ရေးမှုး၊ရပ်မိရပ်ဖများ၊ ကုမ္ပဏီပိုင်ရှင်များ စုစုပေါင်း ၁၉ ဦးပါသည်ဟု သိရသည်။

အစိုးရအနေနှင့် ကျန်းမာရေး ဌာနမှ တာဝန်ရှိသူများ အပါဝင် Mask ၊ Hand gel တို့ကို ထောက်ပံ့ပေး ထားကြောင်း သိရသည်။ “သိန်း ၁၅၀ သာ ပေးတယ်ပြောတာ သူတို့က ကော်မတီဖွဲ့ပြီးတော့ ကိုင်နေတာ ကိုင်နေတဲ့ အပေါ်မှာ ရိုးသားမှု မရှိဘူး ပွင့်လင်းမြင်သာမှု မရှိဘူး အဲဒီလိုဖြစ်နေတာ”လို့ ဒေါ်နန်းထွေးသူက ပြော သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မော်ချီးကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး ဦးကျော်ကင်းကတော့“ စောင့်ကြည့် လူနာ ၁၀ ယောက်ဆိုရင် တစ်ရက်ကို ခြောက်သောင်းလောက်ရှိတယ် အစိုးရက ဘာမှ မပေးဘူးလေ၊ ငါတို့ အဲဒီ ( သိန်း ၁၅၀ ) ထဲက သုံးထားတာ ဖြစ်တယ်”လို့ ဆိုသည်။
Source - Mizzima
<zawgyi>
မော်ချီး Quarantine စင်တာတွင် လက်ဆေးရည်၊ စောင်၊ ခေါင်းအုံးများမရှိ
Saturday, April 11, 2020

မော်ချီးဒေသ Facility Quarantine ထားရှိသည့် နေရာတွင် အသင့်ထားရှိရ မည့် လက်ဆေးရေနှင့် စောင်၊ ခေါင်းအုံးများ ထားရှိတာ မတွေ့ရကြောင်း ဖားဆောင်း မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ် စားလှယ် ဒေါ်နန်းထွေးသူက ပြောသည်။

“သိန်းငါးရာထဲက ဒီ COVID 19 အတွက် မော်ချီးဒေသကို ( သိန်း ၁၅၀ ) လှူ ဒါန်းပါတယ် ပြောပြီးမှ အဲဒီ Facility Quarantine ( စောင့်ကြည့်လူနာ တွေထားတဲ့ နေရာ )ကို သွားစစ်လိုက်တဲ့ အချိန်မှာ ဘာမှ အဆင်သင့် မရှိတာတွေ့ရတယ်”လို့ ပြောသည်။

မော်ချီးဒေသ အကြီးစား သတ္တုတူးဖော် ထုတ်လုပ်ရေး ကုမ္ပဏီမှ မတည်၍ မော်ချီး ဒေသ သဘာဝဘေး အန္တရာယ်ကာကွယ်ရေး ရံပုံငွေ သိန်း ၅၀၀ အထဲမှ ငွေကျပ် သိန်း ၁၅၀ကို COVID 19 ရောဂါ တိုက်ဖျက် ရေးအတွက် အသုံးပြုရန် လှူဒါန်းခဲ့ကြောင်း နန်းထွေးသူက ရှင်းပြသည်။

“ဒီငွေတွေကို သူတို့က ကော်မတီဖွဲ့ပြီးမှ ဒီသဘာဝဘေးအတွက် သိန်း ၁၅၀ လှူထားတယ်ဆိုရင် ကော် မတီကနေ လိုအပ်တဲ့ ပံ့ပိုးမှု ပစ္စည်း ကိရိယာတွေ ဖြည့်ပေးရမှာလေ သူတို့မှာ တာဝန်ရှိတယ်”လို့ ဆို သည်။

မော်ချီးဒေသ လိုခါးလိုတိုက်နယ်ဆေးရုံ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု စီမံခန့်ခွဲမှုကော်မတီတွင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ မော်ချီး အုပ်ချုပ်ရေးမှုး၊ရပ်မိရပ်ဖများ၊ ကုမ္ပဏီပိုင်ရှင်များ စုစုပေါင်း ၁၉ ဦးပါသည်ဟု သိရသည်။

အစိုးရအနေနှင့် ကျန်းမာရေး ဌာနမှ တာဝန်ရှိသူများ အပါဝင် Mask ၊ Hand gel တို့ကို ထောက်ပံ့ပေး ထားကြောင်း သိရသည်။ “သိန်း ၁၅၀ သာ ပေးတယ်ပြောတာ သူတို့က ကော်မတီဖွဲ့ပြီးတော့ ကိုင်နေတာ ကိုင်နေတဲ့ အပေါ်မှာ ရိုးသားမှု မရှိဘူး ပွင့်လင်းမြင်သာမှု မရှိဘူး အဲဒီလိုဖြစ်နေတာ”လို့ ဒေါ်နန်းထွေးသူက ပြော သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မော်ချီးကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး ဦးကျော်ကင်းကတော့“ စောင့်ကြည့် လူနာ ၁၀ ယောက်ဆိုရင် တစ်ရက်ကို ခြောက်သောင်းလောက်ရှိတယ် အစိုးရက ဘာမှ မပေးဘူးလေ၊ ငါတို့ အဲဒီ ( သိန်း ၁၅၀ ) ထဲက သုံးထားတာ ဖြစ်တယ်”လို့ ဆိုသည်။
Source - Mizzima

0 comments:

Post a Comment