Saturday, April 11, 2020

တောင်ဂုတ်မြို့ရှိ NLD ပါတီဝင်များနှင့် အကြမ်းဖက်မှုများ အလိုမရှိသည့် ပြည်သူများ၏ အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရ

No photo description available.

တောင်ဂုတ်မြို့ရှိ NLD ပါတီဝင်များနှင့် အကြမ်းဖက်မှုများအလိုမရှိသည့် ပြည်သူများ၏ အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် AA လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများအား ဖော်ထုတ်ဖမ်းစီးနေမှုနှင့် ပက်သက်ပြီး AA အမာခံများမှ မသက်ဆိုင်သည့်သူများအား သစ္စာဖောက်အဖြစ်သတ်ရန် ခြိမ်း ခြောက်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။
“ အခုခြိမ်းခြောက်ခံနေရတဲ့သူတွေက AA ကိုဖမ်းတာနဲ့ဘာမှမဆိုင်တဲ့သူတွေ၊ သူစီးပွားရေးသူလုပ်ပြီး ရွာမှာအေးအေးဆေးဆေးနေနေတဲ့သူတွေ၊ အုပ်ချုပ်ရေးမှူးဆိုတာကလည်း ရခိုင်လူမျိုး ဗမာအစိုးရ NLDပါတီကဆိုပြီး အငြိုးထားစွပ်စွဲနေတာ၊ AA အမာခံတွေက ဗမာအသံနဲ့ပြောဆိုရင် တပ်သတင်းပေးဆိုပြီး သတ်မယ်ခြိမ်းခြောက်နေတာတွေရှိတယ်၊ လူမျိုးရေး ပရိပက္ခဖြစ်အောင် မဟုတ်မမှန်တာတွေနဲ့ အင်တာနက်ပေါ်တင်တာတွေရှိတယ်၊ တပ်နဲ့ ရဲကို သတင်းပေးတဲ့သူတွေက သူတို့တွေမဟုတ်ဘူး၊ AA က အတင်းအဓမ္မလူသစ်စုခြင်းခံရတဲ့ မိသားစုတွေက သတင်းပေးနေကြတာ၊ ခုရက်ပိုင်း တောင်ကုတ်က ရွာတွေမှာ ရွာသားယောင်ဆောင်ပြီးနေနေတဲ့ AA အဖွဲ့ကသူတွေအများကြီး မိနေတာတွေနဲ့ပတ်သတ်ပြီး မဆိုင်တဲ့သူတွေကို ပတ်ရမ်းနေတာ” ဟု ကမာကျေးရွာမှ ဦးအောင်သိန်းကပြောသည်။
Facebook စာမျက်နှာတွင်လည်း AA အမာခံအကောင့်တစ်ခုဖြစ်သည့် SoeSoe အကောင့် ပိုင်ရှင်မှ သစ္စာ ဖောက်ဖော်ထုတ်ခြင်းဟုဆိုကာ “ တောင်ကုတ်မြို့နယ်၊ ကမာကျေးရွာမှ ဦးသိန်းထွန်းတင်၊ ဦးခင်မောင်ညွန့် နှင့် မယားဒေါ်တင်တင်မိုး (ဗမာလူမျိုး)၊ ဦးဇော်မင်းသား မောင်းဇော်မင်းဌေး(ရဲသား)၊ ဦးတင်အေးဧ သား ဦးမောင်ဝင်းရွှေ၊ တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာမှ ဆီးဆရာ ဦးဝင်းလိုင် အေသူရို့တိစော် အေအေ နန့်ပတ်သက်တေဆိုဗြီးကေ ဗမာစစ်တပ်ကိုလားတိုင်ရေလို့ ရွာသားတိသတင်းပီးလာပါရေ ဆာပြင်ရွာသား ၆ ယောက်ကို ဖမ်းလားခရေ အဓိက တရားခံ စော် အထက်ပါလူတိဖြစ်ဗြီးကေ ၎င်းရို့နန့် သဖောထားမကိုက်ညီ သူတိကို အေအေနန့်ပတ်သက်တေဆိုဗြီး ဗမာစစ်တပ်ကို သတင်းပီး ပနာ ရွာသားတိကို ဒုက္ခပီးနီပါရေ” ဟု ဆိုကာ Post တစ်ခုရေးတင်ထားပြီး ၎င်း၏Post အောက်တွင် AA အမာခံများမှ သတ်ဖို့ ရခိုင်မဘာသာ စကားများဖြင့် လှုံ့ဆော်ရေးသားထားကြသည်။
ဆက်လက်ပြီး AA အမာခံအကောင့်တစ်ခုဖြစ်သည့် ဦးဇေပိုင် အကောင့်ပိုင်ရှင်မှ “တောင်ကုတ်မြိုနယ် ကျော်ကိုင်းကျေးရွှာ မောင်ဝင်းလိူင် (ခေါ်)ဝင်းလိူင် ကိုယ် ကျော်ကိုင်းအုပ်စု ကျေးရွှာသားများ သတိထာကပ်ပါ၊ စံရဖွေအလုပ်တိကိုလုပ်နီပါယေ ကျေးရွှာသူ ကျေးရွှာသားတိ ဒေလူကိုသတိထား စောင့်ကေကပ်ပါ မျိုးမချစ်သစွာဖောက်အလုပ်တိကိုလုပ်နီယေ” ဟု ဆိုကာ ရေးသားထားပြီး အဆိုပါ Post အောက်တွင် အရှင်မထားဖို့ အမြန်သတ်ပြီးရှင်းဖို့ဆိုကာ Commend များရေးသားထားသည်။
AA အဖွဲ့အနေဖြင့် အရပ်သားများကို ယခုကဲ့သို့ ပစ်မှတ်ထားတိုက်ခိုက်နေသောကြောင့် နိုင်ငံတော် အစိုးရမှ အကြမ်ဖက်အုပ်စုအဖြစ် ကြေငြာထားပြီး နိုင်ငံတကာမှ ၎င်းအဖွဲ့အား မထောက်ပံ့ရန် ထုတ်ပြန်ထားသည်။
Image may contain: 1 person, water
No photo description available.
Image may contain: 1 person, standing and outdoor
Ref ; May Yu News
<zawgyi>

0 comments:

Post a Comment