ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ထိန်းချုပ်ရေးကာလအတွင်း စားဝတ်နေရေးကြပ်တည်းမှုမဖြစ်စေရန် သထုံမြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များအတွက် စစ်မှုထမ်းဟောင်းအဖွဲ့မှ အမယ်(၄) မျိုး ပါ ရိက္ခာများအား ထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံအရပ်ရပ်ရှိ စစ်မှုထမ်းဟောင်းများအတွက် တပ်မတော် စစ်ထောက်ချုပ်ရုံး၏ ညွှန်ကြားမှုဖြင့် အမယ် (၄) မျိုးပါ ရိက္ခာများကို ထောက်ပံ့ပေးလျက်ရှိကြောင်းလည်း သိရှိရပြီး
ရရှိသော နှုန်းထားမှာ အိမ်ထောင်စု စာရင်းထဲ ရှိသူအားလုံး တစ်ဦးခြင်းစီကို ဆန် 8 ပြည် ဆီ 50 သား ကုလားပဲ 4 ဗူး ဆား 50 သားနှုန်း ရရှိကြောင်း စစ်မှုထမ်းဟောင်းတစ်ဦးက ဖော်ပြသည်။
အဆိုပါ စစ်မှုထမ်းဟောင်း ဦးသိန်းသန်းထွန်းက ၎င်းအနေဖြင့် တပ်မတော်၏ စောင့်ရှောက်မှုကို ခံယူရသည် ဟူသည့် ပီတိကိုရလိုသောကြောင့်သာ သွားရောက်ထုတ်ယူခဲ့ခြင်းဖြစ်ပြီး အားလုံးကို မိမိထက်နွမ်းပါးသူများကို ပြန်လှူမည်ဖြစ်ကြောင်း သူ၏ လူမှုကွန်ယက်တွင် ဖော်ပြသည်။

သတင်း - ရဲမိုးဟိန်း
<zawgyi>
Covid-19 ထိန်းချုပ်ရေးအတွက် သထုံမြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များအား တပ်မတော်မှ စားနပ်ရိက္ခာများထောက်ပံ့လှူဒါန်း
Saturday, April 11, 2020
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ထိန်းချုပ်ရေးကာလအတွင်း စားဝတ်နေရေးကြပ်တည်းမှုမဖြစ်စေရန် သထုံမြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များအတွက် စစ်မှုထမ်းဟောင်းအဖွဲ့မှ အမယ်(၄) မျိုး ပါ ရိက္ခာများအား ထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံအရပ်ရပ်ရှိ စစ်မှုထမ်းဟောင်းများအတွက် တပ်မတော် စစ်ထောက်ချုပ်ရုံး၏ ညွှန်ကြားမှုဖြင့် အမယ် (၄) မျိုးပါ ရိက္ခာများကို ထောက်ပံ့ပေးလျက်ရှိကြောင်းလည်း သိရှိရပြီး
ရရှိသော နှုန်းထားမှာ အိမ်ထောင်စု စာရင်းထဲ ရှိသူအားလုံး တစ်ဦးခြင်းစီကို ဆန် 8 ပြည် ဆီ 50 သား ကုလားပဲ 4 ဗူး ဆား 50 သားနှုန်း ရရှိကြောင်း စစ်မှုထမ်းဟောင်းတစ်ဦးက ဖော်ပြသည်။
အဆိုပါ စစ်မှုထမ်းဟောင်း ဦးသိန်းသန်းထွန်းက ၎င်းအနေဖြင့် တပ်မတော်၏ စောင့်ရှောက်မှုကို ခံယူရသည် ဟူသည့် ပီတိကိုရလိုသောကြောင့်သာ သွားရောက်ထုတ်ယူခဲ့ခြင်းဖြစ်ပြီး အားလုံးကို မိမိထက်နွမ်းပါးသူများကို ပြန်လှူမည်ဖြစ်ကြောင်း သူ၏ လူမှုကွန်ယက်တွင် ဖော်ပြသည်။
သတင်း - ရဲမိုးဟိန်း

0 comments:
Post a Comment