Friday, May 1, 2020

လမ်းတွင် AAအကြမ်းဖက်အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်ခြင်းခံရသောဆန်အိတ် ၁၀၀၀ ပလက်ဝသို့ ယနေ့ရောက်မည်

Image may contain: sky and outdoor

ချင်းပြည်နယ်၊ ပလက်၀ဒေသအတွင်း လမ်းပန်းဆက်သွယ် ရေး လမ်းကြောင်းများ ဖြတ်တောက်ပိတ်ဆို့ခဲ့မှုကြောင့် ဒေသတွင်း ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာပြီး ကုန်စည်စီးဆင်းမှု မရှိ၍ ဒေသခံ ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တိုက်ပွဲရှောင်ပြည်သူများမှာ စားရေး အခက်အခဲများကြုံတွေ့နေရသဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် NGO အဖွဲ့အစည်း များက ဆန်၊ စားဆီ၊ ဆား၊ ကုလားပဲ၊ အဝတ်အစား ၊ ဆပ်ပြာ ၊ ဖိနပ် ၊ ခေါက်ဆွဲ ခြောက်ထုတ် များကို ပေးပို့ပေးလျက်ရှိကြောင်း၊ ထိုသို့ပို့ဆောင်ရာလမ်းတွင် AA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း MRTV သတင်းတွင် ဖော်ပြထားသည်။

ဧပြီ ၂၉ ရက် မွန်းလွဲပိုင်းတွင် WFP မှ ပလက်ဝမြို့တိုက်ပွဲရှောင်များအတွက် ထောက်ပံ့ သော ဆန်အိတ် ၁၀၀၀ သယ်ဆောင်၍ ဆမီးမြို့မှ ထွက်ခွာလာသော မော်တော်ယာဉ် ၅ စီးမှာ ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် ဆမီး - ပလက်ဝလမ်းပေါ်ရှိ ဆမီးမြို့မှ မိုင် ၂၀ ခန့်အကွာ ရပ်ဒိန် ကျေးရွာအနီး၌ AA အကြမ်းဖက်အဖွဲ့၏ ပစ် ခတ်တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း၊ ယင်းသို့ ပစ်ခတ် ခံ ရမှုကြောင့် ယာဉ်များတွင် ဘီးပေါက်ခြင်း၊ မှန်ကွဲခြင်း၊ ဆီတိုင်ကီပေါက်ခြင်းများ ဖြစ်ပေါ်ခဲ့၍ ၎င်းနေရာတွင်ပင် ပျက်စီးမှုများကို ပြုပြင်ခဲ့ရကြောင်း၊ ယာဉ်ပေါ်ပါရှိသူများ သေဆုံး / ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း MRTV သတင်းကဆိုသည်။
အဆိုပါကိစ္စနှင့် ပလက်ဝဒေသခံတစ်ဦးက "လမ်းမှာ တိုက်ခိုက်ခံရတယ်လို့သတင်းကြားပါတယ်။ ဒီနေ့တော့ ၂၈၉တပ်ရင်းကိုရောက်မှာပါ။ ဟိုတခါပို့တဲ့ ဆန်အိတ် ၂၀၀၀လည်း ၂၈၉တပ်မှာ လုံခြုံရေးအရ သိုလှောင်ထားပါတယ်။ လိုအပ်သလောက်ကို ထွေအုပ်ကနေတဆင့် စစ်ဘေးရှောင်တွေအတွက် ထုတ်ယူရတာပါ။ ဟိုတခါ အိတ် ၂၀၀၀ရောက်တယ်။ အဲဒီထဲက အိတ် ၅၀၀ကို ၂၈၉တပ်ကနေထုတ်ပြီးပြီ။ ထွေအုပ်ရဲ့ဖြန့်ဝေမှုအစီအစဥ်အတိုင်း အားလုံးက စောင့်နေကြပါတယ်" ဟု ယင်းက ပြောသည်။
AA လက်နက်ကိုင်အဖွဲ့၏ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပျက်စီးသွားသောကားများကို ပြုပြင်ပြီးနောက် မော်တော်ယာဉ် ၅ စီးသည် ယမန်နေ့နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ဆက်လက်ထွက်ခွာလာရာ မွန်းလွဲပိုင်းတွင် ပလက်ဝမြို့နယ် စိမ့်စမ်းဝကျေးရွာသို့ ရောက်ရှိခြင်းဖြစ်သည်။
ပလက်ဝမြို့၊ အရှေ့တောင်ဘက်ကမ်းတစ်ဖက်တွင်ရှိသော၂၈၉တပ်ရင်းမှ ဆန်အိတ်များကိုပြန်သယ်ယူရာ တွင် ကုန်ကျသော သယ်ယူစရိတ်ကိုမူ ပလက်ဝမြို့နယ်တိုက်ပွဲရှောင်နှင့် သဘာဝဘေးကူညီရေးအဖွဲ့မှကောက်ခံရရှိသော အလှူငွေများမှ အသုံးပြုခြင်းဖြစ်၍ ၎င်းတို့ကော်မတီထံ WaveMoney ဖြင့် အလှူငွေများလှူဒါန်းနိုင်ကြောင်းလည်း အဆိုပါကော်မတီတာဝန်ရှိသူတစ်ဦးက ပြောသည်။
Ref ; Khumi Media Group

No comments:

Post a Comment