Friday, May 1, 2020

ရုရှားဝန်ကြီးချုပ်မှာ Covid-19 ရောဂါ ကူးစက်ခံနေရ

Image may contain: 2 people, people sitting and screen

ရုရှား၀န်ကြီးချုပ် Mikhail Mishustin ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ဆေးရုံတက်လိုက်ရပါတယ်။

သူဟာ ရုရှားနိုင်ငံအတွင်း ရောဂါကူးစက်ခံရသူ တစ်နေ့တည်း ၇၀၉၉ ဦးတွေ့ရှိခဲ့ပြီး စုစုပေါင်းအရေအတွက် တစ်သိန်းကျော်ရှိသွားတဲ့နေ့မှာပဲ ဗိုင်းရပ်စ်ကူးစက်ခံနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
Mikhail Mishustin ဟာဇန်နဝါရီလအတွင်းကဘဲ ရုရှား၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုတိုက်ဖျက်ရေး ရုရှားနိုင်ငံရဲ့ အားထုတ်မှုတွေမှာ တက်ကြွစွာပါ၀င်နေသူဖြစ်ပါတယ်။
ရောဂါကူးစက်ခံရတာနဲ့ပတ်သက်ပြီး သမ္မတပူတင်ကို ရုပ်သံကတစ်ဆင့် ရှင်းပြပြောဆိုနေတာကို ရုရှားရုပ်မြင်သံကြားက ထုတ်လွှင့်ပြသခဲ့ပါတယ်။
သူ့ရဲ့ တာ၀န်များကိုထမ်းဆောင်ရန်အတွက် ဒုတိယ၀န်ကြီးချုပ်ကို တာ၀န်ပေးရေးနဲ့ပတ်သက်ပြီး သမ္မတပူတင်က သဘောတူခဲ့ကြောင်း ဖော်ပြထားပြီး လက်ရှိအချိန်မှာတော့ Mikhail Mishustin ဟာ သီးခြားနေထိုင်မှာဖြစ်ပါတယ်။
Mikhail Mishustin ရုရှားနိုင်ငံမှာ ဟာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ပထမဆုံး အဆင့်မြင့်အရာရှိတစ်ဦးဖြစ်ပြီး နိုင်ငံအတွင်းမှာတော့ ကိုဗစ်-၁၉ ရောဂါကြောင့် ၁၀၇၃ ဦးထိရှိလာနေကြောင်း ရုရှားကျန်းမာရေး တာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref :BBC

No comments:

Post a Comment