Sunday, May 3, 2020

နိုင်ငံတော်ပိုင် စက်ရုံ အလုပ်ရုံများအပါအဝင် လုပ်ငန်း ၂၁ခု ပြန်ဖွင့်ရန် ထုတ်ပြန်

Image may contain: 6 people, crowd and outdoor

နိုင်ငံတော်ပိုင် စက်ရုံ အလုပ်ရုံ လုပ်ငန်းများ အပါအဝင် လုပ်ငန်းပေါင်း ၂၁ ခုအား ဆက်လက်ဖွင့်လှစ်သွားရန် အလုပ်သမား ၊ လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက မေ၃ရက်တွင်သတင်းထုတ်ပြန်သည်။

Covid 19 ရောဂါအား ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာတစ်နိုင်ငံလုံးရှိ စက်ရုံ ၊အလုပ်ရုံနှင့် အလုပ်ဌာနများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြီးမှသာ ဖွင့်လှစ်ကြရန် ဖြစ်ကြောင်းသိရသည်။
ဧပြီလ ၂၀ ရက်မှ ၃၀ ရက်ကာလအတွင်း ကျန်းမာရေးဝန်ကြီးဌာန ၊ အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနနှင့် ကျွမ်းကျင်မှုဆိုင်ရာပူးပေါင်းအဖွဲ့များ၏ စစ်ဆေးမှုများကို ခံယူပြီး သတ် မှတ်ချက်နှင့် ကိုက်ညီမှသာ ပြန်လည်ဖွင့်လှစ်ရန်ကို အသိပေးထုတ်ပြန်ထားပြီးဖြစ်သည်။
အဆိုပါ အသိပေးထုတ်ပြန်ကြေညာချက်ပါ စက်ရုံ ၊ အလုပ်ရုံများနှင့် အလုပ်ဌာနများအ နက် COVID-19 ကို ကာကွယ်ထိန်းချုပ်နေသည့်ကာလအတွင်း လုပ်ငန်း ၂၁ ခုကို မရှိမဖြစ် လိုအပ်သည့်လုပ်ငန်း ၊ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများနှင့် အများပြည်သူအတွက် လိုအပ်သောလုပ်ငန်းများ အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။
ယခု ထုတ်ပြန်သည့် လုပ်ငန်းအမျိုးအစားများထဲတွင် နိုင်ငံတော်ပိုင်စက်ရုံ၊ အလုပ်ရုံနှင့်လုပ်ငန်း ၊ ရေပေးဝေရေးလုပ်ငန်း ၊လျှပ် စစ်ဓာတ်အားနှင့် လောင်စာစွမ်းအင်ထုတ်လုပ်ပို့လွှတ်ဖြန့်ဖြူးသည့် လုပ်ငန်း ၊မီးသတ်လုပ် ငန်း ၊ပုဂ္ဂလိကဆေးရုံ ၊ ဆေးခန်းများနှင့် ကျန်းမာရေးဝန် ဆောင်မှုလုပ်ငန်း ၊ ဆက်သွယ်ရေး ၊သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာလုပ်ငန်းတို့ကို မရှိမဖြစ် လိုအပ်သည့်လုပ်ငန်းများအဖြစ် သတ်မှတ်ထား သည်။
အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ အဖြစ် သတ်မှတ်ထားသည့် သယ်ယူပို့ ဆောင်ရေး ၊သို လှောင်ရုံနှင့် ပွဲရုံလုပ်ငန်း ၊ ဆိပ်ကမ်းလုပ်ငန်း ၊ကုန်ပစ္စည်း ပို့ဆောင်ရေးနှင့်ကုန်တင်ကုန်ချလုပ်ငန်း ၊ပို့ကုန် ၊ သွင်းကုန် လုပ်ငန်းများနှင့်ကုန်သွယ်မှုလုပ်ငန်း ၊ စည်ပင်သာယာရေးဆိုင်ရာလုပ်ငန်း ၊ ဘဏ်နှင့် ငွေ ကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ၊ အာမခံ ကုမ္ပဏီနှင့် ကုန်ထုတ်လုပ်မှု မရှိသော ကုမ္ပဏီလုပ်ငန်း၊ အလုပ်အကိုင် ရှာဖွေရေးလုပ်ငန်း ၊ ပြန်ကြားရေး လုပ်ငန်း ၊ မြို့ဝင်ကြေး ၊ လမ်းအသုံးပြုခ ၊ တံတားဖြတ်သန်းခ ကောက်ခံသည့်လုပ်ငန်း၊ ဟိုတယ်၊ မိုတယ်နှင့်တည်းခိုခန်းလုပ်ငန်းတို့ကို ဆက်လက်ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အများပြည်သူအတွက် လိုအပ်သော လုပ်ငန်းများအဖြစ် ပုံနှိပ်ခြင်း နှင့် ထုတ်ဝေခြင်း ဆိုင်ရာလုပ်ငန်း ၊သတ္တုနှင့် သယံဇာတလုပ်ငန်း ၊ ဓာတုဗေဒဆိုင်ရာလုပ်ငန်း ၊ ဆောက်လုပ်ရေး လုပ်ငန်း ၊ ငါး ၊ပုဇွန်မွေး မြူရေး ၊ ဖမ်းဆီးရေးနှင့် အအေးခန်း လုပ်ငန်းတို့ကို သတ်မှတ်ထားသည်။
အဆိုပါ လုပ်ငန်းများအား ဆက်လက်ဖွင့်လှစ်သွားရမည်ဖြစ်ပြီး စက်ရုံ၊အလုပ်ရုံများ ၊ လုပ်ငန်းခွင်များတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ COVID-19 ကာကွယ် ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ထားရမည့် အချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိရမည်ဖြစ်ကြောင်းသိရသည်။
Image may contain: 6 people, crowd and outdoor
Ref ; The Fifth Wave News

0 comments:

Post a Comment