
အမေရိကန်မှာ Covid-19 ကာကွယ်ဆေးကို အခုနှစ်ကုန်ပိုင်းမှာ ရရှိလိမ့်မယ်လို့ ယုံကြည်ကြောင်း သမ္မတ ထရမ့်က ပြောလိုက်ပါတယ်။ မေလ (၃) ရက်က ဝါရှင်တန်ရှိ လင်ကွန်း အမှတ်တရ ခန်းမမှာ Fox News နဲ့ပြု လုပ်တဲ့ အင်တာဗျူးအတွင်း ထရမ့်က အခုလို ပြောလိုက်တာပါ။
Covid-19 ကာကွယ်ဆေးကို ဘယ်သူက အရင်ဆုံး ထုတ်လုပ်နိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ အခြားနိုင်ငံတွေက ပြိုင်ဆိုင်နေကြောင်း ဆွေးနွေးခဲ့ပြီး၊ တစ်ကယ်လို့ အခြား နိုင်ငံတစ်နိုင်ငံက အမေရိကန် သုတေသနပညာရှင်တွေကို အနိုင်ယူပြီး ကာကွယ်ဆေးကို အရင်ထုတ်လုပ်နိုင်ခဲ့မယ်ဆိုရင် သူ့အနေနဲ့ ဝမ်း သာပျော်ရွှင်လိမ့်မယ်လို့ ထရမ့်က ပြောခဲ့ပါတယ်။ ကာကွယ်ဆေးဟာ အမေရိကန်က မဟုတ်ဘဲ အခြားနိုင်ငံက ထုတ်လုပ်နိုင်ခဲ့မယ်ဆိုရင်လည်း အဲဒီနိုင်ငံကို အသိအမှတ်ပြုလေးစားသွားမယ်လို့ ထရမ့်က ဆိုပါတယ်။
ဒီအချိန်အတောအတွင်းမှာပဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက် ပွမ်ပီယိုက ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံရှိ ဓာတ်ခွဲခန်းက စတင်ပျံ့နှံ့လာတဲ့ အထောက်အထား ခိုင်ခိုင်လုံလုံရှိကြောင်း ပြောခဲ့တယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။



Ref ; 5 PLUS NEWS






0 comments:
Post a Comment