
ထိုင်းနိုင်ငံမှာ အသွားအလာကန့်သတ်မှု၊ လူစုလူဝေးကန့်သတ်မှုတွေကို ဖျက်သိမ်းလိုက်သလို စားသောက် ဆိုင်တွေ၊ အလှပြင်ဆိုင်တွေ နဲ့ လဟာပြင်ဈေးတွေပါ ပြန်လည်ဖွင့်ခွင့် ပေးလိုက်ကြောင်း သိရပါတယ်။
ဒါပေမယ့် တစ်ဦးနဲ့တစ်ဦးနီးနီးကပ်ကပ်မရှိစေရေးနဲ့ ကိုယ်အပူချိန်တိုင်းတွေကို ဆက်လက်ပြုလုပ်နေဆဲဖြစ်ပါတယ်။ တစ်လကျော်ပိတ်ထားတဲ့ ဘန်ကောက်မြို့ရှိ ပန်းခြံတွေ မှာ လမ်းလျှောက်သူတွေ၊ စက်ဘီးစီးသူတွေ ၊ လေ့ကျင့်ခန်းလုပ်နေသူတွေနဲ့ ပြည့်နှက်နေတာကိုတွေ့ရပါတယ်။
သီတင်း(၃)ပတ်ကြာပိတ်ထားတဲ့ အရက်သေစာရောင်းခွင့်ကိုလည်း ပြန်လည်ဖွင့်ပေးလိုက်ပါတယ်။ တာဝန်ရှိသူတွေက လူအများအပြားစုဝေးမှုတွေ အလွန်များပြားခဲ့ရင် တားမြစ်ချက်တွေ ပြန်ထုတ်သွားနိုင်ကြောင်း သတိပေးထားပါတယ်။



Ref ; AFP / MDN






0 comments:
Post a Comment